ပီအက်စ်ဂျီအသင်းရဲ့ အင်္ကျီသစ် မိတ်ဆက်မှုမှာ မော်ဒယ်အဖြစ် ပါဝင်လာတဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပဲရစ် စိန့် ဂျာမိန်းအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဥ်အဖြစ် ဘရုဂျက်အသင်းနဲ့ ကစားရှိနေပြီး ( ၂၀၂၁ /၂၂ ) ရာသီအတွက် အသင်းရဲ့ တတိယဂျာစီကို ဗုဒ္ဓဟူးနေ့က မိတ်ဆက်ခဲ့ပါတယ်။

အဲ့ဒီထဲမှာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကလည်း မော်ဒယ်တစ်ဦးအဖြစ် သရုပ်ဆောင်ပါဝင်ခဲ့တာတွေ့ရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အဆိုပါ ဂျာစီသစ်မှာ အနက်ရောင်ကို ဦးစားပေးထားပြီး ( ၉၀ ) ခုနှစ် နှောင်းပိုင်းကာလက အသင်းကို အောင်မြင်ကျော်ကြားစေတဲ့ ဂျာစီတွေကို ကိုးကားပြီး ပြုလုပ်ထားတာလို့ သိရပါတယ်။

အသင်းရဲ့ ထုတ်ပြန်ချက်မှာ “ ( ၂၀၂၁/၂၂ ) တတိယဂျာစီက ပဲရစ်သားတွေရဲ့ ဥရောပအောင်မြင်မှုကို ဖော်ပြဖို့ အကောင်းဆုံး မော်ဒယ်ဖြစ်ပါတယ်။

ဒါက ပဲရစ်ကလပ်ရဲ့ ရည်မှန်းချက်ပါ။”လို့ ရေးသားထားပါတယ်။

အဆိုပါ မိတ်ဆက်မှုမှာ ဂျာစီအပြင် ဂျာကင်အင်္ကျီ ၊ လေ့ကျင့်ရေး ဝတ်စုံ ၊ ဘောင်းဘီ နှင့် အခြားသောအရာတွေ များစွာပါဝင်တာတွေ့ရပါတယ်။

လီယိုအပြင် ပီအက်စ်ဂျီအသင်းရဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ပါရီးဒက်စ် ၊ နေမာ ၊ ကိုင်လီယန် အမ်ဘာပေ နှင့် ဆာဂျီယို ရာမို့စ်တို့ကိုလည်း ဂျာစီအသစ်နဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီအသင္းရဲ႕ အက်ႌသစ္ မိတ္ဆက္မႈမွာ ေမာ္ဒယ္အျဖစ္ ပါဝင္လာတဲ့ မက္ဆီ

ပဲရစ္ စိန႔္ ဂ်ာမိန္းအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဘ႐ုဂ်က္အသင္းနဲ႔ ကစားရွိေနၿပီး ( ၂၀၂၁ /၂၂ ) ရာသီအတြက္ အသင္းရဲ႕ တတိယဂ်ာစီကို ဗုဒၶဟူးေန႔က မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီထဲမွာ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကလည္း ေမာ္ဒယ္တစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ပါဝင္ခဲ့တာေတြ႕ရပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ အဆိုပါ ဂ်ာစီသစ္မွာ အနက္ေရာင္ကို ဦးစားေပးထားၿပီး ( ၉၀ ) ခုႏွစ္ ေႏွာင္းပိုင္းကာလက အသင္းကို ေအာင္ျမင္ေက်ာ္ၾကားေစတဲ့ ဂ်ာစီေတြကို ကိုးကားၿပီး ျပဳလုပ္ထားတာလို႔ သိရပါတယ္။

အသင္းရဲ႕ ထုတ္ျပန္ခ်က္မွာ “ ( ၂၀၂၁/၂၂ ) တတိယဂ်ာစီက ပဲရစ္သားေတြရဲ႕ ဥေရာပေအာင္ျမင္မႈကို ေဖာ္ျပဖို႔ အေကာင္းဆုံး ေမာ္ဒယ္ျဖစ္ပါတယ္။ ဒါက ပဲရစ္ကလပ္ရဲ႕ ရည္မွန္းခ်က္ပါ။”လို႔ ေရးသားထားပါတယ္။

အဆိုပါ မိတ္ဆက္မႈမွာ ဂ်ာစီအျပင္ ဂ်ာကင္အက်ႌ ၊ ေလ့က်င့္ေရး ဝတ္စုံ ၊ ေဘာင္းဘီ ႏွင့္ အျခားေသာအရာေတြ မ်ားစြာပါဝင္တာေတြ႕ရပါတယ္။

လီယိုအျပင္ ပီအက္စ္ဂ်ီအသင္းရဲ႕ နာမည္ႀကီး ကစားသမားေတြျဖစ္တဲ့ ပါရီးဒက္စ္ ၊ ေနမာ ၊ ကိုင္လီယန္ အမ္ဘာေပ ႏွင့္ ဆာဂ်ီယို ရာမို႔စ္တို႔ကိုလည္း ဂ်ာစီအသစ္နဲ႔အတူ ျမင္ေတြ႕ခဲ့ရပါတယ္။