ခ်န္ပီယံလိဂ္ဖလားသာရခဲ့ရင္ စပါးကို စြန္႔ခြာျဖစ္ခဲ့လိမ့္မယ္လုိ႔ ပိုခ်က္တီႏို ၀န္ခံ

Photo Credit ; Getty Images

Photo Credit ; Getty Images

စပါးအသင္းနည္းျပ ပိုခ်က္တီႏိုက ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ့ရင္ မိမိလည္း အသင္းကို စြန္႔ခြာျဖစ္ခဲ့လိမ့္မယ္လုိ႔ ၀န္ခံလုိက္ပါတယ္။ အာဂ်င္တီးနားႏိုင္ငံသား ပုိခ်က္တီႏိုဟာ စပါးနည္းျပဘ၀ ၅ႏွစ္တာကာလအတြင္း ေအာင္ျမင္မႈေတြရယူႏုိင္ခဲ့ၿပီး အသင္းကို ပရီးမီးယားလိဂ္နဲ႔ခ်န္ပီယံလိဂ္မွာ အဆင့္တစ္ခုရရွိေစဖို႔ ဦးေဆာင္ႏိုင္ခဲ့ကာ စပါးနည္းျပဘ၀ အျမင့္ဆုံးအျဖစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလည္း တက္ေရာက္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ဗိုလ္လုပြဲမွာ ျပည္တြင္းၿပိဳင္ဘက္ လီဗာပူးကို ၂-၀ဂိုးနဲ႔အေရးနိမ့္ခဲ့ရတာက ပိုခ်က္တီႏိုကုိ ယခုေႏြရာသီအတြင္း စပါးအသင္းကေန ထြက္ခြာႏိုင္မႈကို တားဆီးလုိက္သလုိျဖစ္သြားပါတယ္။ ”ဗိုလ္လုပြဲရလဒ္သာ ကြဲျပားျခားနားခဲ့ရင္ အသင္းကေန ထြက္ခြာျဖစ္ဖို႔ မ်ားသြားမွာပါ။ အဲဒီလုိဆိုရင္ အသင္းကို နည္းျပသစ္ေတြနဲ႔ ခ်န္ထားရစ္ခဲ့ျဖစ္မွာပါ။ ဒါေပမဲ့ ဗိုလ္လုပြဲအၿပီးမွာေတာ့ ကၽြန္ေတာ့္စိတ္ထဲမွာ ႀကီးက်ယ္တဲ့အဆုံးသတ္လုိ႔ မခံစားခဲ့ရပါဘူး။ ကၽြန္ေတာ္က ျပႆနာေတြ ခက္ခဲတဲ့အေျခအေနေတြကို ေရွာင္လဲႊလုိတဲ့လူစားမ်ိဳးမဟုတ္ပါဘူး”

Photo Credit ; Getty Images

”ကၽြန္ေတာ့္အေနနဲ႔ ခက္ခဲၾကမ္းတမ္းတဲ့စိန္ေခၚမႈေတြကို ခ်စ္ျမတ္ႏိုးၿပီး အခုလည္း ၿပီးခဲ့တဲ့ႏွစ္ကလုိေအာင္ျမင္မႈရယူဖုိ႔ စိတ္ဓာတ္ပိုင္းကို ျပန္လည္တည္ေဆာက္ရမွာျဖစ္ပါတယ္။ ဒါကလည္း ကၽြန္ေတာ့္ကို စိတ္လႈပ္ရွားေစၿပီး တြန္းအားျဖစ္ေစပါတယ္”လို႔ ပိုခ်က္တီႏိုက ေျပာပါတယ္။

Photo Credit ; Sky Sports

တကယ္လုိ႔ စပါးသာ ခ်န္ပီယံလိဂ္မွာ ခ်န္ပီယံျဖစ္ခဲ့ရင္ လက္ရွိအေနအထားနဲ႔ ကြဲျပားျခားနားမႈရွိႏိုင္လားဆိုတဲ့ေမးခြန္းကို ပိုခ်က္တီႏိုက ”သိပ္ေသခ်ာတာေပါ့ဗ်ာ”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ စပါးအသင္းဟာ ယခုေႏြရာသီအတြင္း ဂ်က္ကလပ္ခ္ကို လိဒ္ယူႏုိက္တက္၊ လီယြန္ကြင္းလယ္လူ အန္ဒမ္ဘီလီကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေခၚယူထားေပမယ့္ အဓိကကြင္းလယ္လူ အဲရစ္ဆင္ကို ဆုံး႐ံႈးရဖြယ္ရွိေနပါတယ္။

Photo Credit ; Getty Images

Unicode

ချန်ပီယံလိဂ်ဖလားသာရခဲ့ရင် စပါးကို စွန့်ခွာဖြစ်ခဲ့လိမ့်မယ်လို့ ပိုချက်တီနို ဝန်ခံ

စပါးအသင်းနည်းပြ ပိုချက်တီနိုက ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ရင် မိမိလည်း အသင်းကို စွန့်ခွာဖြစ်ခဲ့လိမ့်မယ်လို့ ဝန်ခံလိုက်ပါတယ်။ အာဂျင်တီးနားနိုင်ငံသား ပိုချက်တီနိုဟာ စပါးနည်းပြဘ၀ ၅နှစ်တာကာလအတွင်း အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်မှာ အဆင့်တစ်ခုရရှိစေဖို့ ဦးဆောင်နိုင်ခဲ့ကာ စပါးနည်းပြဘ၀ အမြင့်ဆုံးအဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း တက်ရောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဗိုလ်လုပွဲမှာ ပြည်တွင်းပြိုင်ဘက် လီဗာပူးကို ၂-ဝဂိုးနဲ့အရေးနိမ့်ခဲ့ရတာက ပိုချက်တီနိုကို ယခုနွေရာသီအတွင်း စပါးအသင်းကနေ ထွက်ခွာနိုင်မှုကို တားဆီးလိုက်သလိုဖြစ်သွားပါတယ်။ ”ဗိုလ်လုပွဲရလဒ်သာ ကွဲပြားခြားနားခဲ့ရင် အသင်းကနေ ထွက်ခွာဖြစ်ဖို့ များသွားမှာပါ။ အဲဒီလိုဆိုရင် အသင်းကို နည်းပြသစ်တွေနဲ့ ချန်ထားရစ်ခဲ့ဖြစ်မှာပါ။ ဒါပေမဲ့ ဗိုလ်လုပွဲအပြီးမှာတော့ ကျွန်တော့်စိတ်ထဲမှာ ကြီးကျယ်တဲ့အဆုံးသတ်လို့ မခံစားခဲ့ရပါဘူး။ ကျွန်တော်က ပြဿနာတွေ ခက်ခဲတဲ့အခြေအနေတွေကို ရှောင်လွဲှလိုတဲ့လူစားမျိုးမဟုတ်ပါဘူး”
”ကျွန်တော့်အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့စိန်ခေါ်မှုတွေကို ချစ်မြတ်နိုးပြီး အခုလည်း ပြီးခဲ့တဲ့နှစ်ကလိုအောင်မြင်မှုရယူဖို့ စိတ်ဓာတ်ပိုင်းကို ပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော့်ကို စိတ်လှုပ်ရှားစေပြီး တွန်းအားဖြစ်စေပါတယ်”လို့ ပိုချက်တီနိုက ပြောပါတယ်။
တကယ်လို့ စပါးသာ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ရင် လက်ရှိအနေအထားနဲ့ ကွဲပြားခြားနားမှုရှိနိုင်လားဆိုတဲ့မေးခွန်းကို ပိုချက်တီနိုက ”သိပ်သေချာတာပေါ့ဗျာ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ စပါးအသင်းဟာ ယခုနွေရာသီအတွင်း ဂျက်ကလပ်ခ်ကို လိဒ်ယူနိုက်တက်၊ လီယွန်ကွင်းလယ်လူ အန်ဒမ်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားပေမယ့် အဓိကကွင်းလယ်လူ အဲရစ်ဆင်ကို ဆုံးရှုံးရဖွယ်ရှိနေပါတယ်။