10မိနစ် 3 ဂိုးသွင်းလိုက်တဲ့မန်ယူပွဲအပေါ်သုံးသပ်ချက်

photo internet

အိုးလ်ထရပ်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ကိုလ်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ လိဂ်ဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာတော့ မန်ချက်စတာအသင်းက 3 ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တာနဲ့အညီ မန်ချက်စတာအသင်းဘက် မှာလူစုံတက်စုံပွဲထုတ်တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆုဖလားကို ရယူဖို့ နည်းပြဆိုးလ်ရှားအနေနဲ့ ပြင်းပြတဲ့ဆန္ဒတွေရှိနေတာကြောင့် ကစားသမားအခင်းအကျင်းပိုင်းမှာ လူငယ်တွေထက် အဓိက ကစားသမားတွေကို ပါဝင်စေခဲ့ပါတယ်။

photo internet

ဂိုးသမားနေရာအတွက် ရိုမဲရိုးကို ကစားစေခဲ့ပါတယ်။ ဒါဟာ ရိုမဲရိုးအတွက် အခွင့်အရေး တစ်ရပ်ရရှိတယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြေဆိုထားတဲ့ ရိုမဲရိုးရဲ့အင်တာဗျူးတွေမှာ သူ့အနေနဲ့ ပွဲထွက်ခွင့်တွေပိုမိုရရှိဖို့မျှော်လင့်နေကြောင်း တွေ့ရလို့ပါ။ အဲဒီပွဲမှာ ရိုမဲရိုးဟာ အဖွင့်ဂိုးရဖို့အတွက် မာတစ်ဆီကို ဘောလုံးမြန်မြန်ဆန်ဆန်ပေးပို့နိုင်ခဲ့ပါတယ်။ မာတစ် ကနေမှ ရက်ရှ်ဖို့ဆီကိုဘောလုံးရောက်ရှိခဲ့တာဖြစ်ပါတယ်။ နောက်တန်းနေရာအတွက် အက်ရှ်လေ ယန်း၊ တွမ်ဇွမ်ဘီ၊ မက်ဂွိုင်းယား၊လုခ်ရှောတို့ကိုတွဲပေးထားပြီး၊ ကွင်းလယ်မှာ မာတစ်၊ပါရဲရား၊မာတာတို့နေရာယူထားကာ၊ ရှေ့တန်းတိုက်စစ်အတွက် မေဆင်ဂရင်းဝုဒ်၊မာရှယ်၊ရက်ရ်ှဖို့ဒ်တို့ကတာဝန်ယူထားပါတယ်။ အစားဝင်ကစားခဲ့တဲ့သူတွေကတော့ ဝီလီယံ၊ လင်ဂတ်၊ဂါနာတို့ဖြစ်ပါတယ်။

photo internet

ပထမပိုင်းမှာ မန်ချက်စတာအသင်းဟာ ကိုလ်ချက်စတာဘက်ကို ဖိကစားနိုင်ခဲ့ပေမယ့် လစ်ဟာမှုတွေ ရှိတာကြောင့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဘယ်၊ညာတောင်ပံတွေကနေထိုးဖောက်ကစားနိုင်ခဲ့သလို၊ ကွင်းလယ်ကနေလည်းချိတ်ဆက်ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်အနေအထားတွေမှာ အဆင်မပြေမှုတွေရှိခဲ့ပါတယ်။ ကိုလ်ချက်စတာဘက်ကလည်း တတ်နိုင်သမျှ တားဆီးခဲ့ပေမယ့် တစ်ဖက်က တရကြမ်းတိုက်စစ်တွေကို ခုခံဖို့ခက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာရဲ့အဆုံးသတ် အားနည်းချက်တွေဟာ ကိုလ်ချက်စတာအတွက်ကံကောင်းသွားစေပြီး ပထမပိုင်းပြီးချိန်မှာတော့ သရေရလဒ်နဲ့သာ နားခဲ့ရပါတယ်။
ဒုတိယပိုင်းဟာ မန်ချက်စတာ အတွက် သိပ်ကိုအရေးကြီးနေပြီဖြစ်နေတာကြောင့် ပိုမိုပြင်းထန်တဲ့ ကစားကွက်တွေကိုမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယပိုင်း 10 မိနစ်အတွင်းမှာ မန်ချက်စတာဟာ အကုန်လုံးအံ့အားသင့်ပျော်ရွှင်သွားအောင် 3 ဂိုးတောင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ 51မိနစ်လောက်မှာ နောက်တန်းကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်တစ်ယောက်အရယူဖို့ရှေ့တန်းကို တရစပ်ပြေးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ဖက်အသင်းက နောက်တန်းခံစစ်တွေအတွက် အလစ်အငိုက်ခံလိုက်ရသလိုဖြစ်သွားပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ နောက်တန်းခံစစ်သမား 4 ယောက်လောက်ကို တရပ်စပ်ဖြတ်ကျော်ပြီး ဘောလုံးကို တောက်လျောက်ဆွဲသွားကာ ဂိုးပိုက်ထောင့်နားလောက်ကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ကိုလ်ချက်စတာရဲ့ဂိုးသမားလည်း ဘယ်လိုမှမတားဆီးနိုင်ဘဲဂိုးပေးလိုက်ရပါတယ်။

