ဂရစ္ဇ္မန္းနဲ႔ ဘာစီလုိနာ႐ႈေမွ်ာ္ခင္းသစ္

Photo Credit ; Getty Images / Goal

Photo Credit

ယခုေႏြရာသီအေစာပိုင္းမွာ မီဒီယာေတြက ဘာစီလုိနာအသင္းအေနနဲ႔ ေနမာကိုပဲ ေခၚယူသင့္လား ဒါမွမဟုတ္ ဂရစ္ဇ္မန္းကို ေခၚယူသင့္လားလုိ႔ ဘာစီလုိနာဂႏၳ၀င္ကစားသမား ရီဗယ္လ္ဒိုကို ေမးျမန္းခဲ့ပါတယ္။ အဲဒီအခါမွာ ဘရာဇီးသား ရီဗယ္လ္ဒိုက ”ဂရစ္ဇ္မန္းက ႀကီးက်ယ္တဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္ သူ႕ကို ေခၚယူရင္ ပိုၿပီးစြန္႔စားမႈဆန္သြားႏိုင္ပါတယ္။ သူဟာ ဘာစီလုိနာမွာ တစ္ခါမွမကစားဖူးသလုိ မက္ဆီ၊ ဆြာရက္ဇ္တုိ႔နဲ႔လည္း တစ္ခါမွတြဲမကစားဖူးပါဘူး။ သူ႕အေနနဲ႔ အက္သလက္တီကိုအသင္းမွာလုိသာ ေျခစြမ္းျပႏိုင္ရင္ ဘာစီလုိနာအတြက္ ႀကီးက်ယ္တဲ့ထပ္ေပါင္းအားျဖည့္မႈျဖစ္လာမွာ ေသခ်ာပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ ဂရစ္ဇ္မန္းထက္စာရင္ ေနမာကုိပဲ ျပန္ေခၚေစခ်င္ပါတယ္။ ေနမာက ဘာစီလုိနာအသင္းအေၾကာင္း သိထားၿပီးျဖစ္သလုိ မက္ဆီ၊ ဆြာရက္ဇ္တုိ႔နဲ႔လည္း ပုံမွန္ခ်က္တင္ေျပာေနၾကလည္းျဖစ္ဖို႔ မ်ားပါတယ္”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

Photo Credit

ေနမာနဲ႔ဂရစ္ဇ္မန္းတုိ႔ႏွစ္ဦးစလုံးကို ေခၚယူႏိုင္ဖို႔ဆုိတာက ဘာစီလုိနာအတြက္ အခြင့္အေရးနည္းေနတာအမွန္ပါပဲ။ အခုေတာ့ ဂရစ္ဇ္မန္းကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္သလုိ ဘာစီလုိနာကလည္း မွန္ကန္တဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းလာရင္ ေရာင္းခ်မယ္လုိ႔ ပီအက္စ္ဂ်ီအသင္းက အတည္ျပဳထားတဲ့ ေနမာကို ျပန္လည္ေခၚယူဖို႔ ႀကိဳးစားလာပါတယ္။ အသက္ ၂၇ႏွစ္အရြယ္ရွိ ေနမာကုိယ္တုိင္ကလည္း ၂၀၁၇ ခုႏွစ္က ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂သန္းနဲ႔ ပီအက္စ္ဂ်ီအသင္းထံ ေရာက္ရွိသြားခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ အသင္းေဟာင္းကို ျပန္ခ်င္ေနပါတယ္။ ဘာစီလုိနာနဲ႔နီးစပ္တဲ့အသုိင္းအ၀န္းက ေနမာအေနနဲ႔ ဘာစီလုိနာကို ျပန္လာႏိုင္ေရးအတြက္ လုပ္ခလစာေလွ်ာ့ယူမွာျဖစ္သလုိ လြန္ခဲ့တဲ့ ၂ႏွစ္က အသင္းေျပာင္းေရႊ႕ခဲ့မႈအတြက္ ျပန္လည္ေတာင္းပန္မွာျဖစ္ၿပီး အေရးႀကီးဆုံးကေတာ့ မေပးေခ်ရေသးတဲ့အပိုဆုေၾကးေငြျပႆနာနဲ႔ပတ္သက္လုိ႔ ဘာစီလုိနာအသင္းကို ေနမာ တရားစြဲဆိုထားမႈကိုလည္း ျပန္လည္ေက်ေအးေပးမယ္လုိ႔ သိရပါတယ္။ ဒါကို ၾကည့္ျခင္းအားျဖင့္ ေနမာတစ္ေယာက္ ဘာစီလုိနာကို ဘယ္ေလာက္ျပန္လာခ်င္ေနလဲဆုိတာ သိႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာ ေသခ်ာတာကေတာ့ ေနရာစုံကစားႏိုင္စြမ္းရွိတဲ့ ဂရစ္ဇ္မန္းေရာက္လာတာက ဘာစီလုိနာတုိက္စစ္ ပိုမိုထက္ျမက္လာလိမ့္မယ္ဆုိတဲ့အခ်က္ပါပဲ။

