၁၆ ကီလိုဂရမ်ရှိ ဝက်မတစ်ကောင်အတွက် ထောင်တွင်းဖူဆယ်ပွဲနွှဲနေပြီဖြစ်တဲ့ ဒင်ဟို

photo-the sun

photo-social media

ဘရာဇီးဂန္ထဝင်ကစားသမားဟောင်းကြီးရော်နယ်ဒင်ဟိုကတော့ ပါရာဂွေးထောင်တွင်းက ဖူဆယ်ပြိုင်ပွဲမှာ ဝင်ကစားပြီး သူ့ရဲ့ထောင်ကျနေ့ရက်တွေကို ဖြတ်သန်းနေပါတယ်။ အဲဒီထောင်တွင်းဖူဆယ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းကိုပေးမယ့် ဆုကလည်း တကယ့်ကို အံ့သြစရာပါ။ ဗိုလ်စွဲမယ့်အသင်းဟာ ၁၆ ကီလိုဂရမ်အလေးချိန်ရှိတဲ့ဝက်မတစ်ကောင် ဖြစ်ပါတယ်။

photo-gettyimages

အသက် ၃၉ နှစ်အရွယ် အဲဒီဘာစီလိုနာတိုက်စစ်မှုးဟောင်းအတွက် သူ့ဘဝမှာ အံ့သြစရာအကောင်းဆုံး ဆုဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရော်နယ်ဒင်ဟိုဟာ အဓိကကစားခဲ့တဲ့ကလပ်အသင်းဘာစီလိုနာမှာရော ဘရာဇီးလက်ရွေးစင်အသင်းမှာပါ ကြီးကျယ်ခမ်းနားတဲ့ဆုဖလားအောင်မြင်မှုတွေရရှိခဲ့တာပါ။ ကလပ်အသင်းဘာစီလိုနာနဲ့ ချန်ပီယံလိဂ်၊ လာလီဂါဆုဖလားတွေရရှိခဲ့ပြီး နိုင်ငံအသင်းဘရာဇီးနဲ့ဆိုရင်လည်း အားလုံးမက်မောရတဲ့ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ အခုတော့ သူဟာ ဝက်မတစ်ကောင်အတွက် အကျဉ်းသားတွေနဲ့အတူ ဘောလုံးကစားနေရပါပြီ။

photo-reuters

ဒါဟာ သင်ခန်းစာယူစရာကောင်းတဲ့ ဘဝအချိုးအကွေ့လည်း ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟို သူ့အေးဂျင့်အဖြစ်လည်းတာဝန်ယူထားတဲ့အစ်ကိုဖြစ်သူနဲ့အတူ ပက်စ်ပို့အတုတွေနဲ့ ပါရာဂွေးနိုင်ငံထဲဝင်ရောက်ခဲ့လို့ ထောင်ထဲရောက်နေပြီး အဲဒီကနေ တရားရင်ဆိုင်ရမှာပါ။ သူပြစ်မှုကျူးလွန်တယ်ဆိုတာ မသိခဲ့ကြောင်း အဲဒီဘရာဇီးသားကတော့ ထွက်ဆိုထားပါတယ်။

[Zawgyi]

၁၆ ကီလိုဂရမ္ရွိ ၀က္မတစ္ေကာင္အတြက္ ေထာင္တြင္းဖူဆယ္ပဲြႏႊဲေနၿပီျဖစ္တဲ့ ဒင္ဟို

ဘရာဇီးဂႏၳ၀င္ကစားသမားေဟာင္းႀကီးေရာ္နယ္ဒင္ဟိုကေတာ့ ပါရာေဂြးေထာင္တြင္းက ဖူဆယ္ၿပိဳင္ပြဲမွာ ၀င္ကစားၿပီး သူ႔ရဲ႕ေထာင္က်ေန႔ရက္ေတြကို ျဖတ္သန္းေနပါတယ္။ အဲဒီေထာင္တြင္းဖူဆယ္ၿပိဳင္ပြဲမွာ ဗုိလ္စြဲမယ့္အသင္းကုိေပးမယ့္ ဆုကလည္း တကယ့္ကို အ့ံၾသစရာပါ။ ဗုိလ္စြဲမယ့္အသင္းဟာ ၁၆ ကီလိုဂရမ္အေလးခ်ိန္ရွိတဲ့၀က္မတစ္ေကာင္ ျဖစ္ပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ အဲဒီဘာစီလိုနာတိုက္စစ္မႈးေဟာင္းအတြက္ သူ႔ဘ၀မွာ အံ့ၾသစရာအေကာင္းဆုံး ဆုျဖစ္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေရာ္နယ္ဒင္ဟုိဟာ အဓိကကစားခဲ့တဲ့ကလပ္အသင္းဘာစီလိုနာမွာေရာ ဘရာဇီးလက္ေရြးစင္အသင္းမွာပါ ႀကီးက်ယ္ခမ္းနားတဲ့ဆုဖလားေအာင္ျမင္မႈေတြရရွိခဲ့တာပါ။ ကလပ္အသင္းဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္၊ လာလီဂါဆုဖလားေတြရရွိခဲ့ၿပီး ႏိုင္ငံအသင္းဘရာဇီးနဲ႔ဆိုရင္လည္း အားလုံးမက္ေမာရတဲ့ ကမာၻ႔ဖလားႀကီးကို ကိုင္ေျမွာက္ႏိုင္ခဲ့တာပါ။ အခုေတာ့ သူဟာ ၀က္မတစ္ေကာင္အတြက္ အက်ဥ္းသားေတြနဲ႔အတူ ေဘာလုံးကစားေနရပါၿပီ။

ဒါဟာ သင္ခန္းစာယူစရာေကာင္းတဲ့ ဘ၀အခ်ိဳးအေကြ႕လည္း ျဖစ္ပါတယ္။ ေရာ္နယ္္ဒင္ဟို သူ႔ေအးဂ်င့္အျဖစ္လည္းတာ၀န္ယူထားတဲ့အစ္ကိုျဖစ္သူနဲ႔အတူ ပက္စ္ပုိ႔အတုေတြနဲ႔ ပါရာေဂြးႏုိင္ငံထဲ၀င္ေရာက္ခဲ့လုိ႔ ေထာင္ထဲေရာက္ေနၿပီး အဲဒီကေန တရားရင္ဆိုင္ရမွာပါ။ သူျပစ္မႈက်ဴးလြန္တယ္ဆိုတာ မသိခဲ့ေၾကာင္း အဲဒီဘရာဇီးသားကေတာ့ ထြက္ဆိုထားပါတယ္။