photo internet

အဲဒီနောက်မှာတော့ မန်ချက်စတာတို့ဘက်က တောက်လျောက်ဂိုးသွင်းမှုတွေစတင်ခဲ့ပါပြီ။ 56 မိနစ်လောက်မှာ ကွင်းရဲ့ညာဘက်ခြမ်းကနေ မေဆင်ဂရင်းဝုဒ် ဂိုးရှေ့ကိုဖြတ်တင်ပေးလိုက်တဲ့ဘောလုံးဟာ ကိုလ်ချက်စတာ အသင်းရဲ့နောက်ခံလူနဲ့ထိပြီး ဒုတိယဂိုးထပ်မံရရှိခဲ့ပါတယ်။ ၆၂မိနစ်ဝန်းကျင်လောက် မှာမန်ချက်စတာ ကစားသမား တွေဟာ ကိုလ်ချက်စတာဘက်မှာ အပြည့်အဝနေရာယူထားပြီး နောက်တစ်ဂိုးသွင်း ဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ မာတာကနေပြီးတော့ ဂိုးရဲ့ဘယ်ဘက်ခြမ်းမှာ လူကပ်မခံရဘဲတစ်ယောက်တည်းလွတ်နေတဲ့ ရက်ရှ်ဖို့ဒ်ဆီကို ဘောလုံးပေးပို့ခဲ့ပြီး၊ ရက်ရှ်ဖို့ရဲ့ ဂိုးဖန်တီးမှုကိုမှ မာရှယ်က အဆုံးသတ်ဂိုးသွင်းယူခဲ့ပါတယ်။ နောက်ထပ်လည်း မန်ချက်စတာဘက်ကဖိအားပေးကစားတာ တွေလုပ်ဆောင်ခဲ့ပေမယ့် ဂိုးတွေတော့ထပ်မရတော့ပါဘူး။

