photo-PA
photo-gettyimages
အာတီတာဟာ အာဆယ်နယ်ရဲ့နည်းပြသစ်ဖြစ်လာဖို့ သဘောတူညီခဲ့ပြီး လာမယ့်စနေကစားမယ့် အဲဗာတန်နဲ့ပွဲမှာ စကိုင်လိမ့်မယ်လို့ ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။ နောက်ထပ်ဆွေးနွေးမှုတွေအပြီးမှာ အဲဒီစပိန်သားဟာ ၃ နှစ်ခွဲစာချုပ်အတွက် သဘောတူညီခဲ့တယ်လို့ အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Mirror က ဖော်ပြခဲ့တာပါ။ အောက်စ်ဖို့ဒ်နဲ့ကစားမယ့် မန်စီးတီးရဲ့ကာရာဘောင်းဖလားပွဲမှာတော့ အာတီတာဟာ လက်ထောက်အဖြစ် ဂွါဒီယိုလာရဲ့ဘေးနားမှာ ရှိနေဦးမှာပါ။
photo-gettyimages
ဒါပေမဲ့ အဲဒီပွဲပြီးရင်းလည်း အာတီတာဟာ အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ အဲဗာတန်နဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲအမီ အာတီတာကို ခန့်အပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အာတီတာဟာ ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် ၂၀၁၆ မှာ မန်စီးတီးကို ဂွါဒီယိုလာစကိုင်ကတည်းက အဲဒီဘာစီလိုနာနည်းပြဟောင်းရဲ့လက်ထောက်အဖြစ် ရှိနေခဲ့တာပါ။
photo-gettyimages
သူဟာ ၂၀၁၁ သြဂုတ်မှာ ဝင်းဂါးရဲ့ခေါ်ယူမှုနဲ့ အမ်းမရိတ်စ်ကို ရောက်လာပြီးနောက် ကစားသမားတစ်ယောက်အနေနဲ့ အာဆင်နယ်မှာ ၅ နှစ်ကြာဖြတ်သန်းခဲ့တာပါ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့လမှာ အမ်မရီကိုထုတ်ပယ်ပြီးနောက် ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး နည်းပြသစ်ရှာပုံတော်ဖွင့်နေခဲ့တာပါ။ အခုတော့ အာတီတာကို နည်းပြသစ်အဖြစ် အနှေးနဲ့အမြန်ခန့်အပ်နိုင်တော့မှာ ဖြစ်ပါတယ်။
[Zawgyi]
အာဆင္နယ္နည္းျပသစ္ျဖစ္လာဖို႔ အာတီတာသေဘာတူညီခဲ့ၿပီး အသင္းေဟာင္းအဲဗာတန္နဲ႔ပဲြ စကုိင္မယ္
အာတီတာဟာ အာဆယ္နယ္ရဲ႕နည္းျပသစ္ျဖစ္လာဖို႔ သေဘာတူညီခဲ့ၿပီး လာမယ့္စေနကစားမယ့္ အဲဗာတန္နဲ႔ပဲြမွာ စကိုင္လိမ့္မယ္လို႔ ထြက္ေပၚလာတဲ့သတင္းေတြအရ သိရပါတယ္။ ေနာက္ထပ္ေဆြးေႏြးမႈေတြအၿပီးမွာ အဲဒီစပိန္သားဟာ ၃ ႏွစ္ခြဲစာခ်ဳပ္အတြက္ သေဘာတူညီခဲ့တယ္လို႔ အဂၤလန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ The Mirror က ေဖာ္ျပခဲ့တာပါ။ ေအာက္စ္ဖို႔ဒ္နဲ႔ကစားမယ့္ မန္စီးတီးရဲ႕ကာရာေဘာင္းဖလားပြဲမွာေတာ့ အာတီတာဟာ လက္ေထာက္အျဖစ္ ဂြါဒီယိုလာရဲ႕ေဘးနားမွာ ရွိေနဦးမွာပါ။
ဒါေပမဲ့ အဲဒီပြဲၿပီးရင္းလည္း အာတီတာဟာ အာဆင္နယ္အသင္းနဲ႔ ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဘက္ကေတာ့ အဲဗာတန္နဲ႔ပရီးမီးယားလိဂ္အေ၀းကြင္းပြဲအမီ အာတီတာကို ခန္႔အပ္ႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။ အာတီတာဟာ ကစားသမားဘ၀ကေန အနားယူၿပီးတဲ့ေနာက္ ၂၀၁၆ မွာ မန္စီးတီးကို ဂြါဒီယိုလာစကိုင္ကတည္းက အဲဒီဘာစီလိုနာနည္းျပေဟာင္းရဲ႕လက္ေထာက္အျဖစ္ ရွိေနခဲ့တာပါ။
သူဟာ ၂၀၁၁ ၾသဂုတ္မွာ ၀င္းဂါးရဲ႕ေခၚယူမႈနဲ႔ အမ္းမရိတ္စ္ကို ေရာက္လာၿပီးေနာက္ ကစားသမားတစ္ေယာက္အေနနဲ႔ အာဆင္နယ္မွာ ၅ ႏွစ္ၾကာျဖတ္သန္းခဲ့တာပါ။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့လမွာ အမ္မရီကိုထုတ္ပယ္ၿပီးေနာက္ ယြန္းဘတ္ကို ယာယီနည္းျပအျဖစ္ ခန္႔အပ္ခဲ့ၿပီး နည္းျပသစ္ရွာပုံေတာ္ဖြင့္ေနခဲ့တာပါ။ အခုေတာ့ အာတီတာကို နည္းျပသစ္အျဖစ္ အေႏွးနဲ႔အျမန္ခန္႔အပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။