Photo Credit ; Getty Images

ပရိသတ္တခ်ိဳ႕နဲ႔ အသင္းဒါ႐ိုက္တာတခ်ိဳ႕ကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ဘာစီလုိနာကို ေျပာင္းေရႊ႕ဖို႔ ေသခ်ာသေလာက္ျဖစ္ေနၿပီးမွ ျငင္းဆန္ခဲ့တဲ့ ဂရစ္ဇ္မန္းရဲ႕ဆုံးျဖတ္ခ်က္ကို စိတ္ထဲကေန ထုတ္ပစ္ဖို႔ ခဲယဥ္းႏိုင္ေသးတာမွန္ေပမယ့္ တုိက္စစ္ေနရာစုံမွာ အေကာင္းဆုံးေျခစြမ္းျပႏိုင္ၿပီး အျမင့္ဆုံးအဆင့္မွာကစားႏိုင္စြမ္းရွိသူအျဖစ္ သတ္မွတ္ခဲ့တဲ့ ဘာစီလုိနာအသင္းေခါင္းေဆာင္ေဟာင္း ဇာဗီရဲ႕မွတ္ခ်က္ကို သူတုိ႔ေတြ လက္သင့္ခံမွာလည္းေသခ်ာပါတယ္။ ဒီေနရာမွာ ေမးစရာရွိလာတာက သူ ဘယ္ေနရာမွာ ကစားမလဲဆုိတာပါပဲ။ အျဖစ္ႏိုင္ဆုံးကေတာ့ တုိက္စစ္ ၃ေယာက္တန္းမွာ ဘယ္ေတာင္ပံကစားသမားအျဖစ္ ဂရစ္ဇ္မန္းကို ျမင္ေတြ႕ႏုိင္တာပါပဲ။ ၄-၃-၃ ကစားကြက္က နည္းျပဗယ္လ္ဗာဒီရဲ႕စိတ္ႀကိဳက္ကစားကြက္ျဖစ္ၿပီး ဆြာရက္ဇ္က အသက္ ၃၂ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ အေထာင္တုိက္စစ္မွဴးအျဖစ္ ဆက္လက္ကစားခြင့္ရႏိုင္သလို မက္ဆီကလည္း ညာေတာင္ပံတုိက္စစ္မွာ ကစားရတာကို ပိုသေဘာက်သူျဖစ္ပါတယ္။ ျပင္သစ္လက္ေရြးစင္ ဂရစ္ဇ္မန္းဟာ အက္သလက္တီကိုအသင္းမွာေတာ့ အဲဒီေနရာမွာ မကစားဖူးဘဲ မ်ားေသာအားျဖင့္ အေထာင္တုိက္စစ္မွဴး(ေကာ္စတာ သုိ႔ မုိရာတာ)ရဲ႕အေနာက္ကေန ေနာက္ခ်န္တုိက္စစ္မွဴးအျဖစ္ ကစားခဲ့ပါတယ္။

