အနိမ့်အမြင့်၊ အတက်အကျ ခရီးကြမ်းကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ အနီရောင်ကြိုးကြာများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုနှစ်ပိုင်းအတွင်း ကြိုးကြာနီတွေရဲ့ အနိမ့်အမြင့်၊ အတက်အကျ သံသရာစက်ဝိုင်းက အရမ်းကို မြန်ဆန်လွန်းတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကိုဗစ်ရောဂါဆိုး အကြီးအကျယ်ရိုက်ခတ်နေတဲ့ကြားက နှစ်(၃၀)ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူခဲ့တဲ့ လီဗာပူးလ်အသင်း လပိုင်းအကြာမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် မရေရာတဲ့အနေအထားကို ရောက်သွားမယ်လို့ ဘယ်သူထင်မိမှာလဲ။

၁၉၆၃နောက်ပိုင်း ပထမဆုံးအကြိမ် အန်ဖီးလ်မှာ ပရီးမီးယားလိဂ်(၃)ပွဲဆက်အရှုံး၊ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်နည်းပြဘ၀ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် အရှုံးဆိုတဲ့ မှတ်တမ်းတွေက လက်ရှိချန်ပီယံဘွဲ့ကာကွယ်ဖို့အတွက် လုံလောက်မှု မရှိတော့ဘူးဆိုတာ အသေအချာပါပဲ။ ပွဲစဉ်(၁၃)အပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်ခဲ့တဲ့အသင်းက (၂၄)ပွဲကစားပြီးချိန်မှာတော့ ရမှတ်(၄၀)နဲ့ အဆင့်(၆)နေရာအထိ ဆိုးဆိုးရွားရွား ကျဆင်းသွားတယ်။

အခုဆိုရင် သူ့အပေါ်က ဝက်စ်ဟမ်း၊ ချယ်လ်ဆီးတို့နဲ့ (၂)မှတ်၊ လက်စတာ၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ (၆)မှတ်၊ ထိပ်ဆုံးက မန်စီးတီးနဲ့ဆိုရင် (၁၃)မှတ်အထိ ပြတ်သွားပြီ။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၂)ရာသီဆက် ဆွတ်ခူးဖို့ အခြေအနေကောင်းခဲ့ပြီး မြားအောက်စိုက်သွားတဲ့ လီဗာပူးလ်အသင်း ဘာတွေ မှားခဲ့လဲ၊ ဘယ်အရာတွေကြောင့် သူတို့ ဒီအနေအထားထိဖြစ်သွားစေခဲ့တာလဲဆိုတာ ပရိသတ်တစ်ယောက်အမြင်နဲ့ သုံးသပ်ကြည့်ပါရစေ . ..

ကြိုးကြာနီတို့ရဲ့ အမြင့်ပျံခရီးကို ကြီးကြီးမားမားထိုးနှက်ခဲ့တဲ့ ကံကြမ္မာအပြောင်းအလဲကတော့ အဓိက နောက်ခံလူ ဗန်ဒိုက်ရဲ့ ဒဏ်ရာဇာတ်လမ်းက စတင်ခဲ့တာပါပဲ။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက အဲဗာတန်နဲ့ကစားခဲ့တဲ့ပွဲမှာ ဗန်ဒိုက်ဟာ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တာကြောင့် အခုအချိန်အထိ အနားယူနေရဆဲဖြစ်ပြီး သူ မပါနိုင်တာက လီဗာပူးလ်အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်ကို တည်ငြိမ်မှု ကင်းမဲစေခဲ့တယ်။

ဗန်ဒိုက်ဟာ ခံစစ်ကို ဦးဆောင်နိုင်ရုံသာမကပဲ Set Pieces တွေကနေ ဂိုးတက်သွင်းနိုင်တဲ့ ကစားသမားမျိုးဖြစ်လို့ သူ့ကို ဆုံးရှုံးလိုက်ရတာက ခံစစ်ရော၊ တိုက်စစ်အတွက်ပါ နစ်နာစေခဲ့တဲ့အချက်လို့ ပြောရမယ်။

