အသင်းမှန်သမျှ ဂိုးသွင်းနိုင်ရမယ်လို့ ရည်ရွယ်ထားလား စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာခရိုတွန်အသင်းကိုအနိုင်ရတဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ကမ္ဘာ့ဘောလုံးလောကမှာခေါင်းတိုက်ဂိုးအများဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ်သမိုင်းစံချိန်အသစ်တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ လက်ရှိစီးရီးအေကလပ်အသင်းအားလုံးကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ပထမပိုင်းမှာပဲ ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီးတော့ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ သွင်းဂိုး ၁၈ ဂိုးအထိ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် ဂိုးပိုသွင်းနိုင်မယ့် အလားအလာတွေ ရှိနေခဲ့ပါတယ်။

အသက် ၃၆နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ကစားသမားဘဝအတွင်း ခေါင်းတိုက်ဂိုးပေါင်း ၁၃၃ ဂို းသွင်းယူနိုင်သူဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကိုရောက်ရှိပြီးနောက် စီးရီးအေ ဂိုးပေါင်း ၇၀ အပါအဝင် ပြိုင်ပွဲအရပ်ရပ်မှာ ဂိုးပေါင်း ၉၀ သွင်းယူထားပေးထားပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗီကစားသမားဘဝမှာ သူဂိုးမသွင်းနိုင်တဲ့ တစ်ခုတည်းသော အသင်းကတော့ ချီယေဗိုတစ်သင်းတည်းသာ ရှိနေခဲ့ပါတယ်။ ချီယေဗိုကတော့ လက်ရှိမှာ စီးရီးဘီမှာ ကစားနေတာဖြစ်ပြီး ရော်နယ်ဒို ရောက်ရှိခဲ့တဲ့ ရာသီမှာပဲ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ ခရိုတွန်အသင်း ကတော့ ရော်နယ်ဒိုရဲ့ ဥရောပထိပ်တန်းလိဂ်တွေမှာ ကျင်လည်ခဲ့တဲ့ သက်တမ်းတစ်လျှောက် သူဂိုးသွင်းနိုင်ခဲ့တဲ့ ၇၈ သင်းမြောက် အသင်းဖြစ်လာခဲ့ပါတယ်။

အခြား ထွက်ပေါ်ထားတဲ့သတင်းတွေအရကတော့ ရော်နယ်ဒိုက ရာသီကုန်မှာ အသင်းသစ်ရှာဖွေဖို့ အေးဂျင့်ဖြစ်သူကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုကတော့ ဘယ်အသင်းမှာပဲဖြစ်ဖြစ် ခြေစွမ်းကောင်းပြပြီး၊ မှတ်တမ်းကောင်းတွေ ယူနေမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းမွန္သမွ် ဂိုးသြင္းႏိုင္ရမယ္လို႔ ရည္႐ြယ္ထားလား စီေရာ္နယ္ဒို

ေပၚတူဂီတိုက္စစ္မႉးစီေရာ္နယ္ဒိုဟာခ႐ိုတြန္အသင္းကိုအႏိုင္ရတဲ့ပြဲမွာဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ကမာၻ႔ေဘာလုံးေလာကမွာေခါင္းတိုက္ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ကစားသမားအျဖစ္သမိုင္းစံခ်ိန္အသစ္တင္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ေရာ္နယ္ဒိုဟာ လက္ရွိစီးရီးေအကလပ္အသင္းအားလုံးကို ဂိုးသြင္းယူႏိုင္တဲ့ ကစားသမားအျဖစ္ လည္းမွတ္တမ္းဝင္ခဲ့ပါတယ္။ပထမပိုင္းမွာပဲ ေရာ္နယ္ဒိုက ႏွစ္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီးေတာ့ ဒီရာသီစီးရီးေအၿပိဳင္ပြဲမွာ သြင္းဂိုး ၁၈ ဂိုးအထိ ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကထက္ ဂိုးပိုသြင္းႏိုင္မယ့္ အလားအလာေတြ ရွိေနခဲ့ပါတယ္။

အသက္ ၃၆ႏွစ္အ႐ြယ္ရွိစီေရာ္နယ္ဒိုဟာ ကစားသမားဘဝအတြင္းေခါင္းတိုက္ဂိုးေပါင္း၁၃၃ဂိုးသြင္းယူႏိုင္သူျဖစ္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးစီေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္အသင္းကိုေရာက္ရွိၿပီးေနာက္စီးရီးေအ ဂိုးေပါင္း၇၀အပါအဝင္ၿပိဳင္ပြဲအရပ္ရပ္မွာဂိုးေပါင္း၉၀သြင္းယူထားေပးထားပါတယ္။

​ေရာ္နယ္ဒိုဟာ ဂ်ဴဗီကစားသမားဘဝမွာ သူဂိုးမသြင္းႏိုင္တဲ့ တစ္ခုတည္းေသာ အသင္းကေတာ့ ခ်ီေယဗိုတစ္သင္းတည္းသာ ရွိေနခဲ့ပါတယ္။ ခ်ီေယဗိုကေတာ့ လက္ရွိမွာ စီးရီးဘီမွာ ကစားေနတာျဖစ္ၿပီး ေရာ္နယ္ဒို ေရာက္ရွိခဲ့တဲ့ ရာသီမွာပဲ တန္းဆင္းခဲ့ရတာျဖစ္ပါတယ္။ ခ႐ိုတြန္အသင္း ကေတာ့ ေရာ္နယ္ဒိုရဲ႕ ဥေရာပထိပ္တန္းလိဂ္ေတြမွာ က်င္လည္ခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ သူဂိုးသြင္းႏိုင္ခဲ့တဲ့ ၇၈ သင္းေျမာက္ အသင္းျဖစ္လာခဲ့ပါတယ္။

အျခား ထြက္ေပၚထားတဲ့သတင္းေတြအရက​ေတာ့ ေရာ္နယ္ဒိုက ရာသီကုန္မွာ အသင္းသစ္ရွာေဖြဖို႔ ေအးဂ်င့္ျဖစ္သူကို ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။ ​ေရာ္နယ္ဒိုက​ေတာ့ ဘယ္အသင္းမွာပဲျဖစ္ျဖစ္ ​ေျခစြမ္း​ေကာင္းျပၿပီး၊ မွတ္တမ္း​ေကာင္း​ေတြ ယူ​ေနမွာပါ။