၁၉နာရီအကြာမှာ ပရိသတ် ၁၆.၇ သန်းကျော်ရဲ့ သဘောကျမှု တွေကိုရရှိနေတဲ့ ရော်နယ်ဒိုရေးတဲ့စာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် 4 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ နယူးကာဆယ် အသင်းကို

ဧည့်ခံ ကစားခဲ့ရပြီး အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက်မှာ 4 – 1 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်လာနိုင်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ အဖွင့်ဂိုး ၊

တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်နေခဲ့တဲ့ ပွဲချိန် 62 မိနစ်မှာ ဦးဆောင်ဂိုး တွေကို သွင်းယူ ပေးသွားနိုင်ခဲ့ ပါတယ်။

ယူနိုက်တက် အသင်းဆီ ပြန်ရောက်လာခဲ့တဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ရော်နယ်ဒိုဟာ အသင်းအတွက်

ပွဲထွက်ကစားသမားအနေနဲ့ တစ်ပွဲ ကစား အပြီးမှာပဲ အင်စတာဂရမ်ကနေ တစ်ဆင့် ပိုစ်တစ်ခုတင်ထားခဲ့ပါတယ်။

” ကျွန်တော် အိုးထရက်ဖို့ဒ်ကို ပြန်လာတာက ဒီကွင်းကြီးဟာ ဘာလို့ အိပ်မက်ပြဇာတ်ရုံလို့ နာမည်ကျော်ရသလဲ ဆိုတာ အားလုံးကို ပြန်လည် သတိပေးလိုက်ခြင်းပါပဲ။

ကျွန်တော့် အတွက်တော့ ဒီနေရာက စိတ်ထဲမှာရှိနေတဲ့ အရာတိုင်းကို လက်တွေ့ အကောင်အထည်ဖော်ပြီး ဖြစ်မြောက်အောင် လုပ်နိုင်တဲ့ တကယ့် မှော်ဝင်နေရာ တစ်ခုပါပဲ။”

“ကျွန်တော့် အသင်းဖော်တွေ အားလုံးနဲ့ အတူ၊ ပွဲကြည့်စဉ်မှာ ကျွန်တော်တို့ ရနေကြ အံ့အားသင့်ဖွယ် အားပေးမှုတွေနဲ့သာ ဆိုရင်

ရှေ့လျှောက်ရမယ့် လမ်းမှာ ယုံကြည်မှုတွေနဲ့ ရင်ဆိုင် သွားနိုင်ဦးမှာပါ။

အဆုံးသတ်မှာ ကျွန်တော်တို့ အားလုံး အတူ အောင်ပွဲခံနိုင်လိမ့်မယ် လို့လည်း အကောင်းမြင်ထားပါတယ်။”

“မန်ချက်စတာကို ပြန်လာရတာ သိပ်ဂုဏ်ယူမိပါတယ်။

ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်မှာ ပြန်ကစားရတာအပြင် အသင်းကို ကူညီနိုင်တာ အတွက် အရမ်း ပျော်ရွှင်ရပါတယ်။”

“ ရှေ့ဆက်ကြစို့ သရဲနီတို့ ” ဆိုပြီး ရေးသားထားပါတယ်။

သူရေးထားခဲ့တဲ့ ပိုစ်ဟာ ယူနိုက်တက်ပရိသတ်တွေနဲ့ ရော်နယ်ဒိုရဲ့ အမာခံ ပရိသတ်တွေ က သဘောကျသွားခဲ့ပြီး

နာရီပိုင်း အတွင်းမှာပဲ like ပေးသူ ပရိသတ် 10 သန်း ကျော်သွားတဲ့ post တစ်ခုလည်း ဖြစ်သွားခဲ့ ပါတယ်။

ပိုစ်တင်ပြီး ၁၉နာရီအကြာမှာ ပရိသတ် ၁၆.၇ သန်းကျော်ရဲ့ like တွေကိုရရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၁၉နာရီအၾကာမွာ ပရိသတ္ ၁၆.၇ သန္းေက်ာ္ရဲ႕ သေဘာက်မႈ ေတြကိုရရွိေနတဲ့ ေရာ္နယ္ဒိုေရးတဲ့စာ

