ဥရောပ စူပါလိဂ်နဲ့ ပတ်သက်ပြီး ကစားသမားတွေကို သတိပေးလိုက်တဲ့ FIFA

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပ စူပါလိဂ်မှာ ပါဝင်တဲ့ ကစားသမားတွေကို FIFA ကနေ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ကစားခွင့် ပိတ်ပင်သွားမယ်လို့ ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။ FIFA နှင့် ဥရောပ ဘောလုံးအဖွဲ့ချုပ် ( UEFA ) အပါအဝင် ကမ္ဘာ့တိုက်ကြီး ( ၆ ) ခုရဲ့ ဘောလုံးအဖွဲ့ချုပ်တွေကလည်း အဆိုပါ ပြိုင်ပွဲမျိုးကို အသိအမှတ်မပြုသင့်ကြောင်း ပြောဆိုထားပါတယ်။

ဥရောပ စူပါလိဂ် ကျင်းပရေး အဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ အဆိုပါ ပြိုင်ပွဲက ချန်ပီယံလိဂ်အပေါ် သက်ရောက်မှု ကြီးမားနိုင်တာ တွေ့ရပါတယ်။ ဘာစီလိုနာ ဥက္ကဌဟောင်း ဘာတိုမြူက ဘာစီလိုနာအသင်းအနေနဲ့ စူပါလိဂ်မှာ ကစားဖို့ လက်ခံခဲ့ကြောင်း ပြောကြားထားပါတယ်။

FIFA က ထုတ်ပြန်ချက်မှာ ” မီဒီယာတွေ ဖော်ပြနေတဲ့ ဥရောပ ကလပ်အချို့ပါဝင်မယ့် ဥရောပါ စူပါလိဂ် ပြိုင်ပွဲကို FIFA အပါအဝင် ၊ အခြားသော တိုက်ကြီး ( ၆ )တိုက်က ဘောလုံး ဖွဲ့ချုပ်တွေ ဖြစ်တဲ့ ( AFC ၊ CAF ၊ Concacaf ၊ Conmebol၊ OFC နှင့် UEFA ) တို့က အဆိုပါ ပြိုင်ပွဲကို အသိအမှတ် ပြုမှာ မဟုတ်ကြောင်း တင်ပြအပ်ပါတယ်။ ” ဟု ဆိုထားပါတယ်။

” အဆိုပါ ပြိုင်ပွဲမှာ ပါဝင်ပတ်သက်တဲ့ ကစားသမားတွေနေနဲ့ FIFA နှင့် အခြားသော အဖွဲ့ချုပ်တွေကနေ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ကစားခွင့်မရတဲ့ အကျိုးဆက်တွေ ရှိလာမှာ ဖြစ်ပါတယ်။ ” Source : BBC

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဥေရာပ စူပါလိဂ္နဲ႔ ပတ္သက္ၿပီး ကစားသမားေတြကို သတိေပးလိုက္တဲ့ FIFA

ဥေရာပ စူပါလိဂ္မွာ ပါဝင္တဲ့ ကစားသမားေတြကို FIFA ကေန က်င္းပတဲ့ ၿပိဳင္ပြဲေတြမွာ ကစားခြင့္ ပိတ္ပင္သြားမယ္လို႔ ၾကာသပေတးေန႔မွာ သတိေပးလိုက္ပါတယ္။ FIFA ႏွင့္ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ ( UEFA ) အပါအဝင္ ကမာၻ႔တိုက္ႀကီး ( ၆ ) ခုရဲ႕ ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြကလည္း အဆိုပါ ၿပိဳင္ပြဲမ်ိဳးကို အသိအမွတ္မျပဳသင့္ေၾကာင္း ေျပာဆိုထားပါတယ္။ ဥေရာပ စူပါလိဂ္ က်င္းပေရး အဖြဲ႕ဝင္ေတြရဲ႕ ေျပာဆိုခ်က္အရ အဆိုပါ ၿပိဳင္ပြဲက ခ်န္ပီယံလိဂ္အေပၚ သက္ေရာက္မႈ ႀကီးမားႏိုင္တာ ေတြ႕ရပါတယ္။ ဘာစီလိုနာ ဥကၠဌေဟာင္း ဘာတိုျမဴက ဘာစီလိုနာအသင္းအေနနဲ႔ စူပါလိဂ္မွာ ကစားဖို႔ လက္ခံခဲ့ေၾကာင္း ေျပာၾကားထားပါတယ္။

FIFA က ထုတ္ျပန္ခ်က္မွာ ” မီဒီယာေတြ ေဖာ္ျပေနတဲ့ ဥေရာပ ကလပ္အခ်ိဳ႕ပါဝင္မယ့္ ဥေရာပါ စူပါလိဂ္ ၿပိဳင္ပြဲကို FIFA အပါအဝင္ ၊ အျခားေသာ တိုက္ႀကီး ( ၆ )တိုက္က ေဘာလုံး ဖြဲ႕ခ်ဳပ္ေတြ ျဖစ္တဲ့ ( AFC ၊ CAF ၊ Concacaf ၊ Conmebol၊ OFC ႏွင့္ UEFA ) တို႔က အဆိုပါ ၿပိဳင္ပြဲကို အသိအမွတ္ ျပဳမွာ မဟုတ္ေၾကာင္း တင္ျပအပ္ပါတယ္။ ” ဟု ဆိုထားပါတယ္။ ” အဆိုပါ ၿပိဳင္ပြဲမွာ ပါဝင္ပတ္သက္တဲ့ ကစားသမားေတြေနနဲ႔ FIFA ႏွင့္ အျခားေသာ အဖြဲ႕ခ်ဳပ္ေတြကေန က်င္းပတဲ့ ၿပိဳင္ပြဲေတြမွာ ကစားခြင့္မရတဲ့ အက်ိဳးဆက္ေတြ ရွိလာမွာ ျဖစ္ပါတယ္။ ” Source : BBC