အသင်းဖော်ကြောင့် အခက်တွေ့ခဲ့ရတဲ့ ရော်နယ်ဒို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အင်ဒရီ ပီယာလိုရဲ့ ဂျူဗင်တပ် အသင်းက ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ပထမအကျော့ ပွဲစဥ်အဖြစ် ပေါ်တူဂီနိုင်ငံမှာ ပေါ်တိုအသင်းကို သွားရောက်ယှဥ်ပြိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ‌ြေခစွမ်းပြသနိုင်ခြင်း မရှိခဲ့ပဲ ( ၂ – ၁ ) ရလာဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
တူရင် အခြေစိုက် အသင်းဟာ ပွဲအစ ( ၆၁ ) စက္ကန့်မှာပဲ Bentanur ရဲ့ အမှားကနေ ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းအစမှာ Moussa Maregaက ပေါ်တိုအသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် အဖိုးတန် အဝေးဂိုးကို ချီယေးဇာက သွင်းယူပေးခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ အဆိုပါ သွင်းဂိုးမှလွဲပြီး ပွဲစဥ်တစ်လျှောက် စိတ်ပျက်စရာ ခြေစွမ်း ပြသခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုကလည်း တိတ်ဆိတ်နေခဲ့ပြီး ပေါတူဂီ ဂန္တဝင်ကစားသမားရဲ့ ညတစ်ည မဟုတ်ခဲ့ပါဘူး။
ဒါ့အပြင် ပွဲကစားချိန် ( ၆၁ ) မိနစ်မှာ ရော်နယ်ဒိုကို ဒေါသထွက်စေတဲ့ အခိုက်အတန့် ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်း ( ၂ ) ဂိုး အ‌ေရးနိမ့်နေချိန် ရော်နယ်ဒိုက ပြိုင်ဘက် ကစားသမားကို ဖြတ်ကျော်ပြီး ပေါ်တိုအသင်းရဲ့ ဂိုးပေါက်ဆီ ဘောလုံးဆွဲယူမှုပြုလုပ်စဥ် အသင်းဖော် အဲလက် ဆန်ဒရိုက ပြေးလမ်း ပိတ်ဆို့နေခဲ့ပါတယ်။ ဘရာဇီးနောက်ခံလူက ရော်နယ်ဒိုကို ပိတ်ဆို့ခဲ့တဲ့အတွက် ပေါ်တိုအသင်းက ဘောလုံးပိုင်ဆိုင်မှု ပြန်လည်ရရှိသွားခဲ့ပါတယ်။
ဂျူဗင်တပ် နည်းပြ ပီယာလိုက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ “ ပေါ်တိုက ချန်ပီယံလိဂ်မှာ ယခုလိုပုံစံ မကြာခဏ ကစားလေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့လိုချင်တဲ့ ပုံစံအတိုင်း ကစားခွင့်ပြုလိုက်သလို ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဘောလုံးကို အလျင်အမြန် နှင့် အကောင်းဆုံး ပေးပို့နိုင်ဖို့ လိုအပ်ပါတယ်။ ပေါ်တိုက ကွင်းလယ် နေရာလွတ်တွေကို ပိတ်ဆို့ထားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တောင်ပံတွေကို အဓိက အသုံးချခဲ့ရပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi