ခ်န္ပီယံဆုစိန္ေခၚႏုိင္ဖို႔ အေတြ႕အႀကံဳပိုမိုလုိအပ္တယ္လုိ႔ ္မာတစ္ တုိက္တြန္း

Photo Credit ; Getty Images

Photo Credit ; Getty Images

လက္ရွိယူႏုိက္တက္အသင္းသားေတြအနက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖူးတဲ့ေနာက္ဆုံးကစားသမားျဖစ္တဲ့ ကြင္းလယ္လူနီမန္ဂ်ာမာတစ္က မိမိတုိ႔အသင္းအေနနဲ႔ အမွတ္ေပးခ်န္ပီယံဆုကို အျပင္းအထန္စိန္ေခၚႏိုင္ေရးအတြက္ အေတြ႕အႀကံဳရင့္က်က္တဲ့ကစားသမားေတြ ပိုမိုလုိအပ္တယ္လုိ႔ တုိက္တြန္းလုိက္ပါတယ္။ အသက္ ၃၀အရြယ္ရွိ မာတစ္ဟာ ပါ့သ္ဂလုိရီ၊ လိဒ္ယူႏုိက္တက္၊ အင္တာမီလန္၊ စပါးတုိ႔နဲ႔ကစားခဲ့တဲ့ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပြဲတုိင္းပါ၀င္ကစားခြင့္ရရွိခဲ့ၿပီးေနာက္ အၿမဲတမ္းအသင္းေခါင္းေဆာင္ျဖစ္ဖို႔ ေရပန္းစားေနပါတယ္။

Photo Credit ; Getty Images

”အရည္အေသြးနဲ႔အေတြ႕အႀကံဳက ကုိယ့္ဆီ အမွတ္ေပးခ်န္ပီယံဆုဖလားယူေဆာင္ေပးလာႏိုင္စြမ္းရွိပါတယ္။ အခုကၽြန္ေတာ္တုိ႔အသင္းမွာ အရည္အေသြးရွိေပမယ့္ အေတြ႕အႀကံဳေတာ့မရွိပါဘူး။ ကၽြန္ေတာ္တုိ႔အသင္းဟာ ထိပ္တန္းကစားသမား ၅ေယာက္၊ ၆ေယာက္ေလာက္ရွိေပမယ့္ သူတုိ႔က ငယ္ပါေသးတယ္။ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔လုိေပါ့။ ကြင္းထဲေရာက္ရင္ သူတုိ႔ရဲ႕အရည္အေသြးကို ထုတ္ျပႏိုင္စြမ္းရွိေပမယ့္ အသင္းကို ဦးေဆာင္ႏိုင္ဖို႔ကေတာ့ အရမ္းငယ္ပါေသးတယ္။ ေမဆင္ဂရင္း၀ုဒ္ကလည္း ႀကီးက်ယ္တဲ့အလားအလာေတြပိုင္ဆုိင္ထားပါတယ္။ ယူႏိုက္တက္က စီမံကိန္းရွိၿပီး အနာဂတ္မွာ ဘာျဖစ္ခ်င္လဲဆုိတာ ကၽြန္ေတာ္သိပါတယ္”

Photo Credit ; Getty Images

”ဒါေပမဲ့ သူတုိ႔ကို အခ်ိန္ေပးဖို႔ေတာ့ လိုအပ္ပါတယ္။ ဘာျဖစ္လုိ႔ဆုိေတာ့ အသက္ ၁၇ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္က အသက္ ၂၆၊ ၂၇အရြယ္ ကစားသမားတစ္ေယာက္လို မကစားႏုိင္လုိ႔ပါ။ ေဘာလုံးပဲြမွာ ရလဒ္က အေရးႀကီးတာမွန္ေပမယ့္ ပရိသတ္ေတြဘက္ကလည္း ကေလးေတြ တိုးတက္လာေအာင္လုိ႔ စိတ္ရွည္ေပးပါ။ အနာဂတ္မွာ ဒီကစားသမားေလးေတြက ကၽြန္ေတာ္တုိ႔အသင္းရွိသင့္တဲ့ေနရာကို ျပန္လည္ေခၚေဆာင္ေပးႏိုင္မယ္လုိ႔ ကၽြန္ေတာ္ ေသခ်ာေပါက္ေျပာရဲပါတယ္”‘လုိ႔ အသင္းေဟာင္းခ်ဲလ္ဆီးနဲ႔အတူ ၂၀၁၅နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ မာတစ္က ေျပာပါတယ္။

Photo Credit ; Getty Images

မာတစ္ကစားခဲ့တဲ့ခ်ဲလ္ဆီးအသင္းမွာလည္း အေတြ႕အႀကံဳရင့္ကစားသမားေတြပါ၀င္ခဲ့ပါတယ္။ ၂၀၁၅ မွာ တယ္ရီနဲ႔ အုိင္ဗန္ႏုိဗစ္တုိ႔က နည္းျပေမာ္ရင္ညိဳရဲ႕လက္ေအာက္ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းမွာ ပြဲတုိင္းပါ၀င္ခဲ့သလို ဒေရာ့ဘာနဲ႔ ပီတာခ်က္တုိ႔လို အသင္းရဲ႕ဂႏၳ၀င္ကစားသမားေတြလည္း ရွိခဲ့ပါတယ္။ ”အဲဒီအခ်ိန္မွာ ကၽြန္ေတာ္က ငယ္ရြယ္တဲ့ကစားသမားတစ္ဦးေပါ့”လုိ႔ မာတစ္က ေျပာပါတယ္။ ေနာက္ ၂ႏွစ္အၾကာမွာလည္း နည္းျပသစ္ကြန္တီက ၀ါရင့္ကစားသမားေတြျဖစ္တဲ့ ကာေဟးလ္၊ လူး၀စ္ဇ္နဲ႔ ပက္ဒ႐ိုတုိ႔ကိုအားကုိးခဲ့ရၿပီး မာတစ္က ”ဟာဇက္လုိအရည္အေသြးအျပည့္ရွိတဲ့ကစားသမားေတြရွိခဲ့ေပမယ့္ အေတြ႕အႀကံဳရင့္ကစားသမားေတြကိုလည္း လုိအပ္ခဲ့ပါတယ္”လုိ႔ ေျပာပါတယ္။