Photo Credit ; Goal

ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲမွာ အိမ္ရွင္ျပင္သစ္အသင္း ေျခစြမ္းပိုင္းတုိးတက္သြားတာကလည္း ဂရစ္ဇ္မန္း ေက်ာနံပါတ္ ၁၀ေနရာမွာ ေျပာင္းလဲကစားလုိက္လုိ႔ျဖစ္ပါတယ္။ ေနာက္ၿပီး သူဟာ လက္ေရြးစင္ကစားသမားဘ၀အေစာပိုင္းမွာ အခုလိုဘယ္ေတာင္ပံတုိက္စစ္မွာ ကစားခဲ့သလုိ သူက ဘယ္သန္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ဂရစ္ဇ္မန္းကလည္း မက္ဆီလုိပဲ ညာေတာင္ပံမွာကစားရတာကို ပိုမိုအားသန္သူျဖစ္ၿပီး ညာေတာင္ပံကေန အတြင္းထဲဆြဲေျပးကာ သူအားသန္တဲ့ဘယ္ေျခနဲ႔ ကန္သြင္းေလ့ရွိပါတယ္။ ဒါက မက္ဆီ ကစားေနတဲ့ပုံစံမ်ိဳးပါ။ ဂရစ္ဇ္မန္းကိုယ္တုိင္ကလည္း သူ႕အေနနဲ႔ မက္ဆီရဲ႕လက္ေထာက္အျဖစ္ အသုံးေတာ္ခံရမွာက ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ဘာစီလုိနာကို ျငင္းဆန္ခဲ့ရျခင္းရဲ႕အဓိကအခ်က္တစ္ခ်က္ျဖစ္တယ္လုိ႔ ၀န္ခံထားရာ အခုခ်ိန္မွာေတာ့ သူ႕အေနနဲ႔ ဘာစီလိုနာအသင္းေခါင္းေဆာင္ရဲ႕ေနာက္လုိက္အျဖစ္ ကစားဖို႔ အသင့္ရွိေနေလာက္ၿပီလုိ႔ ဘာစီလုိနာပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။ တကယ္လုိ႔ မက္ဆီသာ ညာေတာင္ပံတုိက္စစ္မွာ ဆက္လက္ကစားခ်င္တယ္ဆုိရင္ ဂရစ္ဇ္မန္းလည္း ဆန္႔က်င္ဘက္ေတာင္ပံမွာ ကစားရဖို႔ မ်ားပါတယ္။ ယခုေႏြရာသီအတြင္း ေနမာေရာက္မလာခဲ့ရင္ေပါ့။

