၁၃နှစ်အတွင်း ပြင်းထန်ခဲ့တဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီအကြားက လိဂ်ဂိုးသွင်းတိုက်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုနဲ့ မက်ဆီဆိုတာ အခုခေတ် ဘောလုံလောကရဲ့ ဘုရင်၂ပါးပါ။ သူတို့၂ယောက်ဟာ ကမ္ဘာ့ဘောလုံးစင်မြင့်မှာ ပရိသတ်အများဆုံးလည်း ဖြစ်ကြပါတယ်။ အသက်အရွယ်အရ စီရော်နယ်ဒိုက မက်ဆီထက် ၁နှစ်ကျော်ကြီးပါတယ်။

အခုအချိန်အထိ အကောင်းဆုံး စွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားကြသေးပေမယ့် ခွန်အားကို အားပြုကစားရတဲ့ ဘောလုံးအားကစားမှာ အသက်အရွယ်က အချိန်တန်တော့ စကားပြောလာပြီဆိုတာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မြင်တွေ့ခဲ့ရမှာပါ။ ဒါဟာ သူတို့ ၂ဦးစလုံးအတွက် နေရာဖယ်ပေးရဖို့ အချက်ပေးခောင်းလောင်းသံဆိုရင်လည်း မမှားပါဘူး။ ဒေါ့မန်က ဟာလန်းနဲ့ ပီအက်စ်ဂျီက အမ်ဘက်ပီတို့ဟာ ဒီ၂ယောက်ရဲ့ စံချိန်မှတ်တမ်းတွေကို အမီလိုက်လာပါပြီ။


စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဒီရာသီဂျူဗင်တပ်အတွက် လိဂ်ဂိုး ၂၀ပြည့်ကို သွင်းယူနိုင်ခဲ့ပြီး မက်ဆီထက်အရင် ၂၀၂၀-၂၁ ဘောလုံးရာသီမှာ လိဂ်သွင်းဂိုး ၂၀ပြည့်ခဲ့ပါတယ်။ သူ့အနေနဲ့ ဥရောပထိပ်တန်းလိဂ် ၅ခုမှာ ၁၂ရာသီဆက်တိုက် လိဂ်သွင်းဂိုး ၂၀ သွင်းနိုင်တဲ့သူလည်း ဖြစ်လာပါတယ်။ မက်ဆီကတော့ ဒီရာသီမှာ ဘာစီလိုနာအတွက် လိဂ်သွင်းဂိုး ၁၉ဂိုး သွင်းထားပြီး စီရော်နယ်ဒိုက ဂိုး ၂၀ အရင်ပြည့်သွားတာပါ။

ပြီးခဲ့တဲ့ ၁၃နှစ်တာ ကာလအတွင်းမှာ သူတို့ ၂ယောက်ရဲ့ ဂိုးသွင်းတိုက်ပွဲကလည်း ပြင်းထန်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ မှတ်တမ်းတွေအရ ၁၃နှစ်အတွင်းမှာ မက်ဆီက လိဂ်သွင်းဂိုး သီးသန့် ၄၃၂ဂိုး သွင်းထားနိုင်ခဲ့ပြီး စီရော်နယ်ဒိုက ၄၀၁ဂိုး သွင်းယူထားပါတယ်။ စီရော်နယ်ဒိုထက် မက်ဆီက ၃၁ဂိုး ပိုပြီး အသာရနေတဲ့ သဘောပါ။

လက်ရှိ ဘောလုံးရာသီကိုဖယ်လိုက်ရင် ပြီးခဲ့တဲ့ ၁၃ရာသီမှာ စီရော်နယ်ဒိုက မက်ဆီထက် လိဂ်သွင်းဂိုး ၅ ကြိမ်အသာစီးရခဲ့ပြီး မက်ဆီကတော့ ၇ကြိမ် အသာစီးရထားပါတယ်။ ဒီ ၁၃နှစ်အတွင်းမှာ စီရော်နယ်ဒိုက မန်ယူ၊ ရီးရဲလ်နဲ့ ဂျူဗင်တပ်တို့လို မတုညီတဲ့ လိဂ်နဲ့ အသင်းတွေမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မက်ဆီက ဘာစီလိုနာတစ်သင်းတည်း အတွက်သာ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၁၃နှစ်အတွင်း လိဂ်ဂိုး ၃၀နဲ့အထက်ကို စီးရော်နယ်ဒိုက ၆ကြိမ်သွင်းနိုင်ခဲ့ပြီး မက်ဆီက ၇ကြိမ် ရှိပါတယ်။ စီရော်နယ်ဒိုရဲ့ အကောင်းဆုံး ဂိုးသွင်းနှုန်းက ရီးရဲလ်မှာ ကစားစဉ် ၂၀၁၄-၁၅ ဘောလုံးရာသီမှာ လိဂ်ဂိုး ၄၈ဂိုး ရခဲ့တာဖြစ်ပြီး မက်ဆီရဲ့ အကောင်းဆုံး မှတ်တမ်းကတော့ ၂၀၁၁-၁၂ ရာသီတုန်းက လိဂ်ဂိုး ၅၀ ရခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

(1) ၁၃ႏွစ္အတြင္း ျပင္းထန္ခဲ႔တဲ႔ စီေရာ္နယ္ဒိုနဲ႔ မက္ဆီအၾကားက လိဂ္ဂိုးသြင္းတိုက္ပြဲ
================================================

စီေရာ္နယ္ဒိုနဲ႔ မက္ဆီဆိုတာ အခုေခတ္ ေဘာလံုေလာကရဲ႔ ဘုရင္၂ပါးပါ။ သူတို႔၂ေယာက္ဟာ ကမၻာ႔ေဘာလံုးစင္ျမင္႔မွာ ပရိသတ္အမ်ားဆံုးလည္း ျဖစ္ၾကပါတယ္။ အသက္အရြယ္အရ စီေရာ္နယ္ဒိုက မက္ဆီီထက္ ၁ႏွစ္ေက်ာ္ၾကီးပါတယ္။ အခုအခ်ိန္အထိ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြပိုင္ဆိုင္ထားၾကေသးေပမယ္႔ ခြန္အားကို အားျပဳကစားရတဲ႔ေဘာလံုးအားကစားမွာ အသက္အရြယ္က အခ်ိန္တန္ေတာ႔ စကားေျပာလာျပီဆိုတာ ျပီးခဲ႔တဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာျမင္ေတြ႔ခဲ႔ရမွာပါ။ ဒါဟာ သူတို႔ ၂ဦးစလံုးအတြက္ ေနရာဖယ္ေပးရဖို႔ အခ်က္ေပးေခာင္းေလာင္းသံဆိုရင္လည္း မမွားပါဘူး။ေဒါ႔မန္က ဟာလန္းနဲ႔ ပီအက္စ္ဂ်ီက အမ္ဘက္ပီတို႔ဟာ ဒီ၂ေယာက္ရဲ႔ စံခ်ိန္မွတ္တမ္းေတြကို အမီလိုက္လာပါျပီ။

စီေရာ္နယ္ဒိုဟာ ျပီးခဲ႔တဲ႔ စီးရီးေအပြဲစဥ္မွာ ဒီရာသီဂ်ဴဗင္တပ္အတြက္ လိဂ္ဂိုး ၂၀ျပည္႔ကို သြင္းယူႏိုင္ခဲ႔ျပီး မက္ဆီထက္အရင္ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ လိဂ္သြင္းဂိုး ၂၀ျပည္႔ခဲ႔ပါတယ္။ သူ႔အေနနဲ႔ ဥေရာပထိပ္တန္းလိဂ္ ၅ခုမွာ ၁၂ရာသီဆက္တိုက္ လိဂ္သြင္းဂိုး ၂၀ သြင္းႏိုင္တဲ႔သူလည္း ျဖစ္လာပါတယ္။ မက္ဆီကေတာ႔ ဒီရာသီမွာ ဘာစီလိုနာအတြက္ လိဂ္သြင္းဂိုး ၁၉ဂိုး သြင္းထားျပီး စီေရာ္နယ္ဒိုက ဂိုး ၂၀ အရင္ျပည္႔သြားတာပါ။ ျပီးခဲ႔တဲ့ ၁၃ႏွစ္တာ ကာလအတြင္းမွာ သူတို႔ ၂ေယာက္ရဲ႔ ဂိုးသြင္းတိုက္ပြဲကလည္း ျပင္းထန္ခဲ႔ပါတယ္။ လက္ရွိအခ်ိန္အထိ မွတ္တမ္းေတြအရ ၁၃ႏွစ္အတြင္းမွာ မက္ဆီက လိဂ္သြင္းဂိုး သီးသန္႔ ၄၃၂ဂိုး သြင္းထားႏိုင္ခဲ႔ျပီး စီေရာ္နယ္ဒိုက ၄၀၁ဂိုး သြင္းယူထားပါတယ္။ စီေရာ္နယ္ဒိုထက္ မက္ဆီက ၃၁ဂိုး ပိုျပီး အသာရေနတဲ႔ သေဘာပါ။

လက္ရွိ ေဘာလံုးရာသီကိုဖယ္လိုက္ရင္ ျပီးခဲ႔တဲ႕ ၁၃ရာသီမွာ စီေရာ္နယ္ဒိုက မက္ဆီထက္ လိဂ္သြင္းဂိုး ၅ ၾကိမ္အသာစီးရခဲ႔ျပီး မက္ဆီကေတာ႔ ၇ၾကိမ္ အသာစီးရထားပါတယ္။ ဒီ ၁၃ႏွစ္အတြင္းမွာ စီေရာ္နယ္ဒိုက မန္ယူ၊ ရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္တို႔လို မတုညီတဲ႔ လိဂ္နဲ႔ အသင္းေတြမွာ သြင္းယူႏိုင္ခဲ႔တာျဖစ္ျပီး မက္ဆီက ဘာစီလိုနာတစ္သင္းတည္း အတြက္သာ သြင္းယူေပးႏိုင္ခဲ႔တာျဖစ္ပါတယ္။ ၁၃ႏွစ္အတြင္း လိဂ္ဂိုး ၃၀နဲ႔အထက္ကို စီးေရာ္နယ္ဒိုက ၆ၾကိမ္သြင္းႏိုင္ခဲ႔ျပီး မက္ဆီက ၇ၾကိမ္ ရွွိပါတယ္။ စီေရာ္နယ္ဒိုရဲ႔ အေကာင္းဆံုး ဂိုးသြင္းႏႈန္းက ရီး၇ဲလ္မွာ ကစားစဥ္ ၂၀၁၄-၁၅ ေဘာလံုးရာသီမွာ လိဂ္ဂိုး ၄၈ဂိုး ရခဲ႔တာျဖစ္ျပီး မက္ဆီရဲ႔ အေကာင္းဆံုး မွတ္တမ္းကေတာ႔ ၂၀၁၁-၁၂ ရာသီတုန္းက လိဂ္ဂိုး ၅၀ ရခဲ႔တာျဖစ္ပါတယ္။