photo internet

အဲဒီပွဲမှာ မန်ချက်စတာကစားသမား ရက်ရှ်ဖို့ဟာခြေစွမ်းပြကစားနိုင်တာကိုတွေ့ရပြီး၊ အနိုင်ရလဒ်အတွက် သူ့ရဲ့ပံ့ပိုးမှုဟာအတော်ကိုအရေးပါအထောက်အကူပြုခဲ့တယ်ဆိုတာကိုတွေ့ရပါမယ်။ ရက်ရှ်ဖို့ဟာ ဘယ်တောင်ပံကနေ တောက်လျောက် ဂိုးဖန်တီးမှုတွေလုပ်ဆောင်နိုင်ခဲ့ပြီးတစ်ဖက်အသင်းက ကစားသမားတွေကို ပိပိရိရိဖြတ်ကျော်ကစားသွားနိုင်ခဲ့တာကိုတွေ့ရပါမယ်။ ကိုလ်ချက်စတာအသင်းရဲ့ နောက်ခံလူတွေကတော့ လစ်ဟာမှုတွေအတော်များခဲ့တာကြောင့် ဆယ်မိနစ်အတွင်း 3 ဂိုးလောက်ပေးလိုက် ရတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ရဲ့အဖွင့်ဂိုးကို လူအင်အားရှိရဲ့သားနဲ့ မတားဆီးနိုင်ခဲ့သလို၊နောက်ခံလူတစ်ယောက်ကလည်း မေဆင်ဂရင်းဝုဒ်ကန်လိုက်တဲ့ဘောလုံးကို ဖြတ်ထုတ်ရမယ့်အစား ကိုယ့်ဂိုးကိုယ်သွင်းသလိုဖြစ်သွားရပါတယ်။ မန်ချက်စတာအသင်းကတော့ နိုင်ပွဲကြောင့် ဆီးမီးဖိုင်နယ်ကိုတက်လှမ်းသွားပြီဖြစ်ပြီး၊ မြို့ခံပြိုင်ဖက် မန်စီးတီးအသင်းနဲ့ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ နောက်ထပ်ပြင်းထန်တဲ့ကစားပွဲမှာဘယ်အသင်းနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ပါပဲ။ပရိသတ်တွေကရော ဘယ်အသင်းနိုင်မယ်ထင်ပါသလဲ။

photo internet

(Zawgyi Version)

10မိနစ္ 3 ဂိုးသြင္းလိုက္တဲ့မန္ယူပြဲအေပၚသုံးသပ္ခ်က္

အိုးလ္ထရပ္ဖို႔ဒ္ကြင္းမွာ ကစားခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနဲ႔ ကိုလ္ခ်က္စတာ ယူႏိုက္တက္ အသင္းတို႔ရဲ႕ လိဂ္ဖလားကြာတားဖိုင္နယ္အဆင့္ပြဲစဥ္မွာေတာ့ မန္ခ်က္စတာအသင္းက 3 ဂိုး ဂိုးမရိွနဲ႔ အႏိုင္ရသြားပါတယ္။ လိဂ္ဖလားကြာတားဖိုင္နယ္ပြဲစဥ္ျဖစ္တာနဲ႔အညီ မန္ခ်က္စတာအသင္းဘက္ မွာလူစုံတက္စုံပြဲထုတ္တာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဆုဖလားကို ရယူဖို႔ နည္းျပဆိုးလ္ရွားအေနနဲ႔ ျပင္းျပတဲ့ဆႏၵေတြရိွေနတာေၾကာင့္ ကစားသမားအခင္းအက်င္းပိုင္းမွာ လူငယ္ေတြထက္ အဓိက ကစားသမားေတြကို ပါ၀င္ေစခဲ့ပါတယ္။

ဂိုးသမားေနရာအတြက္ ရိုမဲရိုးကို ကစားေစခဲ့ပါတယ္။ ဒါဟာ ရုိမဲရိုးအတြက္ အခြင့္အေရး တစ္ရပ္ရရိွတယ္လို႔ဆိုႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ေျဖဆိုထားတဲ့ ရိုမဲရိုးရဲ႕အင္တာဗ်ဴးေတြမွာ သူ႔အေနနဲ႔ ပြဲထြက္ခြင့္ေတြပိုမိုရရိွဖုိ႔ေမွ်ာ္လင့္ေနေၾကာင္း ေတြ႕ရလို႔ပါ။ အဲဒီပြဲမွာ ရိုမဲရိုးဟာ အဖြင့္ဂိုးရဖို႔အတြက္ မာတစ္ဆီကို ေဘာလုံးျမန္ျမန္ဆန္ဆန္ေပးပို႔ႏိုင္ခဲ့ပါတယ္။ မာတစ္ ကေနမွ ရက္ရွ္ဖို႔ဆီကိုေဘာလုံးေရာက္ရိွခဲ့တာျဖစ္ပါတယ္။ ေနာက္တန္းေနရာအတြက္ အက္ရွ္ေလ ယန္း၊ တြမ္ဇြမ္ဘီ၊ မက္ဂြိဳင္းယား၊လုခ္ေရွာတို႔ကိုတြဲေပးထားၿပီး၊ ကြင္းလယ္မွာ မာတစ္၊ပါရဲရား၊မာတာတို႔ေနရာယူထားကာ၊ ေရွ႕တန္းတိုက္စစ္အတြက္ ေမဆင္ဂရင္း၀ုဒ္၊မာရွယ္၊ရက္ရ္ွဖုိ႔ဒ္တို႔ကတာ၀န္ယူထားပါတယ္။ အစား၀င္ကစားခဲ့တဲ့သူေတြကေတာ့ ၀ီလီယံ၊ လင္ဂတ္၊ဂါနာတို႔ျဖစ္ပါတယ္။

