ခံစစ္ပိုင္းအမွားေတြေၾကာင့္ အမ္းမရိတ္စ္ဖလားကို လက္လႊတ္လုိက္ရတဲ့ အာဆင္နယ္

Photo Credit ; TGSPhoto/REX

Photo Credit

အာဆင္နယ္အသင္းဟာ ရာသီႀကိဳဖိတ္ေခၚဖလားၿပိဳင္ပြဲျဖစ္တဲ့ အမ္းမရိတ္စ္ဖလားၿပိဳင္ပဲြမွာေတာ့ လီယြန္ကို ၁-၂ ဂိုးနဲ႔အေရးနိမ့္သြားခဲ့ရၿပီး အမ္းမရိတ္စ္ဖလားမွာ ရလဒ္ေကာင္းေလ့ရွိတဲ့အစဥ္အလာလည္း က်ိဳးပ်က္သြားပါတယ္။ အရင္တုန္းကေတာ့ အာဆင္နယ္က အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့အမ္းမရိတ္စ္ဖလားၿပိဳင္ပြဲဟာ ပရိသတ္ေတြ စိတ္၀င္စားခဲ့တဲ့ၿပိဳင္ပြဲတစ္ခုျဖစ္ခဲ့ၿပီး ၂၀၁၂ မွာ လန္ဒန္အိုလံပစ္ၿပိဳင္ပြဲ၊ ၂၀၁၆ မွာ အမ္းမရိတ္စ္ကြင္းျပန္လည္ျပဳျပင္ေရးလုပ္ငန္း၊ ၂၀၁၈ မွာ ကြင္းတည္ေဆာက္ေရးလုပ္ငန္းေတြေၾကာင့္ မက်င္းပျဖစ္ခဲ့တာက ပရိသတ္ေတြကို ေသြးေအးေစခဲ့ပါတယ္။

Photo Credit ; PA

ဒီႏွစ္မွာ ျပန္လည္က်င္းပခဲ့ေပမယ့္ အရင္ကလို ၿပိဳင္ပြဲ၀င္အသင္းက ၄သင္းမဟုတ္ေတာ့ဘဲ လိုင္ယြန္တစ္သင္းတည္းကိုသာ ဖိတ္ေခၚကာ အာဆင္နယ္နဲ႔ကစားခဲ့ရတာျဖစ္ၿပီး အမ်ိဳးသမီးပြဲစဥ္အျဖစ္ အိမ္ရွင္အာဆင္နယ္နဲ႔ ဘုိင္ယန္ျမဴးနစ္တုိ႔လည္း ကစားခဲ့ပါတယ္။ ဒီႏွစ္ၿပိဳင္ပြဲမွာေတာ့ သမုိင္းတစ္ေလွ်ာက္ အမ္းမရိတ္စ္ဖလား ၅ႀကိမ္အထိ ဗိုလ္စြဲထားတဲ့ အာဆင္နယ္ဟာ ခံစစ္ပိုင္းအမွားေတြေၾကာင့္ ဦးေဆာင္ဂိုးကို မထိန္းႏိုင္ဘဲ ဂိုးေတြဆက္တုိက္ေပးခဲ့ရလုိ႔ ခ်န္ပီယံဆုဖလားနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ပြဲစကတည္းက အာဆင္နယ္အသင္း ဖိအားေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၁မိနစ္မွာ ဂိုးဧရိယာထဲကေန မစ္ခီတာယန္ လွလွပပေျမမက်အျပင္းကန္သြင္းခဲ့ေပမယ့္ လီယြန္ဂိုးသမား ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Reuters

ပြဲခ်ိန္ ၃၆မိနစ္မွာေတာ့ အာဆင္နယ္အသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ညာေတာင္ပံကေန မစ္ခီတာယန္ ျဖတ္ပို႔ေပးလုိက္တာကို တုိက္စစ္မွဴး အူဘာမီယန္းက ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာေတာ့ တုိက္စစ္ဖြင့္ကစားလာတဲ့ လီယြန္ေၾကာင့္ အာဆင္နယ္ခံစစ္ အမွားမွားအယြင္းယြင္းျဖစ္လာၿပီး ပြဲခ်ိန္ ၆၆မိနစ္မွာ ဒီေပး အသာခုတ္တင္ေပးလုိက္တာကို ပင္နယ္တီဧရိယာထဲမွာ လြတ္လြတ္ကၽြတ္ကၽြတ္ျဖစ္ေနတဲ့ တုိက္စစ္မွဴးဒမ္ဘီလီက ေခါင္းတုိက္သြင္းယူႏုိင္ခ့ဲလို႔ လီယြန္အသင္း ေခ်ပဂိုးရရွိခဲ့ပါတယ္။

