အဲရစ်ဆင်အတွက်ရည်ရွယ်ဂိုးသွင်းအောင်ပွဲခံခဲ့တဲ့ဆွန်ဟောင်မင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူသားပီသတဲ့ စိတ်ဓါတ်၊ အချင်းချင်းရိုင်းပင်းကူညီရမယ်ဆိုတဲ့ စိတ်ဓါတ်ကို အဲရစ်ဆင် တစ်ယောက် ကွင်းအတွင်း လဲကျ သတိလစ်ခဲ့တဲ့ ဖြစ်ရပ်က မီးမောင်းထိုး ပြသခဲ့ပါတယ်။

အဲရစ်ဆင် လဲကျသတိလစ်တဲ့အခါ အဝေးရောက်နေတဲ့ ဘောလုံးလောက သူတွေ အားလုံးကလည်း စိတ်ပူ ပြီး ဆုတောင်း စကားတွေ ပေးပို့မျှဝေကြပါတယ်။

ဒါတင်မကပါဘူး။ အလုပ်သဘောတရားအရ ကွင်းထဲမှာ ဘောလုံး ကစားနေကြပေမယ့် စိတ်အာရုံတွေကတော့ အဲရစ်ဆင်ဆီမှာပါ။

ဂိုးသွင်းနိုင်ပြီး အောင်ပွဲခံတဲ့အခါမှာ လည်း အဲရစ်ဆင်ကို အားပေးစကားတွေပြောပြီး သူ့အတွက် ရည်ရွယ်အောင်ပွဲခံကြပါတယ်။

အင်တာ ကစားသမား လူကာကူဆိုရင်လည်း အဲရစ်ဆင်ကြောင့် စိတ်ထိခိုက်ငိုကြွေးရပြီး၊ ဂိုးသွင်းနိုင်ချိန်မှာ အသင်းဖော်အတွက် အားပေးစကားတွေပြောကာအောင်ပွဲခံခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့စပါးအသင်းတိုက်စစ်မှူးဆွန်ဟောင်မင်ကလည်း လက်ဘနွန်အသင်းကိုအနိုင်ရတဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်မှာ စပါးအသင်းဖော်ဟောင်းအဲရစ်ဆင်အတွက် ရည်ရွယ်ဂိုးသွင်း အောင်ပွဲခံခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာလက်ဘနွန်နဲ့ကစားတဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်တွင် ပွဲချိန်၆၅မိနစ်မှာပယ်နယ်တီကနေတစ်ဆင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်

စပါးအသင်းမှာအဲရစ်ဆင်ကစားချိန်ကဝတ်ဆင်ခဲ့တဲ့ဂျာစီနံပါတ်ကိုရည်ညွှန်းတဲ့ပုံစံနဲ့ လက်နှစ်ဖက်က 2 နဲ့ 3 ထောင်ပြခဲ့ပါတယ်။

2 နဲ့ 3 ထောင်ပြရင်းနဲ့ ဆွန်ဟောင်မင်ဟာ အနီးဆုံးမှာရှိတဲ့ကင်မရာနားကိုသွားကာ”အဲရစ်ဆင်မင်းကိုငါချစ်ပါတယ်။

အမြန်ဆုံးကျန်းမာသက်သာပါစေ။

ကြံ့ခိုင်ကျန်းမာအောင်နေပါ” လို့အော်ဟစ်ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ စီးရီးအေကလပ် အင်တာမီလန်အသင်းအတွက် ပါဝင်ကစားနေတဲ့ အဲရစ်ဆင်ဟာ မိခင်နိုင်ငံဒိန်းမတ်နဲ့ ယူရို ၂၀၂၀ အုပ်စုအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားချိန်အတွင်း ကွင်းအတွင်းလဲကျခဲ့တာဖြစ်ပြီး၊ အခုချိန်မှာတော့ နေကောင်း သက်သာနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဲရစ္ဆင္အတြက္ရည္႐ြယ္ဂိုးသြင္းေအာင္ပြဲခံခဲ့တဲ့ဆြန္ေဟာင္မင္