ပထမပိုင္းမွာ မန္ခ်က္စတာအသင္းဟာ ကိုလ္ခ်က္စတာဘက္ကို ဖိကစားႏိုင္ခဲ့ေပမယ့္ လစ္ဟာမႈေတြ ရိွတာေၾကာင့္ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ဘယ္၊ညာေတာင္ပံေတြကေနထုိးေဖာက္ကစားႏိုင္ခဲ့သလုိ၊ ကြင္းလယ္ကေနလည္းခ်ိတ္ဆက္ကစားႏိုင္ခဲ့ေပမယ့္ အဆုံးသတ္အေနအထားေတြမွာ အဆင္မေျပမႈေတြရိွခဲ့ပါတယ္။ ကိုလ္ခ်က္စတာဘက္ကလည္း တတ္ႏိုင္သမွ် တားဆီးခဲ့ေပမယ့္ တစ္ဖက္က တရၾကမ္းတိုက္စစ္ေတြကို ခုခံဖို႔ခက္ခဲ့ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာရဲ႕အဆုံးသတ္ အားနည္းခ်က္ေတြဟာ ကိုလ္ခ်က္စတာအတြက္ကံေကာင္းသြားေစၿပီး ပထမပိုင္းၿပီးခ်ိန္မွာေတာ့ သေရရလဒ္နဲ႔သာ နားခဲ့ရပါတယ္။
ဒုတိယပိုင္းဟာ မန္ခ်က္စတာ အတြက္ သိပ္ကိုအေရးႀကီးေနၿပီျဖစ္ေနတာေၾကာင့္ ပိုမိုျပင္းထန္တဲ့ ကစားကြက္ေတြကိုျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ ဒုတိယပိုင္း 10 မိနစ္အတြင္းမွာ မန္ခ်က္စတာဟာ အကုန္လုံးအံ့အားသင့္ေပ်ာ္ရႊင္သြားေအာင္ 3 ဂိုးေတာင္သြင္းယူေပးႏိုင္ခဲ့ပါတယ္။ 51မိနစ္ေလာက္မွာ ေနာက္တန္းကေန ေပးပို႔လိုက္တဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္တစ္ေယာက္အရယူဖို႔ေရွ႕တန္းကို တရစပ္ေျပးသြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ တစ္ဖက္အသင္းက ေနာက္တန္းခံစစ္ေတြအတြက္ အလစ္အငိုက္ခံလိုက္ရသလုိျဖစ္သြားပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ေနာက္တန္းခံစစ္သမား 4 ေယာက္ေလာက္ကို တရပ္စပ္ျဖတ္ေက်ာ္ၿပီး ေဘာလုံးကို ေတာက္ေလ်ာက္ဆြဲသြားကာ ဂိုးပိုက္ေထာင့္နားေလာက္ကို ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ကိုလ္ခ်က္စတာရဲ႕ဂိုးသမားလည္း ဘယ္လုိမွမတားဆီးႏိုင္ဘဲဂိုးေပးလိုက္ရပါတယ္။