ဒီကြားထဲ ဂျိုဝဲလ်မာတစ်၊ ဂျိုးဂိုးမက်ဇ်တို့ပါ ဒဏ်ရာရခဲ့တော့ လီဗာပူးလ် မရူနိုင်မကယ်နိုင်ဖြစ်တော့တာပါပဲ။ အဲဒီတော့ ကွင်းလယ်ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့က ခံစစ်ဆင်းကစား၊ အဲဒီနှစ်ယောက် နေရာကို ကျန်တဲ့ သီယာဂို၊ မီလ်နာ၊ ဝိုင်နယ်လ်ဒန်းတို့ကလည်း ဖာထေးနိုင်စွမ်းမရှိတော့ ကွင်းလယ်စွမ်းဆောင်ရည်ပါ ကျဆင်းသွားပြန်ရော။

လီဗာပူးလ်တိုက်စစ်အတွက် လက်နက်ကြီးတွေဖြစ်တဲ့ အာနိုးလ်၊ ရော်ဘတ်ဆန်တို့က ပံ့ပိုးမှုတွေလုပ်နေဆဲဆိုပေမယ့် အရင်လိုထိရောက်မှုမရှိတော့တာကလည်း ပြဿနာတစ်ခုပါ။ လီဗာပူးလ်အသင်း အရမ်းကောင်းနေတဲ့အချိန်မှာကတည်းက ကိုယ်တိုင် ထင်မြင်ယူဆခဲ့တဲ့အချက်တစ်ခုရှိတယ်။

အဲဒါက လီဗာပူးလ်အသင်းဟာ ဒီကစားသမား (၁၁)ယောက်ကြောင့် ရလဒ်ကောင်းနေတာဖြစ်ပြီး အဲဒီထဲက အမာခံတစ်ယောက်ယောက် ကာလရှည်အနားယူရရင် ဒုက္ခရောက်လိမ့်မယ်ဆိုတဲ့ အတွေးပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီ(၁၁)ယောက်နေရာမှာ ရာနှုန်းပြည့်ဝင်ကစားနိုင်မယ့် အရန်ကစားသမားမျိုး လီဗာပူးလ်မှာ မရှိပါဘူး။ ဒါပေမဲ့ ကံကောင်းတာက လီဗာပူးလ်အသင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း အမာခံ (၁၁)ယောက်စလုံး ဒဏ်ရာအကြီးအကျယ်ရတာမျိုး မရှိဘဲ ဒေါင်ဒေါင်မြည်ကစားနိုင်ကြတာကြောင့် ချန်ပီယံလိဂ်ရော၊ ပရီးမီးယားလိဂ်ဖလားပါ ရရှိခဲ့တဲ့အထိကို ကြိုးကြာနီတွေ အမြင့်ပျံနိုင်ခဲ့ကြတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ ကံကြမ္မာက လီဗာပူးလ်ကို မျက်နှာသာမပေးတော့ဘူး။ ဗန်ဒိုက်ကစလို့ တခြားအဓိက ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ကြုံလာချိန်မှာတော့ လီဗာပူးလ် တပ်ပျက်သွားတော့တာပဲ။ ဝိုင်နယ်လ်ဒန်းဟာ ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့နဲ့ တွဲရင် ကစားပုံမဆိုးပေမယ့် ဒီထက်ပိုပြီး တာဝန်ယူရမယ့်အပိုင်းတွေမှာတော့ သူဟာ အရည်အချင်းမပြည့်ဝပါဘူး။