ယူႏိုက္တက္ အသင္းဟာ မေန႔ညက ပရီးမီးယားလိဂ္ ပြဲစဥ္ 4 အျဖစ္ အိုးလ္ ထရပ္ဖို႔ဒ္ ကြင္းထဲမွာ နယူးကာဆယ္ အသင္းကို ဧည့္ခံ ကစားခဲ့ရၿပီး အိမ္ကြင္း ပရိသတ္ေတြ ေရွ႕ေမွာက္မွာ 4 – 1 ဆိုတဲ့ ဂိုးျပတ္ ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္လာႏိုင္ခဲ့ၿပီး ပထမပိုင္း ၿပီးဆုံးခါနီးမွာ အဖြင့္ဂိုး ၊ တစ္ဖက္ တစ္ဂိုးစီ သေရ ရလဒ္ ထြက္ေပၚေနခဲ့တဲ့ ပြဲခ်ိန္ 62 မိနစ္မွာ ဦးေဆာင္ဂိုး ေတြကို သြင္းယူ ေပးသြားႏိုင္ခဲ့ ပါတယ္။

ယူႏိုက္တက္ အသင္းဆီ ျပန္ေရာက္လာခဲ့တဲ့ တိုက္စစ္ ကစားသမား ျဖစ္သူ ေရာ္နယ္ဒိုဟာ အသင္းအတြက္ ပြဲထြက္ကစားသမားအေနနဲ႕ တစ္ပြဲ ကစား အၿပီးမွာပဲ အင္စတာဂရမ္ကေန တစ္ဆင့္ ပိုစ္တစ္ခုတင္ထားခဲ့ပါတယ္။

သူက ” ကြၽန္​ေတာ္ အိုးထရက္ဖို႔ဒ္ကို ျပန္လာတာက ဒီကြင္းႀကီးဟာ ဘာလို႔ အိပ္မက္ျပဇာတ္႐ုံလို႔ နာမည္ေက်ာ္ရသလဲ ဆိုတာ အားလုံးကို ျပန္လည္ သတိေပးလိုက္ျခင္းပါပဲ။ ကြၽန္​ေတာ့္ အတြက္ေတာ့ ဒီေနရာက စိတ္ထဲမွာရွိေနတဲ့ အရာတိုင္းကို လက္ေတြ႕ အေကာင္အထည္ေဖာ္ၿပီး ျဖစ္​ေျမာက္ေအာင္ လုပ္ႏိုင္တဲ့ တကယ့္ ေမွာ္ဝင္ေနရာ တစ္ခုပါပဲ။”

“ကြၽန္​ေတာ့္ အသင္းေဖာ္ေတြ အားလုံးနဲ႔ အတူ၊ ပြဲၾကည့္စဥ္မွာ ကြၽန္​ေတာ္တို႔ ရေနၾက အံ့အားသင့္ဖြယ္ အားေပးမႈေတြနဲ႔သာ ဆိုရင္ ေရွ႕ေလွ်ာက္ရမယ့္ လမ္းမွာ ယုံၾကည္မႈေတြနဲ႔ ရင္ဆိုင္ သြားႏိုင္ဦးမွာပါ။ အဆုံးသတ္မွာ ကြၽန္​ေတာ္တို႔ အားလုံး အတူ ေအာင္ပြဲခံႏိုင္လိမ့္မယ္ လို႔လည္း အေကာင္းျမင္ထားပါတယ္။”

“မန္ခ်က္စတာကို ျပန္လာရတာ သိပ္ဂုဏ္ယူမိပါတယ္။ ယူႏိုက္တက္နဲ႔ အတူ ပရီးမီးယားလိဂ္မွာ ျပန္ကစားရတာအျပင္ အသင္းကို ကူညီႏိုင္တာ အတြက္ အရမ္း ေပ်ာ္႐ႊင္ရပါတယ္။” “ ေရွ႕ဆက္ၾကစို႔ သရဲနီတို႔ ” ဆိုၿပီး ​ေရးသားထားပါတယ္။

သူေရးထားခဲ့တဲ့ ပိုစ္ဟာ ယူႏိုက္တက္ပရိသတ္ေတြနဲ႕ ေရာ္နယ္ဒိုရဲ႕ အမာခံ ပရိသတ္ေတြ က သေဘာက်သြားခဲ့ၿပီး နာရီပိုင္း အတြင္းမွာပဲ like ေပးသူ ပရိသတ္ 10 သန္း ေက်ာ္သြားတဲ့ post တစ္ခုလည္း ျဖစ္သြားခဲ့ၿပီး ပိုစ္တင္ၿပီး ၁၉နာရီအၾကာမွာ ပရိသတ္ ၁၆.၇ သန္းေက်ာ္ရဲ႕ like ေတြကိုရရွိေနပါၿပီ။