Photo Credit ; Goal

တကယ္လု႔ိ ေနမာသာ ေရာက္လာခဲ့ရင္ ဗယ္လ္ဗာဒီလည္း ဖီဖာဗီဒီယိုဂိမ္းထဲကလို အေကာင္းဆုံးတုိက္စစ္အတြဲအဖက္ကို အသုံးျပဳခြင့္ရရွိမွာျဖစ္ၿပီး အေထာင္တုိက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ေနာက္မွာ ေနမာ၊ မက္ဆီနဲ႔ ဂရစ္ဇ္မန္းတို႔က ေနာက္ခ်န္ကစားသမားေတြအျဖစ္ လုိက္ပါရံကစားတဲ့နည္းဗ်ဴဟာျဖစ္ပါတယ္။ ဒီလုိလူစာရင္းမ်ိဳးရလာဖို႔က အေ၀းႀကီးေတာ့ လိုပါေသးတယ္။ ေနမာကို ေခၚယူမယ္ဆုိရင္ေတာင္ အသင္းမွာရွိၿပီးသား ေကာ္တင္ဟိုနဲ႔ ဒမ္ဘီလီတို႔ကို မေရာင္းခ်ႏုိင္ေသးရင္ေတာ့ ဘာစီလုိနာလည္း ယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးဆုိင္ရာမွ်ေျခစည္းမ်ဥ္းကို ခ်ိဳးေဖာက္ဖို႔ မ်ားသြားပါလိမ့္မယ္။ သူတုိ႔ႏွစ္ေယာက္အနက္ ေကာ္တင္ဟုိက အသင္းေျပာင္းေရႊ႕ဖို႔ ျဖစ္ႏုိင္ေျခပိုမ်ားေနၿပီး ယမန္ႏွစ္ရာသီက ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရသလို ဂရစ္ဇ္မန္းလည္း ေရာက္လာၿပီျဖစ္လုိ႔ သူ႕ေနရာက ေပ်ာက္သြားႏုိင္ပါတယ္။ ဒမ္ဘီလီက အနည္းဆုံးေတာ့ ဂရစ္ဇ္မန္း၊ မက္ဆီနဲ႔ ဆြာရက္ဇ္တုိ႔ဆီမွာ မရွိတဲ့ ေျပးအားပိုင္ဆိုင္ထားပါတယ္။ တကယ္လုိ႔ ကစားသမားေရာင္းခ်မႈကေန ၀င္ေငြျပန္မ်ားလာၿပီး ဒမ္ဘီလီကိုလည္း ဆက္ထိန္းထားႏိုင္မယ္ဆုိရင္ ဗယ္လ္ဗာဒီလည္း ကစားသမားေတြကို ေျပာင္းလဲသုံးလုိ႔ ရလာႏိုင္ပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ ေနမာကို ျပန္လည္ေခၚယူဖုိ႔ ႀကိဳးစားရာမွာ ဒမ္ဘီလီကိုပါ အလုိက္ေပးကမ္းလွမ္းဖြယ္ရွိတယ္လုိ႔သိရပါတယ္။

Photo Credit ; Goal

ဒါေပမဲ့ ဒမ္ဘီလီသာ အသင္းမွာဆက္ရွိရင္ သူ႕ကို ဘယ္ေတာင္ပံမွာ သုံးလုိ႔ရႏိုင္ၿပီး ဂရစ္ဇ္မန္းကိုေတာ့ အေထာင္တုိက္စစ္ေနရာ ပို႔လုိက္လုိ႔ရပါတယ္။ ဒီကစားကြက္မွာေတာ့ ဆြာရက္ဇ္အတြက္ ေနရာေပ်ာက္သြားႏိုင္ၿပီး ဆြာရက္ဇ္ကလည္း ေနာက္ပိုင္းမွာ အက်ဘက္ေရာက္လာပါတယ္။ လက္ရွိအခ်ိန္မွာ ဗယ္လ္ဗာဒီရဲ႕အႀကီးမားဆံုးစိန္ေခၚမႈက ဂရစ္ဇ္မန္း၊ ဆြာရက္ဇ္နဲ႔မက္ဆီတို႔ကို အေကာင္းဆံုးပံုစံျဖစ္လာေအာင္ ဘယ္နည္းဗ်ဴဟာခ်မွတ္ရမလဲဆိုတဲ့အခ်က္ျဖစ္ၿပီး ဂရစ္ဇ္မန္းက ဘာစီလိုနာအတြက္ တကယ့္ကို ေကာင္းမြန္တဲ့ျဖည့္ဆည္းမႈ ျဖစ္လာမွာေသခ်ာပါတယ္။