နောက်တစ်ချက်ကလည်း ကွင်းလယ်ဆီကနေ လုံလောက်တဲ့အထောက်အပံ့မရတဲ့အခါ ဆာလာ၊ မာနေးတို့ ဂိုးတွေရအောင် အဓိကဒေါက်တိုင်အဖြစ် ကူညီပေးနေတဲ့ ဖေမီနိုလည်း ခြေစွမ်းပျောက်သွားတာကို အခုနောက်ပိုင်းပွဲတွေမှာ ထင်ထင်ရှားရှားကို မြင်တွေ့ရမယ်။

လီဗာပူးလ်အသင်းကို ပိုဆိုးသွားစေတာက Sweeper Keeper ကစားတဲ့ ဂိုးသမား အယ်လစ်ဆန်ကလည်း ရူးကြောင်ကြောင်အမှားတွေ လုပ်နေသလို မန်စီးတီးနဲ့ပွဲတုန်းက ပြိုင်ဘက်အသင်းကို ဂိုးဖန်တီးမှု (၂)ကြိမ်၊ လက်စတာနဲ့ပွဲတုန်းက (၁)ကြိမ် ဖန်တီးပေးခဲ့တယ်။

အယ်လစ်ဆန်ဟာ အရင်ကတည်း အတတ်ဆန်းတွေလုပ်လေ့ရှိပြီး အသင်းက ရလဒ်ကောင်းနေတော့ ဘာမှပြောစရာမရှိခဲ့ပေမယ့် ရှုံးပွဲတွေကြောင့် ဖိအားများနေချိန်မှာ သူ့ရဲ့အကွက်ဆန်းတွေက ဝေဖန်ချင်စရာဖြစ်ခဲ့ရတယ်။

လီဗာပူးလ်အသင်းရဲ့ ကံကြမ္မာအပြောင်းအလဲမှာ အဓိကကျတဲ့အချက်တွေထဲက တစ်ခုကတော့ VAR ရဲ့ အကူအညီကို အရင်လို မရတော့တာပါပဲ။ ဥပမာပြောရရင် အဲဗာတန်နဲ့ပွဲတုန်းက ဗန်ဒိုက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေခဲ့တဲ့ ဂိုးသမားပစ်ဖို့ဒ်ကို အနီကတ်ပြသင့်ခဲ့ပေမယ့် ဒိုင်လူကြီး မိုက်ကယ်အိုလီဗာနဲ့ VAR ဒိုင်အဖွဲ့ဝင်တွေ ပျက်ကွက်ခဲ့သလို အဲဒါက မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သူကိုယ်တိုင် နောက်ပိုင်းမှာ ဝန်ခံခဲ့ရတယ်။

နောက်ပြီး ပြိုင်ဘက်အသင်းတွေရဲ့ အငြင်းပွားစရာသွင်းဂိုးတွေ ခွင့်ပြုခံရတာ၊ လီဗာပူးလ်ဘက်က ရသင့်တဲ့ ဂိုးတွေကို VAR ကြည့်ပြီး ပယ်ချတာတွေက မကြာခဏဆိုသလိုတွေ့နေရတယ်။ ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲတုန်းက မက်ဒီဆင်ရဲ့ ဖရီးကစ်သွင်းဂိုးမှာ အမာတေး လူကျွံအနေအထားဖြစ်နေပေမယ့် VAR က လူမကျွံဘူးဆိုပြီး ဂိုးပေးလိုက်ပြန်တယ်။ အဲဒီလိုအခြေအနေမျိုး တခြားအသင်းတွေဖြစ်ခဲ့ဖူးပြီး လက်တစ်ချောင်းထွက်နေရင်တောင် VAR က လူကျွံအဖြစ် သတ်မှတ်ခဲ့တာပါ။

