အသင်းနိုင်ဖို့ မော်ရင်ဟို ဆိုက်ကို ဘယ်လိုသုံးလဲဆိုတာလေ့လာလိုက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြိုင်ဘက်ကို အသာယူနိုင်ဖို့ ခြေစွမ်းရော၊ ဆိုက်ကိုပါ လိုအပ်ပါတယ်။ နည်းပြတွေထဲမှာ မော်ရင်ဟိုကလည်း ဆိုက်ကိုပိုင်းဆိုင်ရာ ဆရာတစ်ဆူပါပဲ။ ဟိုဆေးမော်ရင်ဟိုကခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာတစ်ဂိုးခွင့်ပြုလိုက်ရတဲ့အပေါ်ကျေနပ်နေပြီးအဲဒီသွင်းဂိုးကြောင့်ပဲသူတို့အသင်းအနိုင်ရဖို့တွန်းအားဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။
ဂါရတ်ဘေးလ်နဲ့ ကိန်းတို့ ၂ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်နိုင်ပွဲကြောင့် တော့တင်ဟမ်ဟာ အဆင့် ၆နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၃ပွဲဆက် နိုင်ပွဲအတွင်း တော့တင်ဟမ်တို့ ၉ဂိုးအထိ သွင်းယူခဲ့ကာ ထိပ်သီး၄သင်း မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ နည်းပြကြီးမော်က”ပထမပိုင်းနောက်ဆုံးမိနစ်မှာဂိုးပေးလိုက်ရတော့အဝတ်လဲခန်းထဲကိုဝင်လာခဲ့တဲ့ခံစားချက်ကမကောင်းဘဲနဲ့ဒုတိယပိုင်းအတွက်စတင်တိုင်ပင်ကြပါတယ်”
“ဒါပေမယ့် ပထမပိုင်းအပြီးမှာဂိုးပေးလိုက်ရတာ ပျော်တယ်လို့ ကျွန်တော်ကစားသမားတွေကိုပြောလိုက်ပါတယ်။ ကျွန်တော်ရူးသွားပြီလားလို့ သူတို့ထင်ကောင်းထင်နိုင်ပါတယ်” “ကျွန်တော်ရည်ရွယ်ချင်တာက ဘာလဲဆိုရင် ကစားသမားတွေအနေနဲ့ clean-sheet အတွက် အာရုံမစိုက်တော့ဖို့နဲ့ ၊ အချို့ အရာတွေကို ထိန်းသိမ်းဖို့ ခက်ခဲသွားတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ”
“အစောပိုင်း တစ်ဂိုးစီသရေရလဒ်က တွန်းအားတစ်ခုဖြစ်စေပါတယ်။ ကျွန်တော်ပြောတဲ့ အဓိပ္ပါယ်၊ ကျွန်တော့်ခံစားချက်ကို ကစားသမားတွေသိသွားတယ်ထင်ပါတယ်။ ကျွန်တော်တို့ အခု လုပ်နေသလို ခက်ခဲတဲ့ အရာတွေကို ကျော်ဖြတ်နိုင်ဖို့ အလုပ်ကြိုးစားရပါမယ်။ ပရီးမီးယားလိဂ်မှာလည်း ခက်ခဲတဲ့ ပွဲစဉ်တွေ ဆက်တိုက်ကစားရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံး ရလဒ်ရဖို့ ကြိုးစားသွားရမှာပါ”လို့ ပြောခဲ့ပါတယ်။
စိတ်ဆောင်ရင် လုပ်နိုင်တာတွေ အများကြီးပါ။ ဆိုက်ကိုအတွက် ကိုယ်ကကောင်းတဲ့ ဘက်ခြမ်းကိုသုံးပြီး၊ မကောင်းတဲ့ ဆိုက်ကို အစအနတွေကိုတော့ ပြိုင်ဘက်ကို ပစ်ကြွေးလိုက်ပါ။ နည်းပြမော်ကြီးရဲ့ ဆိုက်ကိုကတော့ တစ်ဂိုးသွင်းခံရတာကို အားယူပြန်ရုန်းထနိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi