ႀကိဳးၾကာနီဘက္ကို သြင္းယူခဲ့တဲ့ ႂကြက္ကေလးရဲ႕ Solo Goal က လူမႈမီဒီယာမွာ ေရပန္းစားေန

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ကန္တီဟာ တနဂၤေႏြေန႔က လီဗာပူးကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ယခုရာသီ သူ႕ရဲ႕ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးအျဖစ္ ပြဲၾကည့္ပရိသတ္ေတြ ထုိင္ေနရာကေန မတ္တပ္ရပ္သြားေစတဲ့အထိ လွပတဲ့သြင္းဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

ခ်ဲလ္ဆီးအသင္း ၀-၂ ဂိုးနဲ႔အေရးနိမ့္ေနစဥ္ ပြဲခ်ိန္မိနစ္ ၇၀ အေရာက္ ကန္တီက ပင္နယ္တီဧရိယာထိပ္ တစ္ေယာက္တည္းဆြဲေျပးကာ အေပၚေထာင့္ထဲ လွပတဲ့ကန္ခ်က္နဲ႔အတူ ၁-၂ ဂိုးရလဒ္ျဖစ္ေစခဲ့တာပါ။ သူဟာ ကြင္းလယ္ဘယ္ေတာင္ပံကေန ေဘာလုံးလက္ခံရရွိခဲ့ၿပီးေနာက္ ဘီးကုပ္ထိပ္ကေန ဆြဲေျပးလာပါတယ္။

Photo Credit

အဲဒီေနရာမွာ သူ႕ကို တားဆီးဖုိ႔ ေရာက္လာတဲ့လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳ အရွိန္မထိန္းႏိုင္ေအာင္ လွည့္စားကာ ကန္တီက တစ္ပတ္လွည့္ဆြဲေျပးၿပီး လီဗာပူးဗဟိုခံစစ္မွဴး ၂ဦးတားထားတ့ဲၾကားထဲကေန ဂိုးသမား အက္ဒရီယန္ရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲ ေသခ်ာခ်ိန္ကန္သြားတာပါ။

Photo Credit

အဲဒီေနာက္ လူမႈမီဒီယာမွာ ကန္တီရဲ႕ဂိုးနဲ႔ပတ္သက္လုိ႔ ခ်ီးက်ဴးထားတဲ့ပုိ႔စ္ေတြ အမ်ားအျပားတက္လာပါတယ္။ ”ကန္တီရဲ႕လွပတဲ့သြင္းဂိုးကို အားလုံးၾကည့္႐ႈေနပါတယ္”။ ”ကန္တီဆီကေန အံ့အားသင့္စရာေကာင္းတဲ့တစ္ဦးခ်င္းထူးခၽြန္မႈစေကးကို ျမင္ေတြ႕ခဲ့တာပါ။ ဟာဇက္အတုိင္းပဲ”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ကန္တီရဲ႕ဂုိးက ခ်ဲလ္ဆီးကို အိမ္ကြင္းအ႐ံႈးကေန မကယ္တင္ႏိုင္ခဲ့ဘဲ ပြဲၿပီးခါနီးမွာ အပိုင္အခြင့္အေရးအတြက္ အသုံးမခ်ႏိုင္ခဲ့လု႔ိ ခ်ဲလ္ဆီးလည္း လီဗာပူးကို ၁-၂ ဂိုးနဲ႔အေရးနိမ့္သြားခဲ့ရပါတယ္။

Photo Credit

လီဗာပူးကေတာ့ ပထမပိုင္းမွာသြင္းယူခဲ့တဲ့ အာႏုိးလ္နဲ႔ ဖာမီႏိုတုိ႔ရဲ႕ဂိုးေတြေၾကာင့္ ရာသီအစ ၆ပဲြစလုံးအႏုိင္ရရွိကာ ဒုတိယေနရာက လက္ရွိခ်န္ပီယံ မန္စီးတီးကို ၅ မွတ္ဆက္လက္ျဖတ္ထားႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

ကြိုးကြာနီဘက်ကို သွင်းယူခဲ့တဲ့ ကြွက်ကလေးရဲ့ Solo Goal က လူမှုမီဒီယာမှာ ရေပန်းစားနေ

ချဲလ်ဆီးအသင်းကွင်းလယ်လူ ကန်တီဟာ တနင်္ဂနွေနေ့က လီဗာပူးကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယခုရာသီ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးအဖြစ် ပွဲကြည့်ပရိသတ်တွေ ထိုင်နေရာကနေ မတ်တပ်ရပ်သွားစေတဲ့အထိ လှပတဲ့သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်း ဝ-၂ ဂိုးနဲ့အရေးနိမ့်နေစဉ် ပွဲချိန်မိနစ် ၇၀ အရောက် ကန်တီက ပင်နယ်တီဧရိယာထိပ် တစ်ယောက်တည်းဆွဲပြေးကာ အပေါ်ထောင့်ထဲ လှပတဲ့ကန်ချက်နဲ့အတူ ၁-၂ ဂိုးရလဒ်ဖြစ်စေခဲ့တာပါ။ သူဟာ ကွင်းလယ်ဘယ်တောင်ပံကနေ ဘောလုံးလက်ခံရရှိခဲ့ပြီးနောက် ဘီးကုပ်ထိပ်ကနေ ဆွဲပြေးလာပါတယ်။
အဲဒီနေရာမှာ သူ့ကို တားဆီးဖို့ ရောက်လာတဲ့လီဗာပူးကွင်းလယ်လူ ဖာဘင်ညို အရှိန်မထိန်းနိုင်အောင် လှည့်စားကာ ကန်တီက တစ်ပတ်လှည့်ဆွဲပြေးပြီး လီဗာပူးဗဟိုခံစစ်မှူး ၂ဦးတားထားတဲ့ကြားထဲကနေ ဂိုးသမား အက်ဒရီယန်ရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ သေချာချိန်ကန်သွားတာပါ။
အဲဒီနောက် လူမှုမီဒီယာမှာ ကန်တီရဲ့ဂိုးနဲ့ပတ်သက်လို့ ချီးကျူးထားတဲ့ပို့စ်တွေ အများအပြားတက်လာပါတယ်။ ”ကန်တီရဲ့လှပတဲ့သွင်းဂိုးကို အားလုံးကြည့်ရှုနေပါတယ်”။ ”ကန်တီဆီကနေ အံ့အားသင့်စရာကောင်းတဲ့တစ်ဦးချင်းထူးချွန်မှုစကေးကို မြင်တွေ့ခဲ့တာပါ။ ဟာဇက်အတိုင်းပဲ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ကန်တီရဲ့ဂိုးက ချဲလ်ဆီးကို အိမ်ကွင်းအရှုံးကနေ မကယ်တင်နိုင်ခဲ့ဘဲ ပွဲပြီးခါနီးမှာ အပိုင်အခွင့်အရေးအတွက် အသုံးမချနိုင်ခဲ့လု့ိ ချဲလ်ဆီးလည်း လီဗာပူးကို ၁-၂ ဂိုးနဲ့အရေးနိမ့်သွားခဲ့ရပါတယ်။
လီဗာပူးကတော့ ပထမပိုင်းမှာသွင်းယူခဲ့တဲ့ အာနိုးလ်နဲ့ ဖာမီနိုတို့ရဲ့ဂိုးတွေကြောင့် ရာသီအစ ၆ပွဲစလုံးအနိုင်ရရှိကာ ဒုတိယနေရာက လက်ရှိချန်ပီယံ မန်စီးတီးကို ၅ မှတ်ဆက်လက်ဖြတ်ထားနိုင်ခဲ့ပါတယ်။