၃၅ ကိုက္အကြာကေန သူမသန္တဲ့ဘယ္ေျခနဲ႔အတူ အံ့ဖြယ္သြင္းဂိုးဖန္တီးရင္း အသက္အရြယ္က ကိန္းဂဏန္းတစ္ခုဆုိတာကို လက္ေတြ႕သက္ေသျပေနတဲ့ ကာဇိုလာ

Photo Credit

Photo Credit

ဆန္တီကာဇိုလာဆုိတာ စပိန္ႏိုင္ငံသားျဖစ္တာနဲ႔အညီ စေကးေကာင္းတယ္။ မထင္မွတ္တဲ့လွည့္ကြက္ေတြနဲ႔အတူ ကြင္းလယ္မွာ စုိးမုိးကစားႏိုင္တယ္။ အာဆင္နယ္ကစားသမားဘ၀ေနာက္ပိုင္းႏွစ္ေတြမွာ ဒဏ္ရာေတြက ႏွိပ္စက္ခဲ့လို႔သာ အသင္းနဲ႔လမ္းခြဲခဲ့ရတာ။ တကယ္တမ္း အာဆင္နယ္ပရိသတ္ေတြလည္း ကာဇုိလာကို လက္လႊတ္လုိက္ရလုိ႔ ႏွေမ်ာတသသျဖစ္ေနတာ။

Photo Credit

အခု လာလီဂါကို ဗီလာရီးရဲလ္နဲ႔အတူ ျပန္ေရာက္လာေတာ့ ဒဏ္ရာကင္းစင္ၿပံဳးေပ်ာ္ရႊင္ေနတ့ဲကာဇိုလာရဲ႕အရည္အခ်င္းေတြကို ေတြ႕ျမင္လာရၿပီ။ ဒီရာသီမွာ သူ႕ရဲ႕အေရးပါမႈက ပိုမိုထင္ရွားလာတယ္။ အသက္က ၃၄ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ တစ္ကြင္းလုံးလုိက္ကစားရတဲ့ကြင္းလယ္လူအျဖစ္ ဗီလာရီးရဲလ္ကြင္းလယ္ကို ဦးေဆာင္ေမာင္းႏွင္ေနတုန္း။

Photo Credit

လုိအပ္ရင္ အသင္းအတြက္ ဂိုးေတြသြင္းယူေပးဖို႔လည္း ၀န္ေလးသူမဟုတ္။ စေနညက ဗယ္လာဒိုးလစ္နဲ႔ကစားခဲ့တဲ့အိမ္ကြင္းပြဲမွာ ခံစစ္ပိတ္ကစားသြားတဲ့ဗယ္လာဒုိးလစ္ခံစစ္ကို ဗီလာရီးရဲလ္ ထုိးေဖာက္ရခက္ေနတုန္း ပြဲၿပီးခါနီးမွာ ကာဇိုလာက ဦးေဆာင္ဂိုးသြင္းယူရင္း အသင္းေဖာ္ေတြကို Inspire လုပ္ျပလုိက္တယ္။ သူ႕ရဲ႕သြင္းဂိုးက ပင္နယ္တီဂိုးဆုိေပမယ့္ တကယ့္ကို အေရးပါခဲ့တယ္။

Photo Credit

နာက်င္အခ်ိန္ပိုမွာ ဗီလာရီးရဲလ္က ေနာက္ထပ္အႏိုင္ဂိုးသြင္းယူကာ ဂိုးျပတ္ႏိုင္ပြဲဖန္တီးသြားခဲ့တယ္။ အဂၤါညပြဲစဥ္မွာလည္း ကာဇိုလာရဲ႕အံ့မခန္းစြမ္းေဆာင္ရည္ကို ထပ္မံျမင္ေတြ႕ခဲ့ရတယ္။ ဒီတစ္ခါ ပင္နယ္တီကန္သြင္းျပခဲ့တာမဟုတ္ဘဲ သိပ္မျဖစ္ႏိုင္တဲ့အေနအထားကေန လွမ္းကန္သြင္းတာ။ ၿပီးေတာ့ သူအားမသန္တဲ့ ဘယ္ေျခနဲ႔ ၃၅ ကိုက္အကြာကေန ကန္သြင္းျပသြားတာပါ။

Photo Credit

အဲဒီအခ်ိန္မွာ ဗီလာရီးရဲလ္က ဘာစီလုိနာကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ေနခ်ိန္ ကာဇိုလာက သူ႕အသင္းေဖာ္ေတြ စိတ္ဓာတ္တက္ႂကြလာေအာင္ ဦးေဆာင္ကစားရင္း သူ႕အရည္အေသြးကို ထပ္ျပလိုက္တာပါ။ ၿပီးေတာ့ ဂိုးေပါက္မွာေစာင့္ၾကပ္ေနသူက တာစတီဂန္။ ၾကားရက္ ေဒါ့မြန္နဲ႔ပြဲမွာ မာကို႐ူးစ္ရဲ႕ပင္နယ္တီကန္သြင္းခ်က္ကုိေတာင္ လွလွပပကာကြယ္ျပထားသူ။

