ကာတာကမၻာ့ဖလားမွာ ေဘာလုံးပြဲၾကည့္ရင္း ဘီယာေသာက္ခ်င္ရင္ တစ္ဖာ က်ပ္တစ္ေသာင္းနီးပါးေပးရမယ္တဲ့

Photo Credit

Photo Credit

ကာတာႏိုင္ငံဟာ အယ္လ္ကိုေဟာအခြန္ေကာက္ခံမႈကို ၁၀၀%ကေန ၇၀ %အထိ ေလွ်ာ့ခ်ေပးလုိက္ေပမယ့္ ၂၀၂၂ ကမၻာ့ဖလားစတင္ခ်ိန္မွာ ဘီယာတစ္ဖာ ၆၄ ေဒၚလာ က်သင့္ဦးမွာျဖစ္လု႔ိ ပရိသတ္ေတြလည္း မေပ်ာ္ႏိုင္ေသးေၾကာင္း သိရပါတယ္။ ၂၀၁၀ ဒီဇင္ဘာလက ၂၀၂၂ ကမၻာ့ဖလားအိမ္ရွင္အျဖစ္ ကာတာႏိုင္ငံေရြးခ်ယ္ခံရၿပီးခ်ိန္ကတည္းက ေဘာလုံးပရိသတ္ေတြအတြက္ သတင္းေကာင္းေတြမၾကားရေသးဘဲ အမ်ိဳးမ်ိဳးေသာျပႆနာေတြနဲ႔ရင္ဆုိင္ေနရပါတယ္။

Photo Credit

ဇန္န၀ါရီလမွာ ကာတာႏိုင္ငံက အယ္လ္ကိုေဟာအခြန္ေကာက္ခံမႈကို ၁၀၀%အထိ ေကာက္ခံမယ္ဆိုတဲ့သတင္းေတြေၾကာင့္ ပရိသတ္ေတြ အေတာ္ေလးစိုးရိမ္သြားရၿပီး အခု Quartz ရဲ႕ေဖာ္ျပခ်က္အရ အခြန္ေကာက္ခံမႈကို ၃၀% ေလွ်ာ့ခ်လုိက္ၿပီလု႔ိ သိရေပမယ့္ ေဘာလုံးပြဲၾကည့္ရင္း ေရအဆာေျပ ဘီယာေသာက္ခ်င္သူေတြအတြက္ သတင္းေကာင္းေတာ့မျဖစ္ေသးပါဘူး။

Photo Credit

အဲဒီသတင္းရဲ႕ေဖာ္ျပခ်က္အရ ကာတာႏိုင္ငံမွာ အရက္ေရာင္းတဲ့စတုိးဆုိင္ တစ္ဆုိင္ပဲရွိၿပီး ဘီယာတစ္ဖာ ၆၄ ေဒၚလာရွိကာ ဘီယာတစ္လုံး ၂.၆၆ ေဒၚလာကုန္က်ရမွာျဖစ္ေၾကာင္း သိရပါတယ္။ ဖီဖာဟာ Budweiser ဘီယာကုမၸဏီနဲ႔ ကာလရွည္လက္တြဲလာၿပီး ၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပြဲကာလအတြင္း ေဘာလုံးကြင္းေတြမွာ အယ္လ္ကိုေဟာေသာက္သုံးခြင့္ပိတ္ပင္ထားမႈကို ဘရာဇီးအစိုးရ ျပန္လည္ခြင့္ျပဳလာေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

Photo Credit

ကာတာႏိုင္ငံမွာေတာ့ ႏုိင္ငံရဲ႕႐ိုးရာယဥ္ေက်းမႈအရ အမ်ားျပည္သူလႈပ္ရွားသြားလာတဲ့ေနရာေတြမွာ အရက္ေသာက္ခြင့္ပိတ္ပင္တားျမစ္ထားၿပီး လိုင္စင္ရွိတဲ့ စားေသာက္ဆုိင္ေတြနဲ႔ ဘားေတြမွာေတာ့ ခြင့္ျပဳခ်က္နဲ႔ ေသာက္သုံးခြင့္ရရွိထားပါတယ္။ ကာတာႏိုင္ငံရဲ႕ပူျပင္းတဲ့ရာသီဥတုကို ေရွာင္ႏိုင္ေရးအတြက္ ေဆာင္းရာသီမွာက်င္းပမယ့္ ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပဲြကာလအတြင္း ပရိသတ္ေတြအေနနဲ႔ သူတု႔ိအတြက္ သီးသန္႔လုပ္ေပးထားတဲ့ေနရာအပါအ၀င္ ေရြးခ်ယ္သတ္မွတ္ထားတဲ့ေနရာေတြမွာ အယ္လ္ကိုေဟာေသာက္သုံးခြင့္ရရွိမယ္လုိ႔ ၿပိဳင္ပြဲက်င္းပေရးေကာ္မတီက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