Photo Credit ; PA

Unicode

ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ အတွေ့အကြုံပိုမိုလိုအပ်တယ်လို့ ်မာတစ် တိုက်တွန်း

လက်ရှိယူနိုက်တက်အသင်းသားတွေအနက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖူးတဲ့နောက်ဆုံးကစားသမားဖြစ်တဲ့ ကွင်းလယ်လူနီမန်ဂျာမာတစ်က မိမိတို့အသင်းအနေနဲ့ အမှတ်ပေးချန်ပီယံဆုကို အပြင်းအထန်စိန်ခေါ်နိုင်ရေးအတွက် အတွေ့အကြုံရင့်ကျက်တဲ့ကစားသမားတွေ ပိုမိုလိုအပ်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ အသက် ၃၀အရွယ်ရှိ မာတစ်ဟာ ပါ့သ်ဂလိုရီ၊ လိဒ်ယူနိုက်တက်၊ အင်တာမီလန်၊ စပါးတို့နဲ့ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပွဲတိုင်းပါဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် အမြဲတမ်းအသင်းခေါင်းဆောင်ဖြစ်ဖို့ ရေပန်းစားနေပါတယ်။
”အရည်အသွေးနဲ့အတွေ့အကြုံက ကိုယ့်ဆီ အမှတ်ပေးချန်ပီယံဆုဖလားယူဆောင်ပေးလာနိုင်စွမ်းရှိပါတယ်။ အခုကျွန်တော်တို့အသင်းမှာ အရည်အသွေးရှိပေမယ့် အတွေ့အကြုံတော့မရှိပါဘူး။ ကျွန်တော်တို့အသင်းဟာ ထိပ်တန်းကစားသမား ၅ယောက်၊ ၆ယောက်လောက်ရှိပေမယ့် သူတို့က ငယ်ပါသေးတယ်။ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့လိုပေါ့။ ကွင်းထဲရောက်ရင် သူတို့ရဲ့အရည်အသွေးကို ထုတ်ပြနိုင်စွမ်းရှိပေမယ့် အသင်းကို ဦးဆောင်နိုင်ဖို့ကတော့ အရမ်းငယ်ပါသေးတယ်။ မေဆင်ဂရင်းဝုဒ်ကလည်း ကြီးကျယ်တဲ့အလားအလာတွေပိုင်ဆိုင်ထားပါတယ်။ ယူနိုက်တက်က စီမံကိန်းရှိပြီး အနာဂတ်မှာ ဘာဖြစ်ချင်လဲဆိုတာ ကျွန်တော်သိပါတယ်”
”ဒါပေမဲ့ သူတို့ကို အချိန်ပေးဖို့တော့ လိုအပ်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ အသက် ၁၇နှစ်အရွယ်ကောင်လေးတစ်ယောက်က အသက် ၂၆၊ ၂၇အရွယ် ကစားသမားတစ်ယောက်လို မကစားနိုင်လို့ပါ။ ဘောလုံးပွဲမှာ ရလဒ်က အရေးကြီးတာမှန်ပေမယ့် ပရိသတ်တွေဘက်ကလည်း ကလေးတွေ တိုးတက်လာအောင်လို့ စိတ်ရှည်ပေးပါ။ အနာဂတ်မှာ ဒီကစားသမားလေးတွေက ကျွန်တော်တို့အသင်းရှိသင့်တဲ့နေရာကို ပြန်လည်ခေါ်ဆောင်ပေးနိုင်မယ်လို့ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်”‘လို့ အသင်းဟောင်းချဲလ်ဆီးနဲ့အတူ ၂၀၁၅နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မာတစ်က ပြောပါတယ်။
မာတစ်ကစားခဲ့တဲ့ချဲလ်ဆီးအသင်းမှာလည်း အတွေ့အကြုံရင့်ကစားသမားတွေပါဝင်ခဲ့ပါတယ်။ ၂၀၁၅ မှာ တယ်ရီနဲ့ အိုင်ဗန်နိုဗစ်တို့က နည်းပြမော်ရင်ညိုရဲ့လက်အောက် အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့အသင်းမှာ ပွဲတိုင်းပါဝင်ခဲ့သလို ဒရော့ဘာနဲ့ ပီတာချက်တို့လို အသင်းရဲ့ဂန္ထဝင်ကစားသမားတွေလည်း ရှိခဲ့ပါတယ်။ ”အဲဒီအချိန်မှာ ကျွန်တော်က ငယ်ရွယ်တဲ့ကစားသမားတစ်ဦးပေါ့”လို့ မာတစ်က ပြောပါတယ်။ နောက် ၂နှစ်အကြာမှာလည်း နည်းပြသစ်ကွန်တီက ဝါရင့်ကစားသမားတွေဖြစ်တဲ့ ကာဟေးလ်၊ လူးဝစ်ဇ်နဲ့ ပက်ဒရိုတို့ကိုအားကိုးခဲ့ရပြီး မာတစ်က ”ဟာဇက်လိုအရည်အသွေးအပြည့်ရှိတဲ့ကစားသမားတွေရှိခဲ့ပေမယ့် အတွေ့အကြုံရင့်ကစားသမားတွေကိုလည်း လိုအပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။