ကစားသမားသစ္ေခၚယူေရးႀကိဳးစားမႈမွာ စိတ္ရွည္ေပးဖို႔ ပရိသတ္ေတြကို အမ္မရီေတာင္းဆို

Photo Credit ; Getty Images

 

Photo Credit ; Getty Images

အာဆင္နယ္အသင္းနည္းျပအမ္မရီက ယခုေႏြရာသီေစ်းကြက္အတြင္း ကစားသမားသစ္ေခၚယူေရးႀကိဳးစားေနမႈေတြနဲ႔ပတ္သက္လုိ႔ စိတ္ရွည္သည္းခံေပးဖို႔ ပရိသတ္ေတြကို ေတာင္းဆုိလုိက္ပါတယ္။ အာဆင္နယ္ဟာ ယခုေႏြရာသီအတြင္း အသက္ ၁၈ႏွစ္အရြယ္ရွိ တုိက္စစ္မွဴး မာတင္နယ္လီတစ္ဦးတည္းကိုသာ ေခၚယူထားႏိုင္ေသးၿပီး ပဲေလ့စ္တုိက္စစ္မွဴး ဇာဟာ၊ ဆဲလ္တစ္ဘယ္ေနာက္ခံလူ တီယာေနးနဲ႔ စိန္႔အက္တီယန္ေနာက္ခံလူ ဆာလီဘာတုိ႔ကို ေခၚယူႏိုင္ဖို႔ ႀကိဳးစားလ်က္ရွိပါတယ္။

Photo Credit

”အသင္းက ကစားသမားသစ္ေတြေခၚယူႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ အသင္းတာ၀န္ရွိသူေတြနဲ႔လည္း ေန႔တုိင္းစကားေျပာျဖစ္ၿပီး နည္းစနစ္ဒါ႐ိုက္တာသစ္ အီဒူးလည္း ပါ၀င္ပါတယ္။ ကၽြန္ေတာ္ကေတာ့ စိတ္ရွည္လက္ရွည္နဲ႔ စိတ္ေအးေအးထားၿပီး အေကာင္းဆုံးဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္ဖုိ႔ပဲ လိုလားပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းဟာ အရမ္းေကာင္းတဲ့ကစားသမားေတြရွိသလုိ သိပ္ေကာင္းတဲ့လူငယ္ကစားသမားေတြလည္းရွိေနပါတယ္။ သူတုိ႔ကို ကူညီႏိုင္ဖို႔ ကစားသမားသစ္အနည္းငယ္လုိအပ္ေနပါတယ္။ ဒီအတြက္လည္း ကလပ္က လုပ္ေဆာင္ေနပါတယ္”

Photo Credit

”ကၽြန္ေတာ္တုိ႔ကေတာ့ စိတ္ရွည္သည္းခံမႈနဲ႔အတူ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြခ်မွတ္သြားမွာပါ။ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြခ်မွတ္ႏုိင္ဖို႔ အခ်ိန္ယူမွရမယ္ဆုိရင္ ကၽြန္ေတာ္ လက္ခံသြားမွာပါ”လု႔ိ အမ္မရီက ေျပာပါတယ္။
ေႏြရာသီေစ်းကြက္က ေမလ ၁၆ရက္ေန႔မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြအေနနဲ႔ စက္တင္ဘာလ ၂ရက္ေန႔အထိ ကစားသမားေတြထုတ္ေရာင္းလုိ႔ရေပမယ့္ ၀ယ္ယူမႈကိုေတာ့ ၾသဂုတ္လ ၈ရက္ေန႔ေနာက္ဆုံးထားျပဳလုပ္ရမွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ၃ႏွစ္ဆက္ေ၀းကြာသြားရလို႔ ေစ်းကြက္ထဲမွာ သုံးစြဲဖို႔ ဘက္ဂ်က္လည္း နည္းပါးေနပါတယ္။