Unicode

ကာတာကမ္ဘာ့ဖလားမှာ ဘောလုံးပွဲကြည့်ရင်း ဘီယာသောက်ချင်ရင် တစ်ဖာ ကျပ်တစ်သောင်းနီးပါးပေးရမယ်တဲ့

ကာတာနိုင်ငံဟာ အယ်လ်ကိုဟောအခွန်ကောက်ခံမှုကို ၁၀၀%ကနေ ၇၀ %အထိ လျှော့ချပေးလိုက်ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားစတင်ချိန်မှာ ဘီယာတစ်ဖာ ၆၄ ဒေါ်လာ ကျသင့်ဦးမှာဖြစ်လု့ိ ပရိသတ်တွေလည်း မပျော်နိုင်သေးကြောင်း သိရပါတယ်။ ၂၀၁၀ ဒီဇင်ဘာလက ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာနိုင်ငံရွေးချယ်ခံရပြီးချိန်ကတည်းက ဘောလုံးပရိသတ်တွေအတွက် သတင်းကောင်းတွေမကြားရသေးဘဲ အမျိုးမျိုးသောပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။
ဇန်နဝါရီလမှာ ကာတာနိုင်ငံက အယ်လ်ကိုဟောအခွန်ကောက်ခံမှုကို ၁၀၀%အထိ ကောက်ခံမယ်ဆိုတဲ့သတင်းတွေကြောင့် ပရိသတ်တွေ အတော်လေးစိုးရိမ်သွားရပြီး အခု Quartz ရဲ့ဖော်ပြချက်အရ အခွန်ကောက်ခံမှုကို ၃၀% လျှော့ချလိုက်ပြီလု့ိ သိရပေမယ့် ဘောလုံးပွဲကြည့်ရင်း ရေအဆာပြေ ဘီယာသောက်ချင်သူတွေအတွက် သတင်းကောင်းတော့မဖြစ်သေးပါဘူး။
အဲဒီသတင်းရဲ့ဖော်ပြချက်အရ ကာတာနိုင်ငံမှာ အရက်ရောင်းတဲ့စတိုးဆိုင် တစ်ဆိုင်ပဲရှိပြီး ဘီယာတစ်ဖာ ၆၄ ဒေါ်လာရှိကာ ဘီယာတစ်လုံး ၂.၆၆ ဒေါ်လာကုန်ကျရမှာဖြစ်ကြောင်း သိရပါတယ်။ ဖီဖာဟာ Budweiser ဘီယာကုမ္ပဏီနဲ့ ကာလရှည်လက်တွဲလာပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဘောလုံးကွင်းတွေမှာ အယ်လ်ကိုဟောသောက်သုံးခွင့်ပိတ်ပင်ထားမှုကို ဘရာဇီးအစိုးရ ပြန်လည်ခွင့်ပြုလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကာတာနိုင်ငံမှာတော့ နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုအရ အများပြည်သူလှုပ်ရှားသွားလာတဲ့နေရာတွေမှာ အရက်သောက်ခွင့်ပိတ်ပင်တားမြစ်ထားပြီး လိုင်စင်ရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာတော့ ခွင့်ပြုချက်နဲ့ သောက်သုံးခွင့်ရရှိထားပါတယ်။ ကာတာနိုင်ငံရဲ့ပူပြင်းတဲ့ရာသီဥတုကို ရှောင်နိုင်ရေးအတွက် ဆောင်းရာသီမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပရိသတ်တွေအနေနဲ့ သူတု့ိအတွက် သီးသန့်လုပ်ပေးထားတဲ့နေရာအပါအဝင် ရွေးချယ်သတ်မှတ်ထားတဲ့နေရာတွေမှာ အယ်လ်ကိုဟောသောက်သုံးခွင့်ရရှိမယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။