အခုအချိန်မှာတော့ လီဗာပူးလ်အသင်းက ကံကြမ္မာရဲ့ ကလူကျီစယ်မှုနဲ့ ရင်ဆိုင်နေရပါပြီ။ ဒါပေမဲ့ လီဗာပူးလ်အသင်းက ယူနိုက်တက်လို ဖာဂီခေတ်လွန်မှာ ပရမ်းပတာဖြစ်သွားတဲ့အနေအထားမျိုး မဟုတ်ဘဲ အမာခံကစားသမားတွေ ဒဏ်ရာရတာ၊ ရတဲ့ဒဏ်ရာတွေကလည်း ကာလရှည်နားရတဲ့အနေအထားမျိုးတွေဖြစ်နေတာကြောင့် အခုလိုဖြစ်နေတာပါပဲ။ ခြေစွမ်းပိုင်းကတော့ အပြစ်တင်ရမယ့်အခြေအနေမျိုး မဟုတ်ဘူး။

အကောင်းဆုံးကစားနိုင်တယ်၊ ဂိုးတွေသွင်းတယ်၊ ခံစစ်အမှားကြောင့် ဂိုးပြန်ပေးပြီး ရှုံးတယ်ဆိုတဲ့အနေအထားမျိုးလို့ ပြောရမယ်။ တကယ်လို့ လူစုံတက်စုံ ပြန်ပါလာရင်တော့ အရင်လို မာကျောတဲ့ လီဗာပူးလ်ကို ပြန်မြင်ရမှာပါ။ ဒါကြောင့် ယူနိုက်တက်ဂန္ထဝင်ကြီး ရွိုင်ကိန်း ခန့်မှန်းခဲ့သလို လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားပြန်ရဖို့ နောက်ထပ်အနှစ်(၃၀)လောက် ထပ်စောင့်ရမယ့်အနေအထားမျိုး မရှိဘူးလို့လည်း ပြောရမှာဖြစ်ပါတော့တယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အနိမ့္အျမင့္၊ အတက္အက် ခရီးၾကမ္းကို ႀကံ့ႀကံ့ခံျဖတ္သန္းေနတဲ့ အနီေရာင္ႀကိဳးၾကာမ်ား

အခုႏွစ္ပိုင္းအတြင္း ႀကိဳးၾကာနီေတြရဲ႕ အနိမ့္အျမင့္၊ အတက္အက် သံသရာစက္ဝိုင္းက အရမ္းကို ျမန္ဆန္လြန္းတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ကိုဗစ္ေရာဂါဆိုး အႀကီးအက်ယ္႐ိုက္ခတ္ေနတဲ့ၾကားက ႏွစ္(၃၀)ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို အရယူခဲ့တဲ့ လီဗာပူးလ္အသင္း လပိုင္းအၾကာမွာပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေတာင္ မေရရာတဲ့အေနအထားကို ေရာက္သြားမယ္လို႔ ဘယ္သူထင္မိမွာလဲ။ ၁၉၆၃ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အန္ဖီးလ္မွာ ပရီးမီးယားလိဂ္(၃)ပြဲဆက္အရႈံး၊ ယာဂန္ကေလာ့ပ္ရဲ႕ လီဗာပူးလ္နည္းျပဘ၀ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ေနာက္ဆုံး(၃)ပြဲဆက္ အရႈံးဆိုတဲ့ မွတ္တမ္းေတြက လက္ရွိခ်န္ပီယံဘြဲ႕ကာကြယ္ဖို႔အတြက္ လုံေလာက္မႈ မရွိေတာ့ဘူးဆိုတာ အေသအခ်ာပါပဲ။ ပြဲစဥ္(၁၃)အၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ခဲ့တဲ့အသင္းက (၂၄)ပြဲကစားၿပီးခ်ိန္မွာေတာ့ ရမွတ္(၄၀)နဲ႔ အဆင့္(၆)ေနရာအထိ ဆိုးဆိုး႐ြား႐ြား က်ဆင္းသြားတယ္။ အခုဆိုရင္ သူ႔အေပၚက ဝက္စ္ဟမ္း၊ ခ်ယ္လ္ဆီးတို႔နဲ႔ (၂)မွတ္၊ လက္စတာ၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ (၆)မွတ္၊ ထိပ္ဆုံးက မန္စီးတီးနဲ႔ဆိုရင္ (၁၃)မွတ္အထိ ျပတ္သြားၿပီ။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို (၂)ရာသီဆက္ ဆြတ္ခူးဖို႔ အေျခအေနေကာင္းခဲ့ၿပီး ျမားေအာက္စိုက္သြားတဲ့ လီဗာပူးလ္အသင္း ဘာေတြ မွားခဲ့လဲ၊ ဘယ္အရာေတြေၾကာင့္ သူတို႔ ဒီအေနအထားထိျဖစ္သြားေစခဲ့တာလဲဆိုတာ ပရိသတ္တစ္ေယာက္အျမင္နဲ႔ သုံးသပ္ၾကည့္ပါရေစ . .