Photo Credit ; Getty Images

Unicode

ဂရစ်ဇ်မန်းနဲ့ ဘာစီလိုနာရှုမျှော်ခင်းသစ်

ယခုနွေရာသီအစောပိုင်းမှာ မီဒီယာတွေက ဘာစီလိုနာအသင်းအနေနဲ့ နေမာကိုပဲ ခေါ်ယူသင့်လား ဒါမှမဟုတ် ဂရစ်ဇ်မန်းကို ခေါ်ယူသင့်လားလို့ ဘာစီလိုနာဂန္ထဝင်ကစားသမား ရီဗယ်လ်ဒိုကို မေးမြန်းခဲ့ပါတယ်။ အဲဒီအခါမှာ ဘရာဇီးသား ရီဗယ်လ်ဒိုက ”ဂရစ်ဇ်မန်းက ကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် သူ့ကို ခေါ်ယူရင် ပိုပြီးစွန့်စားမှုဆန်သွားနိုင်ပါတယ်။ သူဟာ ဘာစီလိုနာမှာ တစ်ခါမှမကစားဖူးသလို မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့လည်း တစ်ခါမှတွဲမကစားဖူးပါဘူး။ သူ့အနေနဲ့ အက်သလက်တီကိုအသင်းမှာလိုသာ ခြေစွမ်းပြနိုင်ရင် ဘာစီလိုနာအတွက် ကြီးကျယ်တဲ့ထပ်ပေါင်းအားဖြည့်မှုဖြစ်လာမှာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဂရစ်ဇ်မန်းထက်စာရင် နေမာကိုပဲ ပြန်ခေါ်စေချင်ပါတယ်။ နေမာက ဘာစီလိုနာအသင်းအကြောင်း သိထားပြီးဖြစ်သလို မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့လည်း ပုံမှန်ချက်တင်ပြောနေကြလည်းဖြစ်ဖို့ များပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
နေမာနဲ့ဂရစ်ဇ်မန်းတို့နှစ်ဦးစလုံးကို ခေါ်ယူနိုင်ဖို့ဆိုတာက ဘာစီလိုနာအတွက် အခွင့်အရေးနည်းနေတာအမှန်ပါပဲ။ အခုတော့ ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို ဘာစီလိုနာကလည်း မှန်ကန်တဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် ရောင်းချမယ်လို့ ပီအက်စ်ဂျီအသင်းက အတည်ပြုထားတဲ့ နေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ အသက် ၂၇နှစ်အရွယ်ရှိ နေမာကိုယ်တိုင်ကလည်း ၂၀၁၇ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိသွားခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းဟောင်းကို ပြန်ချင်နေပါတယ်။ ဘာစီလိုနာနဲ့နီးစပ်တဲ့အသိုင်းအဝန်းက နေမာအနေနဲ့ ဘာစီလိုနာကို ပြန်လာနိုင်ရေးအတွက် လုပ်ခလစာလျှော့ယူမှာဖြစ်သလို လွန်ခဲ့တဲ့ ၂နှစ်က အသင်းပြောင်းရွှေ့ခဲ့မှုအတွက် ပြန်လည်တောင်းပန်မှာဖြစ်ပြီး အရေးကြီးဆုံးကတော့ မပေးချေရသေးတဲ့အပိုဆုကြေးငွေပြဿနာနဲ့ပတ်သက်လို့ ဘာစီလိုနာအသင်းကို နေမာ တရားစွဲဆိုထားမှုကိုလည်း ပြန်လည်ကျေအေးပေးမယ်လို့ သိရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နေမာတစ်ယောက် ဘာစီလိုနာကို ဘယ်လောက်ပြန်လာချင်နေလဲဆိုတာ သိနိုင်ပါတယ်။ လက်ရှိအချိန်မှာ သေချာတာကတော့ နေရာစုံကစားနိုင်စွမ်းရှိတဲ့ ဂရစ်ဇ်မန်းရောက်လာတာက ဘာစီလိုနာတိုက်စစ် ပိုမိုထက်မြက်လာလိမ့်မယ်ဆိုတဲ့အချက်ပါပဲ။