Photo Credit

အဲဒီအခ်က္အလက္ေတြကို ေပါင္းလုိက္ရင္ ကာဇိုလာရဲ႕သြင္းဂိုးအရည္အေသြးကို ခန္႔မွန္းလုိ႔ရပါတယ္။ ကာဇိုလာက ဘယ္ေျခညာေျခႏွစ္ဘက္စလုံး ေကာင္းေကာင္းအသုံးျပဳႏိုင္သူျဖစ္ေပမယ့္ ဒီလုိအေ၀းကန္ခ်က္မ်ိဳးကေတာ့ ဘယ္သူမဆို ကိုယ္အားသန္ရာနဲ႔ပဲ ကန္သြင္းၾကတာပါ။ ဒီေတာ့ ပရိသတ္ေတြလည္း ကာဇိုလာရဲ႕ဂုိးကို အ႐ူးအမူးျဖစ္သြားၿပီး လူမႈမီဒီယာမွာ ခ်ီးက်ဴးၾကေရာ။

Photo Credit

အဲဒီမွာ တခ်ိဳ႕ေသာအာဆင္နယ္ပရိသတ္ေတြဆုိရင္ အခုခ်ိန္အထိ အဆုံးသတ္ျခင္းမရွိေသးတဲ့ကာဇိုလာကို လက္မလႊတ္သင့္ေသးဘူးလုိ႔ေတာင္ ထင္ျမင္ခ်က္ေပးသြားပါတယ္။ အာဆင္နယ္ကေန ကာဇိုလာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္လာတာ ၁ႏွစ္ေက်ာ္ရွိေနၿပီျဖစ္တာေတာင္ အာဆင္နယ္ပရိသတ္ေတြရဲ႕ရင္ထဲမွာ သူရွိေနဆဲဆုိတာ ၾကည့္ရင္ ကာဇိုလာရဲ႕အေရးပါမႈကို သိႏိုင္ပါတယ္။

Photo Credit

၂၀၁၃ မွာ ဒဏ္ရာေတြက ႏွိပ္စက္၊ ၂၀၁၅ မွာ တစ္ႏွစ္အတြင္း ခြဲစိတ္ကုသမႈ ၈ႀကိမ္ခံယူခဲ့ရသူ၊ ၂၀၁၆ ခုႏွစ္မွာ ကစားသမားဘ၀ကေန အနားယူပါေတာ့လုိ႔ တုိက္တြန္းခံခဲ့ရသူက အဂၤါညမွာေတာ့ မျဖစ္ႏုိင္တဲ့သြင္းဂုိး သြင္းယူသြားၿပီး အေ၀းကြင္းမွာ ပရိသတ္ေတြရဲ႕မတ္တပ္ရပ္ၾသဘာေပးမႈ ခံခဲ့ရပါတယ္။

Photo Credit

Unicode

၃၅ ကိုက်အကွာကနေ သူမသန်တဲ့ဘယ်ခြေနဲ့အတူ အံ့ဖွယ်သွင်းဂိုးဖန်တီးရင်း အသက်အရွယ်က ကိန်းဂဏန်းတစ်ခုဆိုတာကို လက်တွေ့သက်သေပြနေတဲ့ ကာဇိုလာ

