ခ်န္ပီယံလိဂ္၀င္ခြင့္အပိုဆုေၾကးရမယ္မထင္လုိ႔ မက္ဂြိဳင္းယားအတြက္ ယူႏုိက္တက္ထံမွ ခ်က္ခ်င္းရမယ့္ေငြသားပမာဏ လက္စတာ ပိုရလုိ

LEICESTER, ENGLAND - OCTOBER 06: Harry Maguire of Leicester in action during the Premier League match between Leicester City and Everton FC at The King Power Stadium on October 6, 2018 in Leicester, United Kingdom. (Photo by Michael Regan/Getty Images)

Photo Credit ; Getty Images / Goal

Photo Credit ; PA

ယူႏုိက္တက္အသင္းအေနနဲ႔ ေနာက္ခံလူမက္ဂြိဳင္းယားအတြက္ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕မႈမွာ ခ်က္ခ်င္းေပးရမယ့္ေငြသားပမာဏ ပိုမိုျမင့္မားစြာေပးရဖြယ္ရွိေနၿပီး အဓိကအားျဖင့္ လက္စတာအသင္းက ယူႏုိက္တက္အသင္းထံကေန ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ရရွိမယ့္အပိုဆုေၾကး အေကာင္အထည္ေပၚလာမယ္လုိ႔ မထင္တာေၾကာင့္ျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ ၿပီးခဲ့တ့ဲစေနေန႔က စတုတ္စီးတီးနဲ႔ေျခစမ္းပဲြမွာ လက္စတာကစားသမားဘ၀ ႏႈတ္ဆက္ပြဲျဖစ္လာႏုိင္မႈအျဖစ္ ပါ၀င္ကစားခဲ့ၿပီး ယူႏုိက္တက္ကို ေပါင္သန္း ၈၀နဲ႔ ေျပာင္းေရႊ႕ေရးအတြက္ ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ေနပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ အသက္ ၂၆ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားအတြက္ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂သန္းနဲ႔ ကမ္းလွမ္းထားၿပီး ဆုဖလားရရွိမႈနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိမႈအေပၚ မူတည္ကာ အပိုဆုေၾကးအျဖစ္ ေနာက္ထပ္ေပါင္ ၈သန္းေပးေခ်ဖုိ႔ ကမ္းလွမ္းထားပါတယ္။ ဒါေပမဲ့ ယူႏုိက္တက္အသင္းဟာ ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ေခတ္လြန္ ၆ရာသီအတြင္း ခ်န္ပီယံလိဂ္၀င္ခြင့္ ၃ရာသီအထိဆုံး႐ံႈးထားရာ လက္စတာအသင္းက ယူႏုိက္တက္ဆီကေန ခ်က္ခ်င္းရမယ့္ေငြသား ပုိမုိအလုိရွိေနတာျဖစ္ပါတယ္။ ဒါေပမဲ့ အသင္း ၂သင္းၾကား ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ေနၿပီး ဒီတစ္ပတ္အတြင္း သေဘာတူညီမႈရဖြယ္ရွိေနပါတယ္။

Photo Credit ; Getty Images / AFP

လက္စတာအသင္းပိုင္ရွင္ ဆရီဗာဟန္နာပရာဘာက မက္ဂြိဳင္းယားကို လက္လႊတ္ရမယ္ဆိုရင္ေတာင္ ေနာက္ခံလူတစ္ဦးအတြက္ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရမွ သေဘာတူညီဖြယ္ရွိေနၿပီး လက္ရွိအခ်ိန္မွာ လီဗာပူးကို ေဆာက္သမ္တန္ကေန ေပါင္ ၇၅သန္းနဲ႔ ေရာက္လာတ့ဲ ဗန္ဒိုက္က စံခ်ိန္တင္ထားကာ လီဗာပူးက ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၇၀ ေပးခဲ့ရတာပါ။ ယူႏုိက္တက္ဘက္က အဓိကေဆြးေႏြးညႇိဳႏိႈင္းသူျဖစ္တဲ့ ၀ုဒ္၀က္ဒ္ကေတာ့ မက္ဂြိဳင္းယားကို ေခၚယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနၿပီး ကစားသမားကိုယ္တုိင္ကလည္း ယူႏုိက္တက္နဲ႔လက္စတာအသင္းတုိ႔ၾကား သေဘာတူညီမႈရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit ; Getty Images

၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ အဂၤလန္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ကစားသမားျဖစ္လာတဲ့ မက္ဂြိဳင္းယားကလည္း ရာသီသစ္အတြက္ ႀကံ့ခုိင္မႈအျပည့္ရရွိေနေစေအာင္ လက္စတာအသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပါ၀င္ကစားဖို႔ အသင့္ရွိေနပါတယ္။ သူက လက္စတာနည္းျပ ေရာ့ဂ်ာထံ ယူႏုိက္တက္ကို ေျပာင္းေရႊ႕လုိေၾကာင္း သီးသန္႔အသိေပးထားေပမယ့္ အေျပာင္းအေရႊ႕အတြက္ အသင္းေျပာင္းေရႊ႕ခြင့္ေတာ့ ေတာင္းဆုိမွာမဟုတ္ေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images / AFP

Unicode

ချန်ပီယံလိဂ်ဝင်ခွင့်အပိုဆုကြေးရမယ်မထင်လို့ မက်ဂွိုင်းယားအတွက် ယူနိုက်တက်ထံမှ ချက်ချင်းရမယ့်ငွေသားပမာဏ လက်စတာ ပိုရလို

ယူနိုက်တက်အသင်းအနေနဲ့ နောက်ခံလူမက်ဂွိုင်းယားအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့မှုမှာ ချက်ချင်းပေးရမယ့်ငွေသားပမာဏ ပိုမိုမြင့်မားစွာပေးရဖွယ်ရှိနေပြီး အဓိကအားဖြင့် လက်စတာအသင်းက ယူနိုက်တက်အသင်းထံကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရရှိမယ့်အပိုဆုကြေး အကောင်အထည်ပေါ်လာမယ်လို့ မထင်တာကြောင့်ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့စနေနေ့က စတုတ်စီးတီးနဲ့ခြေစမ်းပွဲမှာ လက်စတာကစားသမားဘ၀ နှုတ်ဆက်ပွဲဖြစ်လာနိုင်မှုအဖြစ် ပါဝင်ကစားခဲ့ပြီး ယူနိုက်တက်ကို ပေါင်သန်း ၈၀နဲ့ ပြောင်းရွှေ့ရေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
ယူနိုက်တက်ဟာ အသက် ၂၆နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၂သန်းနဲ့ ကမ်းလှမ်းထားပြီး ဆုဖလားရရှိမှုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုအပေါ် မူတည်ကာ အပိုဆုကြေးအဖြစ် နောက်ထပ်ပေါင် ၈သန်းပေးချေဖို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ခေတ်လွန် ၆ရာသီအတွင်း ချန်ပီယံလိဂ်ဝင်ခွင့် ၃ရာသီအထိဆုံးရှုံးထားရာ လက်စတာအသင်းက ယူနိုက်တက်ဆီကနေ ချက်ချင်းရမယ့်ငွေသား ပိုမိုအလိုရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အသင်း ၂သင်းကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပြီး ဒီတစ်ပတ်အတွင်း သဘောတူညီမှုရဖွယ်ရှိနေပါတယ်။
လက်စတာအသင်းပိုင်ရှင် ဆရီဗာဟန်နာပရာဘာက မက်ဂွိုင်းယားကို လက်လွှတ်ရမယ်ဆိုရင်တောင် နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရမှ သဘောတူညီဖွယ်ရှိနေပြီး လက်ရှိအချိန်မှာ လီဗာပူးကို ဆောက်သမ်တန်ကနေ ပေါင် ၇၅သန်းနဲ့ ရောက်လာတဲ့ ဗန်ဒိုက်က စံချိန်တင်ထားကာ လီဗာပူးက ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ပေးခဲ့ရတာပါ။ ယူနိုက်တက်ဘက်က အဓိကဆွေးနွေးညှိုနှိုင်းသူဖြစ်တဲ့ ဝုဒ်ဝက်ဒ်ကတော့ မက်ဂွိုင်းယားကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့လက်စတာအသင်းတို့ကြား သဘောတူညီမှုရရှိဖို့ မျှော်လင့်နေပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် အင်္ဂလန်ပရိသတ်တွေရဲ့အချစ်တော်ကစားသမားဖြစ်လာတဲ့ မက်ဂွိုင်းယားကလည်း ရာသီသစ်အတွက် ကြံ့ခိုင်မှုအပြည့်ရရှိနေစေအောင် လက်စတာအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားဖို့ အသင့်ရှိနေပါတယ်။ သူက လက်စတာနည်းပြ ရော့ဂျာထံ ယူနိုက်တက်ကို ပြောင်းရွှေ့လိုကြောင်း သီးသန့်အသိပေးထားပေမယ့် အပြောင်းအရွှေ့အတွက် အသင်းပြောင်းရွှေ့ခွင့်တော့ တောင်းဆိုမှာမဟုတ်ကြောင်း သိရပါတယ်။