ကိုပါအေမရိကဖလားၿပိဳင္ပြဲနဲ႔ပတ္သက္လုိ႔ မက္ဆီကို ေမာ္ရင္ညိဳ ေလွာင္ေျပာင္သေရာ္

Photo Credit

Photo Credit

ယူႏိုက္တက္အသင္းနည္းျပေဟာင္း ဟိုေဆးေမာ္ရင္ညိဳတစ္ေယာက္ ယခအခ်ိန္မွာ ကလပ္လက္မဲ့ျဖစ္ေနတာမွန္ေပမယ့္ သူ႕ရဲ႕စကားလုံးစစ္ပြဲေတြနဲ႔အတူ မီဒီယာစာမ်က္ႏွာေတြထက္ အုတ္ေအာ္ေသာင္းနင္းျဖစ္ေစတတ္တဲ့သူ႕ရဲ႕အေလ့အက်င့္ကိုေတာ့ ဘယ္အရာကမွမတားဆီးႏိုင္ေသးပါဘူး။ ေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလက ယူႏိုက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး ေဘာလုံးေလာကထဲ ျပန္လည္၀င္ေရာက္ေတာ့မွာျဖစ္ေပမယ့္ ကုိင္တယ္မယ့္အသင္းကို ေသခ်ာရွာေဖြေနသလုိ လက္ရွိအခ်ိန္မွာျဖစ္ႏိုင္ေျခရွိတာက စီးရီးေအနဲ႔ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲေတြျဖစ္ကာ သူကိုယ္တိုင္ကလည္း ဂ်ာမန္ဘာသာစကား ေလ့လာသင္ယူေနတယ္လုိ႔ ဖြင့္ဟထားပါတယ္။

Photo Credit ; AFP

လက္ရွိအခ်ိန္မွာ မက္ဆီနဲ႔ပတ္သက္လုိ႔ ေရပန္းစားေနတာက ကိုပါအေမရိကဖလားၿပိဳင္ပြဲျဖစ္ၿပီး ေမာ္ရင္ညိဳကလည္း မက္ဆီရဲ႕ကိုပါအေမရိကဖလားက်ဆုံးမႈကို ေရာ္နယ္ဒိုနဲ႔ယွဥ္ကာ ေလွာင္ေျပာင္ခနဲ႔လုိက္ပါတယ္။ ေမာ္ရင္ညိဳဟာ မၾကာေသးခင္ကလည္း ဘာစီလုိနာကို ေရာက္သြားတဲ့ ဂရစ္ဇ္မန္းနဲ႔ပတ္သက္လုိ႔ ကြင္းလယ္လူေကာ္တင္ညိဳကိုပါ ေ၀ဖန္ခဲ့သလို အခုလည္း မက္ဆီရဲ႕နာက်င္မႈကို ပိုမိုဆုိးရြားေစမႈအျဖစ္ ေလွာင္ေျပာင္ခဲ့တာပါ။

Photo Credit

”တကယ္လုိ႔ ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္(CONMEBOL)သာာ ပရိသတ္ေတြ ပိုမိုတုိးပြားလာၿပီး ၿပိဳင္ဆုိင္မႈပိုျပင္းထန္ေစခ်င္တယ္ဆုိရင္ ဥေရာပအသင္းေတြကို ဧည့္သည္ေတာ္ေတြအျဖစ္ ဖိတ္ၾကားသင့္ပါတယ္။ စပိန္ကိုဖိတ္လုိ႔ရတယ္။ ျပင္သစ္ကိုလည္း ဖိတ္ႏိုင္တယ္။ ေပၚတူဂီကိုေတာ့ သြားမဖိတ္လုိက္နဲ႔ေနာ္…ေတာ္ၾကာ ေရာ္နယ္ဒိုက မက္ဆီမရခင္ ကိုပါအေမရိကဖလားကို အရင္ရသြားဦးမယ္”လုိ႔ ေမာ္ရင္ညိဳက ေလွာင္ေျပာင္ခဲ့တာပါ။

