ခံစစ္ဆုိးရြားေနမႈအတြက္ ကာေဟးလ္ကို ယူႏုိက္တက္နဲ႔အာဆင္နယ္ ေခၚယူသင့္

Photo Credit ; Getty Images

Photo Credit ; Getty Images

ယူႏုိက္တက္နဲ႔အာဆင္နယ္အသင္းတုိ႔အေနနဲ႔ လက္ရွိခံစစ္ဆုိးရြားေနမႈေတြအတြက္ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီကာေဟးလ္နဲ႔ ေျဖရွင္းသင့္ေၾကာင္း လိဒ္ယူႏုိက္တက္ေနာက္ခံလူေဟာင္း ဒန္နီေမးလ္က တုိက္တြန္းလုိက္ပါတယ္။ အဂၤလန္လက္ေရြးစင္ေဟာင္း ကာေဟးလ္ဟာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ၇ႏွစ္ၾကာျဖတ္သန္းခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီအကုန္က အသင္းနဲ႔လမ္းခြဲခ့ဲသူျဖစ္ၿပီး ယခုအခ်ိန္အထိ ကလပ္လက္မဲ့ျဖစ္ေနပါတယ္။

Photo Credit ; Pinterest

အသက္ ၃၃ႏွစ္အရြယ္ရွိ ကာေဟးလ္ဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားမယူလုိေသးေပမယ့္ လက္ရွိအခ်ိန္အထိ အသင္းသစ္ရွာမေတြ႕ေသးဘဲ အာဆင္နယ္နဲ႔ ယူႏုိက္တက္တုိ႔ကလည္း ရာသီသစ္မတုိင္ခင္ အားနည္းေနတဲ့အသင္းရဲ႕ခံစစ္ပိုင္းကို ျပဳျပင္ေျပာင္းလဲမႈေတြျပဳလုပ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရသီက ခံစစ္ပိုင္းဆုိးရြားမႈေတြအတြက္ ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ခဲ့ရသလို အသင္းေခါင္းေဆာင္ ကိုစီရယ္နီကလည္း ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ အေမရိကန္ကို အသင္းေဖာ္ေတြနဲ႔အတူ လုိက္ပါဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ အသင္းေျပာင္းေရႊ႕ဖို႔ မ်ားေနပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ကလည္း ခံစစ္ပိုင္းဆုိးရြားေနမႈအတြက္ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေခၚယူဖုိ႔ ျပင္ဆင္ေနပါတယ္။ ဒါေပမဲ့ ဒန္နီေမးလ္ကေတာ့ ယူႏိုက္တက္နဲ႔အာဆင္နယ္တုိ႔ဟာ ကာေဟးလ္ကို ေခၚယူရင္ ခံစစ္ပိုင္းျပႆနာေျပလည္သြားေစႏိုင္တ့ဲအျပင္ ေျပာင္းေရႊ႕ေၾကးလည္း ကုန္က်စရာမလုိလုိ႔ ထိေရာက္တဲ့ေခၚယူမႈျဖစ္လာႏုိင္တယ္လုိ႔ ဆုိပါတယ္။

Photo Credit ; Getty Images

”ကာေဟးလ္က တယ္ရီေလာက္မေကာင္းတာမွန္ေပမယ့္ အရမ္းအေ၀းႀကီးမွာေတာ့မရွိပါဘူး။ သူ႕ကိုေခၚယူႏုိင္ရင္ မ်ားျပားတ့ဲအေတြ႕အႀကံဳေတြ၊ ပေရာ္ဖက္ရွင္နယ္ဆန္မႈေတြပါရရွိႏုိင္တဲ့အျပင္ အသင္းေဖာ္ေတြလည္း သူ႕ဆီကေန ကြင္းတြင္းကြင္းျပင္အတုယူစရာေတြ ေလ့လာသင္ယူႏိုင္ပါတယ္။ ကလပ္အသင္းတစ္သင္းအတြက္ သူယူေဆာင္လာေပးႏိုင္တဲ့အရာေတြက အမ်ားႀကီးပါ။ သူက ပြဲကစားခ်င္တ့ဲဆႏၵပဲရွိတာျဖစ္ၿပီး အာဆင္နယ္တို႔ ယူႏိုက္တက္တုိ႔က ဘာျဖစ္လုိ႔သူ႕ကိုစိတ္မ၀င္စားတာလဲဆုိတာ အေျဖရွာမရပါဘူး”လုိ႔ ဒန္န္ီေမးလ္က ဆုိပါတယ္။