ပရိသတ်တချို့နဲ့ အသင်းဒါရိုက်တာတချို့ကတော့ ပြီးခဲ့တဲ့နွေရာသီအတွင်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သေချာသလောက်ဖြစ်နေပြီးမှ ငြင်းဆန်ခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ဆုံးဖြတ်ချက်ကို စိတ်ထဲကနေ ထုတ်ပစ်ဖို့ ခဲယဉ်းနိုင်သေးတာမှန်ပေမယ့် တိုက်စစ်နေရာစုံမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး အမြင့်ဆုံးအဆင့်မှာကစားနိုင်စွမ်းရှိသူအဖြစ် သတ်မှတ်ခဲ့တဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ဇာဗီရဲ့မှတ်ချက်ကို သူတို့တွေ လက်သင့်ခံမှာလည်းသေချာပါတယ်။ ဒီနေရာမှာ မေးစရာရှိလာတာက သူ ဘယ်နေရာမှာ ကစားမလဲဆိုတာပါပဲ။ အဖြစ်နိုင်ဆုံးကတော့ တိုက်စစ် ၃ယောက်တန်းမှာ ဘယ်တောင်ပံကစားသမားအဖြစ် ဂရစ်ဇ်မန်းကို မြင်တွေ့နိုင်တာပါပဲ။ ၄-၃-၃ ကစားကွက်က နည်းပြဗယ်လ်ဗာဒီရဲ့စိတ်ကြိုက်ကစားကွက်ဖြစ်ပြီး ဆွာရက်ဇ်က အသက် ၃၂နှစ်ရှိနေပြီဖြစ်ပေမယ့် အထောင်တိုက်စစ်မှူးအဖြစ် ဆက်လက်ကစားခွင့်ရနိုင်သလို မက်ဆီကလည်း ညာတောင်ပံတိုက်စစ်မှာ ကစားရတာကို ပိုသဘောကျသူဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းမှာတော့ အဲဒီနေရာမှာ မကစားဖူးဘဲ များသောအားဖြင့် အထောင်တိုက်စစ်မှူး(ကော်စတာ သို့ မိုရာတာ)ရဲ့အနောက်ကနေ နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားခဲ့ပါတယ်။
ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အိမ်ရှင်ပြင်သစ်အသင်း ခြေစွမ်းပိုင်းတိုးတက်သွားတာကလည်း ဂရစ်ဇ်မန်း ကျောနံပါတ် ၁၀နေရာမှာ ပြောင်းလဲကစားလိုက်လို့ဖြစ်ပါတယ်။ နောက်ပြီး သူဟာ လက်ရွေးစင်ကစားသမားဘဝအစောပိုင်းမှာ အခုလိုဘယ်တောင်ပံတိုက်စစ်မှာ ကစားခဲ့သလို သူက ဘယ်သန်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဂရစ်ဇ်မန်းကလည်း မက်ဆီလိုပဲ ညာတောင်ပံမှာကစားရတာကို ပိုမိုအားသန်သူဖြစ်ပြီး ညာတောင်ပံကနေ အတွင်းထဲဆွဲပြေးကာ သူအားသန်တဲ့ဘယ်ခြေနဲ့ ကန်သွင်းလေ့ရှိပါတယ်။ ဒါက မက်ဆီ ကစားနေတဲ့ပုံစံမျိုးပါ။ ဂရစ်ဇ်မန်းကိုယ်တိုင်ကလည်း သူ့အနေနဲ့ မက်ဆီရဲ့လက်ထောက်အဖြစ် အသုံးတော်ခံရမှာက ပြီးခဲ့တဲ့နွေရာသီအတွင်း ဘာစီလိုနာကို ငြင်းဆန်ခဲ့ရခြင်းရဲ့အဓိကအချက်တစ်ချက်ဖြစ်တယ်လို့ ဝန်ခံထားရာ အခုချိန်မှာတော့ သူ့အနေနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်ရဲ့နောက်လိုက်အဖြစ် ကစားဖို့ အသင့်ရှိနေလောက်ပြီလို့ ဘာစီလိုနာပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ တကယ်လို့ မက်ဆီသာ ညာတောင်ပံတိုက်စစ်မှာ ဆက်လက်ကစားချင်တယ်ဆိုရင် ဂရစ်ဇ်မန်းလည်း ဆန့်ကျင်ဘက်တောင်ပံမှာ ကစားရဖို့ များပါတယ်။ ယခုနွေရာသီအတွင်း နေမာရောက်မလာခဲ့ရင်ပေါ့။