ႀကိဳးၾကာနီတို႔ရဲ႕ အျမင့္ပ်ံခရီးကို ႀကီးႀကီးမားမားထိုးႏွက္ခဲ့တဲ့ ကံၾကမၼာအေျပာင္းအလဲကေတာ့ အဓိက ေနာက္ခံလူ ဗန္ဒိုက္ရဲ႕ ဒဏ္ရာဇာတ္လမ္းက စတင္ခဲ့တာပါပဲ။ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက အဲဗာတန္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဗန္ဒိုက္ဟာ ျပင္းထန္တဲ့ဒဏ္ရာရရွိခဲ့တာေၾကာင့္ အခုအခ်ိန္အထိ အနားယူေနရဆဲျဖစ္ၿပီး သူ မပါႏိုင္တာက လီဗာပူးလ္အသင္းရဲ႕ ခံစစ္စြမ္းေဆာင္ရည္ကို တည္ၿငိမ္မႈ ကင္းမဲေစခဲ့တယ္။ ဗန္ဒိုက္ဟာ ခံစစ္ကို ဦးေဆာင္ႏိုင္႐ုံသာမကပဲ Set Pieces ေတြကေန ဂိုးတက္သြင္းႏိုင္တဲ့ ကစားသမားမ်ိဳးျဖစ္လို႔ သူ႔ကို ဆုံးရႈံးလိုက္ရတာက ခံစစ္ေရာ၊ တိုက္စစ္အတြက္ပါ နစ္နာေစခဲ့တဲ့အခ်က္လို႔ ေျပာရမယ္။ ဒီၾကားထဲ ဂ်ိဳဝဲလ္မာတစ္၊ ဂ်ိဳးဂိုးမက္ဇ္တို႔ပါ ဒဏ္ရာရခဲ့ေတာ့ လီဗာပူးလ္ မ႐ူႏိုင္မကယ္ႏိုင္ျဖစ္ေတာ့တာပါပဲ။ အဲဒီေတာ့ ကြင္းလယ္ရဲ႕ ေဒါက္တိုင္ေတြျဖစ္တဲ့ ဟန္ဒါဆန္၊ ဖာဘင္ဟိုတို႔က ခံစစ္ဆင္းကစား၊ အဲဒီႏွစ္ေယာက္ ေနရာကို က်န္တဲ့ သီယာဂို၊ မီလ္နာ၊ ဝိုင္နယ္လ္ဒန္းတို႔ကလည္း ဖာေထးႏိုင္စြမ္းမရွိေတာ့ ကြင္းလယ္စြမ္းေဆာင္ရည္ပါ က်ဆင္းသြားျပန္ေရာ။ လီဗာပူးလ္တိုက္စစ္အတြက္ လက္နက္ႀကီးေတြျဖစ္တဲ့ အာႏိုးလ္၊ ေရာ္ဘတ္ဆန္တို႔က ပံ့ပိုးမႈေတြလုပ္ေနဆဲဆိုေပမယ့္ အရင္လိုထိေရာက္မႈမရွိေတာ့တာကလည္း ျပႆနာတစ္ခုပါ။