Photo Credit

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ အသုံးစရိတ္ ေပါင္သန္း ၄၀၀န္းက်င္ပဲရွိတယ္လုိ႔ သိရရာ လက္ရွိေစ်းကြက္အတြင္း လႈပ္ရွားဖို႔ အေတာ္ေလးက်ပ္ေနၿပီး ရာသီသစ္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔ အဓိကပစ္မွတ္ထားေနပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီက ၁မွတ္တည္းနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ဆုံး႐ံႈးခဲ့ရတာျဖစ္သလုိ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာလည္း ခ်ဲလ္ဆီးကို အေရးနိမ့္ခဲ့လုိ႔ ေနာက္ထပ္အခြင့္အေရးတစ္ခုပါ လက္လႊတ္ခ့ဲရပါတယ္။

Photo Credit

Unicode

ကစားသမားသစ်ခေါ်ယူရေးကြိုးစားမှုမှာ စိတ်ရှည်ပေးဖို့ ပရိသတ်တွေကို အမ်မရီတောင်းဆို

အာဆင်နယ်အသင်းနည်းပြအမ်မရီက ယခုနွေရာသီဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူရေးကြိုးစားနေမှုတွေနဲ့ပတ်သက်လို့ စိတ်ရှည်သည်းခံပေးဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီအတွင်း အသက် ၁၈နှစ်အရွယ်ရှိ တိုက်စစ်မှူး မာတင်နယ်လီတစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်သေးပြီး ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ၊ ဆဲလ်တစ်ဘယ်နောက်ခံလူ တီယာနေးနဲ့ စိန့်အက်တီယန်နောက်ခံလူ ဆာလီဘာတို့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။
”အသင်းက ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့လည်း နေ့တိုင်းစကားပြောဖြစ်ပြီး နည်းစနစ်ဒါရိုက်တာသစ် အီဒူးလည်း ပါဝင်ပါတယ်။ ကျွန်တော်ကတော့ စိတ်ရှည်လက်ရှည်နဲ့ စိတ်အေးအေးထားပြီး အကောင်းဆုံးဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ပဲ လိုလားပါတယ်။ ကျွန်တော်တို့အသင်းဟာ အရမ်းကောင်းတဲ့ကစားသမားတွေရှိသလို သိပ်ကောင်းတဲ့လူငယ်ကစားသမားတွေလည်းရှိနေပါတယ်။ သူတို့ကို ကူညီနိုင်ဖို့ ကစားသမားသစ်အနည်းငယ်လိုအပ်နေပါတယ်။ ဒီအတွက်လည်း ကလပ်က လုပ်ဆောင်နေပါတယ်”
”ကျွန်တော်တို့ကတော့ စိတ်ရှည်သည်းခံမှုနဲ့အတူ အကောင်းဆုံး ဆုံးဖြတ်ချက်တွေချမှတ်သွားမှာပါ။ အကောင်းဆုံး ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အချိန်ယူမှရမယ်ဆိုရင် ကျွန်တော် လက်ခံသွားမှာပါ”လု့ိ အမ်မရီက ပြောပါတယ်။
နွေရာသီဈေးကွက်က မေလ ၁၆ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ စက်တင်ဘာလ ၂ရက်နေ့အထိ ကစားသမားတွေထုတ်ရောင်းလို့ရပေမယ့် ဝယ်ယူမှုကိုတော့ သြဂုတ်လ ၈ရက်နေ့နောက်ဆုံးထားပြုလုပ်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၃နှစ်ဆက်ဝေးကွာသွားရလို့ ဈေးကွက်ထဲမှာ သုံးစွဲဖို့ ဘက်ဂျက်လည်း နည်းပါးနေပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ အသုံးစရိတ် ပေါင်သန်း ၄၀၀န်းကျင်ပဲရှိတယ်လို့ သိရရာ လက်ရှိဈေးကွက်အတွင်း လှုပ်ရှားဖို့ အတော်လေးကျပ်နေပြီး ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အဓိကပစ်မှတ်ထားနေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ၁မှတ်တည်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရတာဖြစ်သလို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ချဲလ်ဆီးကို အရေးနိမ့်ခဲ့လို့ နောက်ထပ်အခွင့်အရေးတစ်ခုပါ လက်လွှတ်ခဲ့ရပါတယ်။