အဲဒီေနာက္မွာေတာ့ မန္ခ်က္စတာတို႔ဘက္က ေတာက္ေလ်ာက္ဂိုးသြင္းမႈေတြစတင္ခဲ့ပါၿပီ။ 56 မိနစ္ေလာက္မွာ ကြင္းရဲ႕ညာဘက္ျခမ္းကေန ေမဆင္ဂရင္း၀ုဒ္ ဂိုးေရွ႕ကိုျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးဟာ ကိုလ္ခ်က္စတာ အသင္းရဲ႕ေနာက္ခံလူနဲ႔ထိၿပီး ဒုတိယဂိုးထပ္မံရရိွခဲ့ပါတယ္။ ၆၂မိနစ္၀န္းက်င္ေလာက္ မွာမန္ခ်က္စတာ ကစားသမား ေတြဟာ ကိုလ္ခ်က္စတာဘက္မွာ အျပည့္အ၀ေနရာယူထားၿပီး ေနာက္တစ္ဂိုးသြင္း ဖို႔ႀကိဳးစားေနပါတယ္။ အဲဒီအခ်ိန္မွာ မာတာကေနၿပီးေတာ့ ဂိုးရဲ႕ဘယ္ဘက္ျခမ္းမွာ လူကပ္မခံရဘဲတစ္ေယာက္တည္းလြတ္ေနတဲ့ ရက္ရွ္ဖို႔ဒ္ဆီကို ေဘာလုံးေပးပို႔ခဲ့ၿပီး၊ ရက္ရွ္ဖို႔ရဲ႕ ဂိုးဖန္တီးမႈကိုမွ မာရွယ္က အဆုံးသတ္ဂိုးသြင္းယူခဲ့ပါတယ္။ ေနာက္ထပ္လည္း မန္ခ်က္စတာဘက္ကဖိအားေပးကစားတာ ေတြလုပ္ေဆာင္ခဲ့ေပမယ့္ ဂိုးေတြေတာ့ထပ္မရေတာ့ပါဘူး။

အဲဒီပြဲမွာ မန္ခ်က္စတာကစားသမား ရက္ရွ္ဖို႔ဟာေျခစြမ္းျပကစားႏိုင္တာကိုေတြ႕ရၿပီး၊ အႏိုင္ရလဒ္အတြက္ သူ႔ရဲ႕ပံ့ပိုးမႈဟာအေတာ္ကိုအေရးပါအေထာက္အကူျပဳခဲ့တယ္ဆိုတာကိုေတြ႕ရပါမယ္။ ရက္ရွ္ဖို႔ဟာ ဘယ္ေတာင္ပံကေန ေတာက္ေလ်ာက္ ဂိုးဖန္တီးမႈေတြလုပ္ေဆာင္ႏိုင္ခဲ့ၿပီးတစ္ဖက္အသင္းက ကစားသမားေတြကို ပိပိရိရိျဖတ္ေက်ာ္ကစားသြားႏိုင္ခဲ့တာကိုေတြ႕ရပါမယ္။ ကိုလ္ခ်က္စတာအသင္းရဲ႕ ေနာက္ခံလူေတြကေတာ့ လစ္ဟာမႈေတြအေတာ္မ်ားခဲ့တာေၾကာင့္ ဆယ္မိနစ္အတြင္း 3 ဂိုးေလာက္ေပးလိုက္ ရတာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ရဲ႕အဖြင့္ဂိုးကို လူအင္အားရိွရဲ႕သားနဲ႔ မတားဆီးႏိုင္ခဲ့သလုိ၊ေနာက္ခံလူတစ္ေယာက္ကလည္း ေမဆင္ဂရင္း၀ုဒ္ကန္လိုက္တဲ့ေဘာလုံးကို ျဖတ္ထုတ္ရမယ့္အစား ကိုယ့္ဂိုးကိုယ္သြင္းသလုိျဖစ္သြားရပါတယ္။ မန္ခ်က္စတာအသင္းကေတာ့ ႏိုင္ပြဲေၾကာင့္ ဆီးမီးဖိုင္နယ္ကိုတက္လွမ္းသြားၿပီျဖစ္ၿပီး၊ ၿမိဳ႕ခံၿပိဳင္ဖက္ မန္စီးတီးအသင္းနဲ႔ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ပါတယ္။ ေနာက္ထပ္ျပင္းထန္တဲ့ကစားပြဲမွာဘယ္အသင္းႏိုင္မလဲဆိုတာ စိတ္၀င္စားဖြယ္ပါပဲ။ပရိသတ္ေတြကေရာ ဘယ္အသင္းႏိုင္မယ္ထင္ပါသလဲ။