လူသားပီသတဲ့ စိတ္ဓါတ္၊ အခ်င္းခ်င္း႐ိုင္းပင္းကူညီရမယ္ဆိုတဲ့ စိတ္ဓါတ္ကို အဲရစ္ဆင္ တစ္ေယာက္ ကြင္းအတြင္း လဲက် သတိလစ္ခဲ့တဲ့ ျဖစ္ရပ္က မီးေမာင္းထိုး ျပသခဲ့ပါတယ္။ အဲရစ္ဆင္ လဲက်သတိလစ္တဲ့အခါ အေဝးေရာက္ေနတဲ့ ေဘာလုံးေလာက သူေတြ အားလုံးကလည္း စိတ္ပူ ၿပီး ဆုေတာင္း စကားေတြ ေပးပို႔မွ်ေဝၾကပါတယ္။ ဒါတင္မကပါဘူး။ အလုပ္သေဘာတရားအရ ကြင္းထဲမွာ ေဘာလုံး ကစားေနၾကေပမယ့္ စိတ္အာ႐ုံေတြကေတာ့ အဲရစ္ဆင္ဆီမွာပါ။

ဂိုးသြင္းႏိုင္ၿပီး ေအာင္ပြဲခံတဲ့အခါမွာ လည္း အဲရစ္ဆင္ကို အားေပးစကားေတြေျပာၿပီး သူ႔အတြက္ ရည္႐ြယ္ေအာင္ပြဲခံၾကပါတယ္။ အင္တာ ကစားသမား လူကာကူဆိုရင္လည္း အဲရစ္ဆင္ေၾကာင့္ စိတ္ထိခိုက္ငိုေႂကြးရၿပီး၊ ဂိုးသြင္းႏိုင္ခ်ိန္မွာ အသင္းေဖာ္အတြက္ အားေပးစကားေတြေျပာကာေအာင္ပြဲခံခဲ့ပါတယ္။

ေတာင္ကိုရီးယားနဲ႔စပါးအသင္းတိုက္စစ္မႉးဆြန္ေဟာင္မင္ကလည္း လက္ဘႏြန္အသင္းကိုအႏိုင္ရတဲ့ကမာၻဖလားေျခစစ္ပြဲစဥ္မွာ စပါးအသင္းေဖာ္ေဟာင္းအဲရစ္ဆင္အတြက္ ရည္႐ြယ္ဂိုးသြင္း ေအာင္ပြဲခံခဲ့ပါတယ္။

ဆြန္ေဟာင္မင္ဟာလက္ဘႏြန္နဲ႔ကစားတဲ့ကမာၻဖလားေျခစစ္ပြဲစဥ္တြင္ ပြဲခ်ိန္၆၅မိနစ္မွာပယ္နယ္တီကေနတစ္ဆင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္စပါးအသင္းမွာအဲရစ္ဆင္ကစားခ်ိန္ကဝတ္ဆင္ခဲ့တဲ့ဂ်ာစီနံပါတ္ကိုရည္ၫႊန္းတဲ့ပုံစံနဲ႔ လက္ႏွစ္ဖက္က 2 နဲ႔ 3 ေထာင္ျပခဲ့ပါတယ္။

2နဲ႔ 3 ေထာင္ျပရင္းနဲ႔ ဆြန္ေဟာင္မင္ဟာ အနီးဆုံးမွာရွိတဲ့ကင္မရာနားကိုသြားကာ”အဲရစ္ဆင္မင္းကိုငါခ်စ္ပါတယ္။ အျမန္ဆုံးက်န္းမာသက္သာပါေစ။ ႀကံ့ခိုင္က်န္းမာေအာင္ေနပါ” လို႔ေအာ္ဟစ္ေျပာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ စီးရီးေအကလပ္ အင္တာမီလန္အသင္းအတြက္ ပါဝင္ကစားေနတဲ့ အဲရစ္ဆင္ဟာ မိခင္ႏိုင္ငံဒိန္းမတ္နဲ႔ ယူ႐ို ၂၀၂၀ အုပ္စုအဖြင့္ပြဲစဥ္မွာ ပါဝင္ကစားခ်ိန္အတြင္း ကြင္းအတြင္းလဲက်ခဲ့တာျဖစ္ၿပီး၊ အခုခ်ိန္မွာေတာ့ ေနေကာင္း သက္သာေနပါၿပီ။