Photo Credit ; Getty Images

ၿပီးခဲ့တဲ့လက အသက္ ၃၂ႏွစ္ျပည့္ေျမာက္ခဲ့တဲ့ မက္ဆီဟာ ကလပ္အသင္းျဖစ္တဲ့ဘာစီလုိနာမွာ မရဖူးတဲ့ေအာင္ျမင္မႈမရွိသေလာက္ျဖစ္ေနေပမယ့္ လက္ေရြးစင္အသင္းနဲ႔ေတာ့ ဆုဖလားရဖုိ႔ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး ၂၀၁၉ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာလည္း အာဂ်င္တီးနားအသင္းက တတိယသာရရွိခဲ့သလို မက္ဆီကိုယ္တိုင္လည္း ၁ဂိုးသာသြင္းယူႏုိင္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုကေတာ့ ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းနဲ႔အတူ ဗုိလ္စြဲႏိုင္ခဲ့သလို မၾကာေသးခင္ကမွ က်င္းပၿပီးစီးသြားတဲ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ သမုိင္းတစ္ေလွ်ာက္ ပထမဆုံးခ်န္ပီယံအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

ကိုပါအမေရိကဖလားပြိုင်ပွဲနဲ့ပတ်သက်လို့ မက်ဆီကို မော်ရင်ညို လှောင်ပြောင်သရော်

ယူနိုက်တက်အသင်းနည်းပြဟောင်း ဟိုဆေးမော်ရင်ညိုတစ်ယောက် ယခအချိန်မှာ ကလပ်လက်မဲ့ဖြစ်နေတာမှန်ပေမယ့် သူ့ရဲ့စကားလုံးစစ်ပွဲတွေနဲ့အတူ မီဒီယာစာမျက်နှာတွေထက် အုတ်အော်သောင်းနင်းဖြစ်စေတတ်တဲ့သူ့ရဲ့အလေ့အကျင့်ကိုတော့ ဘယ်အရာကမှမတားဆီးနိုင်သေးပါဘူး။ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်တော့မှာဖြစ်ပေမယ့် ကိုင်တယ်မယ့်အသင်းကို သေချာရှာဖွေနေသလို လက်ရှိအချိန်မှာဖြစ်နိုင်ခြေရှိတာက စီးရီးအေနဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွေဖြစ်ကာ သူကိုယ်တိုင်ကလည်း ဂျာမန်ဘာသာစကား လေ့လာသင်ယူနေတယ်လို့ ဖွင့်ဟထားပါတယ်။
လက်ရှိအချိန်မှာ မက်ဆီနဲ့ပတ်သက်လို့ ရေပန်းစားနေတာက ကိုပါအမေရိကဖလားပြိုင်ပွဲဖြစ်ပြီး မော်ရင်ညိုကလည်း မက်ဆီရဲ့ကိုပါအမေရိကဖလားကျဆုံးမှုကို ရော်နယ်ဒိုနဲ့ယှဉ်ကာ လှောင်ပြောင်ခနဲ့လိုက်ပါတယ်။ မော်ရင်ညိုဟာ မကြာသေးခင်ကလည်း ဘာစီလိုနာကို ရောက်သွားတဲ့ ဂရစ်ဇ်မန်းနဲ့ပတ်သက်လို့ ကွင်းလယ်လူကော်တင်ညိုကိုပါ ဝေဖန်ခဲ့သလို အခုလည်း မက်ဆီရဲ့နာကျင်မှုကို ပိုမိုဆိုးရွားစေမှုအဖြစ် လှောင်ပြောင်ခဲ့တာပါ။
”တကယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)သာာ ပရိသတ်တွေ ပိုမိုတိုးပွားလာပြီး ပြိုင်ဆိုင်မှုပိုပြင်းထန်စေချင်တယ်ဆိုရင် ဥရောပအသင်းတွေကို ဧည့်သည်တော်တွေအဖြစ် ဖိတ်ကြားသင့်ပါတယ်။ စပိန်ကိုဖိတ်လို့ရတယ်။ ပြင်သစ်ကိုလည်း ဖိတ်နိုင်တယ်။ ပေါ်တူဂီကိုတော့ သွားမဖိတ်လိုက်နဲ့နော်…တော်ကြာ ရော်နယ်ဒိုက မက်ဆီမရခင် ကိုပါအမေရိကဖလားကို အရင်ရသွားဦးမယ်”လို့ မော်ရင်ညိုက လှောင်ပြောင်ခဲ့တာပါ။
ပြီးခဲ့တဲ့လက အသက် ၃၂နှစ်ပြည့်မြောက်ခဲ့တဲ့ မက်ဆီဟာ ကလပ်အသင်းဖြစ်တဲ့ဘာစီလိုနာမှာ မရဖူးတဲ့အောင်မြင်မှုမရှိသလောက်ဖြစ်နေပေမယ့် လက်ရွေးစင်အသင်းနဲ့တော့ ဆုဖလားရဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းက တတိယသာရရှိခဲ့သလို မက်ဆီကိုယ်တိုင်လည်း ၁ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့သလို မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားတဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။