လီဗာပူးလ္အသင္း အရမ္းေကာင္းေနတဲ့အခ်ိန္မွာကတည္းက ကိုယ္တိုင္ ထင္ျမင္ယူဆခဲ့တဲ့အခ်က္တစ္ခုရွိတယ္။ အဲဒါက လီဗာပူးလ္အသင္းဟာ ဒီကစားသမား (၁၁)ေယာက္ေၾကာင့္ ရလဒ္ေကာင္းေနတာျဖစ္ၿပီး အဲဒီထဲက အမာခံတစ္ေယာက္ေယာက္ ကာလရွည္အနားယူရရင္ ဒုကၡေရာက္လိမ့္မယ္ဆိုတဲ့ အေတြးပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီ(၁၁)ေယာက္ေနရာမွာ ရာႏႈန္းျပည့္ဝင္ကစားႏိုင္မယ့္ အရန္ကစားသမားမ်ိဳး လီဗာပူးလ္မွာ မရွိပါဘူး။ ဒါေပမဲ့ ကံေကာင္းတာက လီဗာပူးလ္အသင္း ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အမာခံ (၁၁)ေယာက္စလုံး ဒဏ္ရာအႀကီးအက်ယ္ရတာမ်ိဳး မရွိဘဲ ေဒါင္ေဒါင္ျမည္ကစားႏိုင္ၾကတာေၾကာင့္ ခ်န္ပီယံလိဂ္ေရာ၊ ပရီးမီးယားလိဂ္ဖလားပါ ရရွိခဲ့တဲ့အထိကို ႀကိဳးၾကာနီေတြ အျမင့္ပ်ံႏိုင္ခဲ့ၾကတယ္။ ဒါေပမဲ့ ဒီရာသီမွာေတာ့ ကံၾကမၼာက လီဗာပူးလ္ကို မ်က္ႏွာသာမေပးေတာ့ဘူး။ ဗန္ဒိုက္ကစလို႔ တျခားအဓိက ကစားသမားေတြ ဒဏ္ရာျပႆနာနဲ႔ ႀကဳံလာခ်ိန္မွာေတာ့ လီဗာပူးလ္ တပ္ပ်က္သြားေတာ့တာပဲ။ ဝိုင္နယ္လ္ဒန္းဟာ ဟန္ဒါဆန္၊ ဖာဘင္ဟိုတို႔နဲ႔ တြဲရင္ ကစားပုံမဆိုးေပမယ့္ ဒီထက္ပိုၿပီး တာဝန္ယူရမယ့္အပိုင္းေတြမွာေတာ့ သူဟာ အရည္အခ်င္းမျပည့္ဝပါဘူး။ ေနာက္တစ္ခ်က္ကလည္း ကြင္းလယ္ဆီကေန လုံေလာက္တဲ့အေထာက္အပံ့မရတဲ့အခါ ဆာလာ၊ မာေနးတို႔ ဂိုးေတြရေအာင္ အဓိကေဒါက္တိုင္အျဖစ္ ကူညီေပးေနတဲ့ ေဖမီႏိုလည္း ေျခစြမ္းေပ်ာက္သြားတာကို အခုေနာက္ပိုင္းပြဲေတြမွာ ထင္ထင္ရွားရွားကို ျမင္ေတြ႕ရမယ္။ လီဗာပူးလ္အသင္းကို ပိုဆိုးသြားေစတာက Sweeper Keeper ကစားတဲ့ ဂိုးသမား အယ္လစ္ဆန္ကလည္း ႐ူးေၾကာင္ေၾကာင္အမွားေတြ လုပ္ေနသလို မန္စီးတီးနဲ႔ပြဲတုန္းက ၿပိဳင္ဘက္အသင္းကို ဂိုးဖန္တီးမႈ (၂)ႀကိမ္၊ လက္စတာနဲ႔ပြဲတုန္းက (၁)ႀကိမ္ ဖန္တီးေပးခဲ့တယ္။ အယ္လစ္ဆန္ဟာ အရင္ကတည္း အတတ္ဆန္းေတြလုပ္ေလ့ရွိၿပီး အသင္းက ရလဒ္ေကာင္းေနေတာ့ ဘာမွေျပာစရာမရွိခဲ့ေပမယ့္ ရႈံးပြဲေတြေၾကာင့္ ဖိအားမ်ားေနခ်ိန္မွာ သူ႔ရဲ႕အကြက္ဆန္းေတြက ေဝဖန္ခ်င္စရာျဖစ္ခဲ့ရတယ္။