Photo Credit ; Getty Images

Unicode

ခံစစ်ဆိုးရွားနေမှုအတွက် ကာဟေးလ်ကို ယူနိုက်တက်နဲ့အာဆင်နယ် ခေါ်ယူသင့်

ယူနိုက်တက်နဲ့အာဆင်နယ်အသင်းတို့အနေနဲ့ လက်ရှိခံစစ်ဆိုးရွားနေမှုတွေအတွက် ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီကာဟေးလ်နဲ့ ဖြေရှင်းသင့်ကြောင်း လိဒ်ယူနိုက်တက်နောက်ခံလူဟောင်း ဒန်နီမေးလ်က တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ကာဟေးလ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ၇နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီအကုန်က အသင်းနဲ့လမ်းခွဲခဲ့သူဖြစ်ပြီး ယခုအချိန်အထိ ကလပ်လက်မဲ့ဖြစ်နေပါတယ်။
အသက် ၃၃နှစ်အရွယ်ရှိ ကာဟေးလ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားမယူလိုသေးပေမယ့် လက်ရှိအချိန်အထိ အသင်းသစ်ရှာမတွေ့သေးဘဲ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ကလည်း ရာသီသစ်မတိုင်ခင် အားနည်းနေတဲ့အသင်းရဲ့ခံစစ်ပိုင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရသီက ခံစစ်ပိုင်းဆိုးရွားမှုတွေအတွက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရသလို အသင်းခေါင်းဆောင် ကိုစီရယ်နီကလည်း ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် အမေရိကန်ကို အသင်းဖော်တွေနဲ့အတူ လိုက်ပါဖို့ ငြင်းဆန်ခဲ့ပြီးနောက် အသင်းပြောင်းရွှေ့ဖို့ များနေပါတယ်။
ယူနိုက်တက်ကလည်း ခံစစ်ပိုင်းဆိုးရွားနေမှုအတွက် လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ဒန်နီမေးလ်ကတော့ ယူနိုက်တက်နဲ့အာဆင်နယ်တို့ဟာ ကာဟေးလ်ကို ခေါ်ယူရင် ခံစစ်ပိုင်းပြဿနာပြေလည်သွားစေနိုင်တဲ့အပြင် ပြောင်းရွှေ့ကြေးလည်း ကုန်ကျစရာမလိုလို့ ထိရောက်တဲ့ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
”ကာဟေးလ်က တယ်ရီလောက်မကောင်းတာမှန်ပေမယ့် အရမ်းအဝေးကြီးမှာတော့မရှိပါဘူး။ သူ့ကိုခေါ်ယူနိုင်ရင် များပြားတဲ့အတွေ့အကြုံတွေ၊ ပရော်ဖက်ရှင်နယ်ဆန်မှုတွေပါရရှိနိုင်တဲ့အပြင် အသင်းဖော်တွေလည်း သူ့ဆီကနေ ကွင်းတွင်းကွင်းပြင်အတုယူစရာတွေ လေ့လာသင်ယူနိုင်ပါတယ်။ ကလပ်အသင်းတစ်သင်းအတွက် သူယူဆောင်လာပေးနိုင်တဲ့အရာတွေက အများကြီးပါ။ သူက ပွဲကစားချင်တဲ့ဆန္ဒပဲရှိတာဖြစ်ပြီး အာဆင်နယ်တို့ ယူနိုက်တက်တို့က ဘာဖြစ်လို့သူ့ကိုစိတ်မဝင်စားတာလဲဆိုတာ အဖြေရှာမရပါဘူး”လို့ ဒန်န်ီမေးလ်က ဆိုပါတယ်။