ဆန်တီကာဇိုလာဆိုတာ စပိန်နိုင်ငံသားဖြစ်တာနဲ့အညီ စကေးကောင်းတယ်။ မထင်မှတ်တဲ့လှည့်ကွက်တွေနဲ့အတူ ကွင်းလယ်မှာ စိုးမိုးကစားနိုင်တယ်။ အာဆင်နယ်ကစားသမားဘဝနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာတွေက နှိပ်စက်ခဲ့လို့သာ အသင်းနဲ့လမ်းခွဲခဲ့ရတာ။ တကယ်တမ်း အာဆင်နယ်ပရိသတ်တွေလည်း ကာဇိုလာကို လက်လွှတ်လိုက်ရလို့ နှမျောတသသဖြစ်နေတာ။
အခု လာလီဂါကို ဗီလာရီးရဲလ်နဲ့အတူ ပြန်ရောက်လာတော့ ဒဏ်ရာကင်းစင်ပြုံးပျော်ရွှင်နေတဲ့ကာဇိုလာရဲ့အရည်အချင်းတွေကို တွေ့မြင်လာရပြီ။ ဒီရာသီမှာ သူ့ရဲ့အရေးပါမှုက ပိုမိုထင်ရှားလာတယ်။ အသက်က ၃၄ နှစ်ရှိနေပြီဖြစ်ပေမယ့် တစ်ကွင်းလုံးလိုက်ကစားရတဲ့ကွင်းလယ်လူအဖြစ် ဗီလာရီးရဲလ်ကွင်းလယ်ကို ဦးဆောင်မောင်းနှင်နေတုန်း။
လိုအပ်ရင် အသင်းအတွက် ဂိုးတွေသွင်းယူပေးဖို့လည်း ဝန်လေးသူမဟုတ်။ စနေညက ဗယ်လာဒိုးလစ်နဲ့ကစားခဲ့တဲ့အိမ်ကွင်းပွဲမှာ ခံစစ်ပိတ်ကစားသွားတဲ့ဗယ်လာဒိုးလစ်ခံစစ်ကို ဗီလာရီးရဲလ် ထိုးဖောက်ရခက်နေတုန်း ပွဲပြီးခါနီးမှာ ကာဇိုလာက ဦးဆောင်ဂိုးသွင်းယူရင်း အသင်းဖော်တွေကို Inspire လုပ်ပြလိုက်တယ်။ သူ့ရဲ့သွင်းဂိုးက ပင်နယ်တီဂိုးဆိုပေမယ့် တကယ့်ကို အရေးပါခဲ့တယ်။
နာကျင်အချိန်ပိုမှာ ဗီလာရီးရဲလ်က နောက်ထပ်အနိုင်ဂိုးသွင်းယူကာ ဂိုးပြတ်နိုင်ပွဲဖန်တီးသွားခဲ့တယ်။ အင်္ဂါညပွဲစဉ်မှာလည်း ကာဇိုလာရဲ့အံ့မခန်းစွမ်းဆောင်ရည်ကို ထပ်မံမြင်တွေ့ခဲ့ရတယ်။ ဒီတစ်ခါ ပင်နယ်တီကန်သွင်းပြခဲ့တာမဟုတ်ဘဲ သိပ်မဖြစ်နိုင်တဲ့အနေအထားကနေ လှမ်းကန်သွင်းတာ။ ပြီးတော့ သူအားမသန်တဲ့ ဘယ်ခြေနဲ့ ၃၅ ကိုက်အကွာကနေ ကန်သွင်းပြသွားတာပါ။
အဲဒီအချိန်မှာ ဗီလာရီးရဲလ်က ဘာစီလိုနာကို ၂-၀ ဂိုးနဲ့အရေးနိမ့်နေချိန် ကာဇိုလာက သူ့အသင်းဖော်တွေ စိတ်ဓာတ်တက်ကြွလာအောင် ဦးဆောင်ကစားရင်း သူ့အရည်အသွေးကို ထပ်ပြလိုက်တာပါ။ ပြီးတော့ ဂိုးပေါက်မှာစောင့်ကြပ်နေသူက တာစတီဂန်။ ကြားရက် ဒေါ့မွန်နဲ့ပွဲမှာ မာကိုရူးစ်ရဲ့ပင်နယ်တီကန်သွင်းချက်ကိုတောင် လှလှပပကာကွယ်ပြထားသူ။
အဲဒီအချက်အလက်တွေကို ပေါင်းလိုက်ရင် ကာဇိုလာရဲ့သွင်းဂိုးအရည်အသွေးကို ခန့်မှန်းလို့ရပါတယ်။ ကာဇိုလာက ဘယ်ခြေညာခြေနှစ်ဘက်စလုံး ကောင်းကောင်းအသုံးပြုနိုင်သူဖြစ်ပေမယ့် ဒီလိုအဝေးကန်ချက်မျိုးကတော့ ဘယ်သူမဆို ကိုယ်အားသန်ရာနဲ့ပဲ ကန်သွင်းကြတာပါ။ ဒီတော့ ပရိသတ်တွေလည်း ကာဇိုလာရဲ့ဂိုးကို အရူးအမူးဖြစ်သွားပြီး လူမှုမီဒီယာမှာ ချီးကျူးကြရော။
အဲဒီမှာ တချို့သောအာဆင်နယ်ပရိသတ်တွေဆိုရင် အခုချိန်အထိ အဆုံးသတ်ခြင်းမရှိသေးတဲ့ကာဇိုလာကို လက်မလွှတ်သင့်သေးဘူးလို့တောင် ထင်မြင်ချက်ပေးသွားပါတယ်။ အာဆင်နယ်ကနေ ကာဇိုလာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်လာတာ ၁နှစ်ကျော်ရှိနေပြီဖြစ်တာတောင် အာဆင်နယ်ပရိသတ်တွေရဲ့ရင်ထဲမှာ သူရှိနေဆဲဆိုတာ ကြည့်ရင် ကာဇိုလာရဲ့အရေးပါမှုကို သိနိုင်ပါတယ်။
၂၀၁၃ မှာ ဒဏ်ရာတွေက နှိပ်စက်၊ ၂၀၁၅ မှာ တစ်နှစ်အတွင်း ခွဲစိတ်ကုသမှု ၈ကြိမ်ခံယူခဲ့ရသူ၊ ၂၀၁၆ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပါတော့လို့ တိုက်တွန်းခံခဲ့ရသူက အင်္ဂါညမှာတော့ မဖြစ်နိုင်တဲ့သွင်းဂိုး သွင်းယူသွားပြီး အဝေးကွင်းမှာ ပရိသတ်တွေရဲ့မတ်တပ်ရပ်သြဘာပေးမှု ခံခဲ့ရပါတယ်။