ဂါရတ္ေဘးလ္ကို အသင္းမွာ မရွိေစခ်င္ေတာ့ဘူးဆိုတာ ၀န္ခံလုိက္တဲ့ ဇီဒန္း

ဘိုင္ယန္ျမဴးနစ္ကို ၃-၁ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ ICC ပြဲစဥ္အၿပီးမွာ ရီးရဲလ္နည္းျပဇီဒန္းဟာ အသင္းသားတစ္ဦးျဖစ္တဲ့ ဂါရတ္ေဘးလ္ရဲ႕အနာဂါတ္နဲ႔ပတ္သက္ၿပီး ၀န္ခံေျပာၾကားမႈျပဳလိုက္ပါတယ္။ အဲဒါကေတာ့ ဂါရတ္ေဘးလ္ဟာ အသင္းကထြက္ခြာဖို႔ အရမ္းကိုနီးစပ္ေနၿပီဆိုတာပါပဲ။ သူ႔စကားထဲမွာ အဲဒီေ၀းလ္ေတာင္ပံကစားသမားကို အသင္းမွာ မရွိေစခ်င္ေတာ့တဲ့ ေလသံမ်ိဳးလည္း ေတြ႕ရပါတယ္။ အသက္ ၃၀ အရြယ္ေဘးလ္ဟာ ဘိုင္ယန္ကိုရႈံးနိမ့္ခဲ့တဲဲ့ရီးရဲလ္လူစာရင္းမွာ ပါ၀င္ျခင္း မရွိခဲ့ပါဘူး။

photo-gettyimages

” မၾကာခင္မွာ သူထြက္ခြာမယ္လုိ႔ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။ အဲဒါက အားလုံးအတြက္ အေကာင္းဆုံးျဖစ္မွာပါ။ အသင္းသစ္ကို သူေျပာင္းႏိုင္ဖို႔ ကၽြန္ေတာ္တို႔လုပ္ေဆာင္ေနပါတယ္။ သူနဲ႔ပတ္သက္လုိ႔ ပုဂၢိဳလ္ေရးအရ ကၽြန္ေတာ့္မွာ ဘာမွမရွိပါဘူး။ ဒါေပမဲ့ တစ္ခုခုအတြက္လုပ္ကိုလုပ္ရမယ္ဆုိတဲ့ အခ်ိန္ေတြ ရွိတတ္ပါတယ္”လုိ႔ ဇီဒန္းက ဘိုင္ယန္နဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့တာပါ။

photo-gettyimages

ဇီဒန္းအျပင္ က်န္ရီးရဲလ္အသင္းေဖာ္ေတြအားလုံးနဲ႔လည္း ေဘးလ္အဆင္မေျပေတာ့ဘူးဆုိတဲ့ ေကာလာဟလသတင္းေတြ ထြက္ေပၚေနတာ အေတာ္ၾကာခဲ့ပါၿပီ။ ေဘးလ္ဟာ ၂၀၁၃ မွာ စပါးကေန ရီးရဲလ္ကို အဲဒီတုန္းက ကမာၻ႔စံခ်ိန္တင္ေၾကးျဖစ္တဲ့ ေပါင္ ၈၅ သန္းနဲ႔ ေရာက္လာၿပီးေနာက္ပိုင္း ခ်န္ပီယံလိဂ္ဖလားကို ၄ ႀကိမ္တိုင္ရရွိခဲ့ပါတယ္။ လက္ရွိမွာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ေသးေပမယ့္ အခုေတာ့ မန္ယူ၊စပါး၊ဘုိင္ယန္ျမဴးနစ္တို႔အျပင္ တရုတ္စူပါလိဂ္ကို ေျပာင္းႏိုင္တယ္ဆုိတဲ့သတင္းေတြ ထြက္ေပၚေနပါတယ္။

[Unicode]

ဘိုင်ယန်မြူးနစ်ကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ICC ပွဲစဉ်အပြီးမှာ ရီးရဲလ်နည်းပြဇီဒန်းဟာ အသင်းသားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ရဲ့အနာဂါတ်နဲ့ပတ်သက်ပြီး ဝန်ခံပြောကြားမှုပြုလိုက်ပါတယ်။ အဲဒါကတော့ ဂါရတ်ဘေးလ်ဟာ အသင်းကထွက်ခွာဖို့ အရမ်းကိုနီးစပ်နေပြီဆိုတာပါပဲ။ သူ့စကားထဲမှာ အဲဒီဝေးလ်တောင်ပံကစားသမားကို အသင်းမှာ မရှိစေချင်တော့တဲ့ လေသံမျိုးလည်း တွေ့ရပါတယ်။ အသက် ၃၀ အရွယ်ဘေးလ်ဟာ ဘိုင်ယန်ကိုရှုံးနိမ့်ခဲ့တဲ့ရီးရဲလ်လူစာရင်းမှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

” မကြာခင်မှာ သူထွက်ခွာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒါက အားလုံးအတွက် အကောင်းဆုံးဖြစ်မှာပါ။ အသင်းသစ်ကို သူပြောင်းနိုင်ဖို့ ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ သူနဲ့ပတ်သက်လို့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်မှာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ တစ်ခုခုအတွက်လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အချိန်တွေ ရှိတတ်ပါတယ်”လို့ ဇီဒန်းက ဘိုင်ယန်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ဇီဒန်းအပြင် ကျန်ရီးရဲလ်အသင်းဖော်တွေအားလုံးနဲ့လည်း ဘေးလ်အဆင်မပြေတော့ဘူးဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတာ အတော်ကြာခဲ့ပါပြီ။ ဘေးလ်ဟာ ၂၀၁၃ မှာ စပါးကနေ ရီးရဲလ်ကို အဲဒီတုန်းက ကမ္ဘာ့စံချိန်တင်ကြေးဖြစ်တဲ့ ပေါင် ၈၅ သန်းနဲ့ ရောက်လာပြီးနောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်တိုင်ရရှိခဲ့ပါတယ်။ လက်ရှိမှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်သေးပေမယ့် အခုတော့ မန်ယူ၊စပါး၊ဘိုင်ယန်မြူးနစ်တို့အပြင် တရုတ်စူပါလိဂ်ကို ပြောင်းနိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။