တကယ်လု့ိ နေမာသာ ရောက်လာခဲ့ရင် ဗယ်လ်ဗာဒီလည်း ဖီဖာဗီဒီယိုဂိမ်းထဲကလို အကောင်းဆုံးတိုက်စစ်အတွဲအဖက်ကို အသုံးပြုခွင့်ရရှိမှာဖြစ်ပြီး အထောင်တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နောက်မှာ နေမာ၊ မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့က နောက်ချန်ကစားသမားတွေအဖြစ် လိုက်ပါရံကစားတဲ့နည်းဗျူဟာဖြစ်ပါတယ်။ ဒီလိုလူစာရင်းမျိုးရလာဖို့က အဝေးကြီးတော့ လိုပါသေးတယ်။ နေမာကို ခေါ်ယူမယ်ဆိုရင်တောင် အသင်းမှာရှိပြီးသား ကော်တင်ဟိုနဲ့ ဒမ်ဘီလီတို့ကို မရောင်းချနိုင်သေးရင်တော့ ဘာစီလိုနာလည်း ယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးဆိုင်ရာမျှခြေစည်းမျဉ်းကို ချိုးဖောက်ဖို့ များသွားပါလိမ့်မယ်။ သူတို့နှစ်ယောက်အနက် ကော်တင်ဟိုက အသင်းပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေပိုများနေပြီး ယမန်နှစ်ရာသီက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရသလို ဂရစ်ဇ်မန်းလည်း ရောက်လာပြီဖြစ်လို့ သူ့နေရာက ပျောက်သွားနိုင်ပါတယ်။ ဒမ်ဘီလီက အနည်းဆုံးတော့ ဂရစ်ဇ်မန်း၊ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဆီမှာ မရှိတဲ့ ပြေးအားပိုင်ဆိုင်ထားပါတယ်။ တကယ်လို့ ကစားသမားရောင်းချမှုကနေ ဝင်ငွေပြန်များလာပြီး ဒမ်ဘီလီကိုလည်း ဆက်ထိန်းထားနိုင်မယ်ဆိုရင် ဗယ်လ်ဗာဒီလည်း ကစားသမားတွေကို ပြောင်းလဲသုံးလို့ ရလာနိုင်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ နေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားရာမှာ ဒမ်ဘီလီကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိတယ်လို့သိရပါတယ်။
ဒါပေမဲ့ ဒမ်ဘီလီသာ အသင်းမှာဆက်ရှိရင် သူ့ကို ဘယ်တောင်ပံမှာ သုံးလို့ရနိုင်ပြီး ဂရစ်ဇ်မန်းကိုတော့ အထောင်တိုက်စစ်နေရာ ပို့လိုက်လို့ရပါတယ်။ ဒီကစားကွက်မှာတော့ ဆွာရက်ဇ်အတွက် နေရာပျောက်သွားနိုင်ပြီး ဆွာရက်ဇ်ကလည်း နောက်ပိုင်းမှာ အကျဘက်ရောက်လာပါတယ်။ လက်ရှိအချိန်မှာ ဗယ်လ်ဗာဒီရဲ့အကြီးမားဆုံးစိန်ခေါ်မှုက ဂရစ်ဇ်မန်း၊ ဆွာရက်ဇ်နဲ့မက်ဆီတို့ကို အကောင်းဆုံးပုံစံဖြစ်လာအောင် ဘယ်နည်းဗျူဟာချမှတ်ရမလဲဆိုတဲ့အချက်ဖြစ်ပြီး ဂရစ်ဇ်မန်းက ဘာစီလိုနာအတွက် တကယ့်ကို ကောင်းမွန်တဲ့ဖြည့်ဆည်းမှု ဖြစ်လာမှာသေချာပါတယ်။