၂၀၁၉ ခုနှစ်ကတည်းက ပေ့ါဘာ စာချုပ်သက်တမ်းတိုးလိုပေမယ့် ယူနိုက်တက် ဘာမှမကမ်းလှမ်းခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေ့ါဘာဟာ ၂၀၁၉၊ နွေရာသီကာလအတွင်း အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ တာဝန်ရှိသူတွေဆီ အသိပေးခဲ့ပေမယ့်

မန်ချက်စတာယူနိုက်တက်အသင်းက စာချုပ်သစ်အတွက် ဘာမှကမ်းလှမ်းတာမျိုးမလုပ်ခဲ့ဘူးလို့ သတင်းထွက်နေပါတယ်။

ပေ့ါဘာရဲ့လက်ရှိစာချုပ်က အခုရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်သလို လာမယ့်ဇန်နဝါရီ(၁)ရက်မှာ ကလပ်အသင်းတစ်သင်းနဲ့အပြောင်းအရွှေ့အကြိုသဘောတူညီမှုရယူပိုင်ခွင့်ရှိနေပါပြီ။

ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ပေ့ါဘာဟာ ၂၀၁၉ ခုနှစ်ကတည်းက သူ့ကိုစာချုပ်သစ်အတွက်ကမ်းလှမ်းဖို့အသိပေးခဲ့ပြီး အဲဒီအချိန်မှာ လာလီဂါထိပ်သီး ရီးယဲလ်အပါအဝင်

ဥရောပနာမည်ကျော်ကလပ်အသင်းတွေက ပေ့ါဘာကို ပစ်မှတ်ထားနေကြပေမယ့် ပေ့ါဘာက ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိခဲ့တာကြောင့် အဲဒီအသင်းတွေကို ငြင်းဆန်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ ပေ့ါဘာကို စာချုပ်သက်တမ်းမတိုးဘဲ စာချုပ်လက်ကျန်နောက်ဆုံး(၁)နှစ်အတိုင်းသာ ဆက်သွားဖို့စီစဉ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့ရဲ့ပေါင်(၈၉)သန်းတန်ကစားသမားကို အလွတ်နဲ့လက်လွတ်ဆုံးရှုံးရတော့မှာပါ။

ဒါပေမဲ့ အခုအချိန်မှာ ယူနိုက်တက်အသင်းဟာ သူတို့ဘက်က စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းပေမယ့် ပေ့ါဘာက လက်မခံတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးနေတာကြောင့်

Daily Mail က ယူနိုက်တက်အသင်းရဲ့လုပ်ရပ်က မယုံနိုင်လောက်စရာဖြစ်ပြီး ယူနိုက်တက်အသင်းဟာ ပေ့ါဘာကို သာမန်ကမ်းလှမ်းမှုတစ်ကြိမ်သာပြုလုပ်ခဲ့တယ်လို့ ဖွင့်ချခဲ့ပါတယ်။

ပေ့ါဘာကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ နည်းပြသစ်ဇာဗီရဲ့ဘာစီလိုနာအသင်းလည်းပါဝင်နေပြီး အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲအရ

နာမည်ကျော်ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးအများကြီး မသုံးနိုင်ဘဲ အလွတ်နဲ့သာခေါ်ယူနိုင်တဲ့အနေအထားသာရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ပေ့ါဘာကို ကာလရှည်ပစ်မှတ်ထားနေကြတဲ့ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ PSG အသင်းတို့ဟာလည်း ရာသီကုန်ကျရင် ပေ့ါဘာကို အပြိုင်ကြိုးစားသွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၁၉ ခုနှစ်ကတည်းက ပေါ့ဘာ စာချုပ်သက်တမ်းတိုးလိုပေမယ့် ယူနိုက်တက် ဘာမှမကမ်းလှမ်းခဲ့

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေါ့ဘာဟာ ၂၀၁၉၊ နွေရာသီကာလအတွင်း အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ တာဝန်ရှိသူတွေဆီ အသိပေးခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက စာချုပ်သစ်အတွက် ဘာမှကမ်းလှမ်းတာမျိုးမလုပ်ခဲ့ဘူးလို့ သတင်းထွက်နေပါတယ်။ ပေါ့ဘာရဲ့လက်ရှိစာချုပ်က အခုရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်သလို လာမယ့်ဇန်နဝါရီ(၁)ရက်မှာ ကလပ်အသင်းတစ်သင်းနဲ့အပြောင်းအရွှေ့အကြိုသဘောတူညီမှုရယူပိုင်ခွင့်ရှိနေပါပြီ။

ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ပေါ့ဘာဟာ ၂၀၁၉ ခုနှစ်ကတည်းက သူ့ကိုစာချုပ်သစ်အတွက်ကမ်းလှမ်းဖို့အသိပေးခဲ့ပြီး အဲဒီအချိန်မှာ လာလီဂါထိပ်သီး ရီးယဲလ်အပါအဝင် ဥရောပနာမည်ကျော်ကလပ်အသင်းတွေက ပေါ့ဘာကို ပစ်မှတ်ထားနေကြပေမယ့် ပေါ့ဘာက ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိခဲ့တာကြောင့် အဲဒီအသင်းတွေကို ငြင်းဆန်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သက်တမ်းမတိုးဘဲ စာချုပ်လက်ကျန်နောက်ဆုံး(၁)နှစ်အတိုင်းသာ ဆက်သွားဖို့စီစဉ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့ရဲ့ပေါင်(၈၉)သန်းတန်ကစားသမားကို အလွတ်နဲ့လက်လွတ်ဆုံးရှုံးရတော့မှာပါ။ ဒါပေမဲ့ အခုအချိန်မှာ ယူနိုက်တက်အသင်းဟာ သူတို့ဘက်က စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းပေမယ့် ပေါ့ဘာက လက်မခံတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးနေတာကြောင့် Daily Mail က ယူနိုက်တက်အသင်းရဲ့လုပ်ရပ်က မယုံနိုင်လောက်စရာဖြစ်ပြီး ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို သာမန်ကမ်းလှမ်းမှုတစ်ကြိမ်သာပြုလုပ်ခဲ့တယ်လို့ ဖွင့်ချခဲ့ပါတယ်။

ပေါ့ဘာကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ နည်းပြသစ်ဇာဗီရဲ့ဘာစီလိုနာအသင်းလည်းပါဝင်နေပြီး အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲအရ နာမည်ကျော်ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးအများကြီး မသုံးနိုင်ဘဲ အလွတ်နဲ့သာခေါ်ယူနိုင်တဲ့အနေအထားသာရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ဘာကို ကာလရှည်ပစ်မှတ်ထားနေကြတဲ့ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ PSG အသင်းတို့ဟာလည်း ရာသီကုန်ကျရင် ပေါ့ဘာကို အပြိုင်ကြိုးစားသွားဖို့ရှိနေပါပြီ။