Photo Credit ; Reuters

ပြဲခ်ိန္ ၇၅မိနစ္မွာလည္း လီယြန္အသင္း အႏိုင္ဂိုးရရွိသြားခဲ့ၿပီး အာဆင္နယ္ခံစစ္ လူကၽြံေဘာဖမ္းကစားတာ မေသသပ္မႈကေန ဒမ္ဘီလီကပဲ တစ္ေယာက္တည္း ဆြဲေျပးကာ ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ အသာအယာကန္သြင္းခဲ့တာပါ။

Photo Credit

Unicode

ခံစစ်ပိုင်းအမှားတွေကြောင့် အမ်းမရိတ်စ်ဖလားကို လက်လွှတ်လိုက်ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ရာသီကြိုဖိတ်ခေါ်ဖလားပြိုင်ပွဲဖြစ်တဲ့ အမ်းမရိတ်စ်ဖလားပြိုင်ပွဲမှာတော့ လီယွန်ကို ၁-၂ ဂိုးနဲ့အရေးနိမ့်သွားခဲ့ရပြီး အမ်းမရိတ်စ်ဖလားမှာ ရလဒ်ကောင်းလေ့ရှိတဲ့အစဉ်အလာလည်း ကျိုးပျက်သွားပါတယ်။ အရင်တုန်းကတော့ အာဆင်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အမ်းမရိတ်စ်ဖလားပြိုင်ပွဲဟာ ပရိသတ်တွေ စိတ်ဝင်စားခဲ့တဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၂ မှာ လန်ဒန်အိုလံပစ်ပြိုင်ပွဲ၊ ၂၀၁၆ မှာ အမ်းမရိတ်စ်ကွင်းပြန်လည်ပြုပြင်ရေးလုပ်ငန်း၊ ၂၀၁၈ မှာ ကွင်းတည်ဆောက်ရေးလုပ်ငန်းတွေကြောင့် မကျင်းပဖြစ်ခဲ့တာက ပရိသတ်တွေကို သွေးအေးစေခဲ့ပါတယ်။
ဒီနှစ်မှာ ပြန်လည်ကျင်းပခဲ့ပေမယ့် အရင်ကလို ပြိုင်ပွဲဝင်အသင်းက ၄သင်းမဟုတ်တော့ဘဲ လိုင်ယွန်တစ်သင်းတည်းကိုသာ ဖိတ်ခေါ်ကာ အာဆင်နယ်နဲ့ကစားခဲ့ရတာဖြစ်ပြီး အမျိုးသမီးပွဲစဉ်အဖြစ် အိမ်ရှင်အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့လည်း ကစားခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာတော့ သမိုင်းတစ်လျှောက် အမ်းမရိတ်စ်ဖလား ၅ကြိမ်အထိ ဗိုလ်စွဲထားတဲ့ အာဆင်နယ်ဟာ ခံစစ်ပိုင်းအမှားတွေကြောင့် ဦးဆောင်ဂိုးကို မထိန်းနိုင်ဘဲ ဂိုးတွေဆက်တိုက်ပေးခဲ့ရလို့ ချန်ပီယံဆုဖလားနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပွဲစကတည်းက အာဆင်နယ်အသင်း ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၂၁မိနစ်မှာ ဂိုးဧရိယာထဲကနေ မစ်ခီတာယန် လှလှပပမြေမကျအပြင်းကန်သွင်းခဲ့ပေမယ့် လီယွန်ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၃၆မိနစ်မှာတော့ အာဆင်နယ်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ညာတောင်ပံကနေ မစ်ခီတာယန် ဖြတ်ပို့ပေးလိုက်တာကို တိုက်စစ်မှူး အူဘာမီယန်းက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ တိုက်စစ်ဖွင့်ကစားလာတဲ့ လီယွန်ကြောင့် အာဆင်နယ်ခံစစ် အမှားမှားအယွင်းယွင်းဖြစ်လာပြီး ပွဲချိန် ၆၆မိနစ်မှာ ဒီပေး အသာခုတ်တင်ပေးလိုက်တာကို ပင်နယ်တီဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ တိုက်စစ်မှူးဒမ်ဘီလီက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ လီယွန်အသင်း ချေပဂိုးရရှိခဲ့ပါတယ်။
ပွဲချိန် ၇၅မိနစ်မှာလည်း လီယွန်အသင်း အနိုင်ဂိုးရရှိသွားခဲ့ပြီး အာဆင်နယ်ခံစစ် လူကျွံဘောဖမ်းကစားတာ မသေသပ်မှုကနေ ဒမ်ဘီလီကပဲ တစ်ယောက်တည်း ဆွဲပြေးကာ ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ အသာအယာကန်သွင်းခဲ့တာပါ။