လီဗာပူးလ္အသင္းရဲ႕ ကံၾကမၼာအေျပာင္းအလဲမွာ အဓိကက်တဲ့အခ်က္ေတြထဲက တစ္ခုကေတာ့ VAR ရဲ႕ အကူအညီကို အရင္လို မရေတာ့တာပါပဲ။ ဥပမာေျပာရရင္ အဲဗာတန္နဲ႔ပြဲတုန္းက ဗန္ဒိုက္ကို ဒဏ္ရာျပင္းျပင္းထန္ထန္ရေစခဲ့တဲ့ ဂိုးသမားပစ္ဖို႔ဒ္ကို အနီကတ္ျပသင့္ခဲ့ေပမယ့္ ဒိုင္လူႀကီး မိုက္ကယ္အိုလီဗာနဲ႔ VAR ဒိုင္အဖြဲ႕ဝင္ေတြ ပ်က္ကြက္ခဲ့သလို အဲဒါက မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ သူကိုယ္တိုင္ ေနာက္ပိုင္းမွာ ဝန္ခံခဲ့ရတယ္။ ေနာက္ၿပီး ၿပိဳင္ဘက္အသင္းေတြရဲ႕ အျငင္းပြားစရာသြင္းဂိုးေတြ ခြင့္ျပဳခံရတာ၊ လီဗာပူးလ္ဘက္က ရသင့္တဲ့ ဂိုးေတြကို VAR ၾကည့္ၿပီး ပယ္ခ်တာေတြက မၾကာခဏဆိုသလိုေတြ႕ေနရတယ္။ ၿပီးခဲ့တဲ့ လက္စတာနဲ႔ပြဲတုန္းက မက္ဒီဆင္ရဲ႕ ဖရီးကစ္သြင္းဂိုးမွာ အမာေတး လူကြၽံအေနအထားျဖစ္ေနေပမယ့္ VAR က လူမကြၽံဘူးဆိုၿပီး ဂိုးေပးလိုက္ျပန္တယ္။ အဲဒီလိုအေျခအေနမ်ိဳး တျခားအသင္းေတြျဖစ္ခဲ့ဖူးၿပီး လက္တစ္ေခ်ာင္းထြက္ေနရင္ေတာင္ VAR က လူကြၽံအျဖစ္ သတ္မွတ္ခဲ့တာပါ။

အခုအခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းက ကံၾကမၼာရဲ႕ ကလူက်ီစယ္မႈနဲ႔ ရင္ဆိုင္ေနရပါၿပီ။ ဒါေပမဲ့ လီဗာပူးလ္အသင္းက ယူႏိုက္တက္လို ဖာဂီေခတ္လြန္မွာ ပရမ္းပတာျဖစ္သြားတဲ့အေနအထားမ်ိဳး မဟုတ္ဘဲ အမာခံကစားသမားေတြ ဒဏ္ရာရတာ၊ ရတဲ့ဒဏ္ရာေတြကလည္း ကာလရွည္နားရတဲ့အေနအထားမ်ိဳးေတြျဖစ္ေနတာေၾကာင့္ အခုလိုျဖစ္ေနတာပါပဲ။ ေျခစြမ္းပိုင္းကေတာ့ အျပစ္တင္ရမယ့္အေျခအေနမ်ိဳး မဟုတ္ဘူး။ အေကာင္းဆုံးကစားႏိုင္တယ္၊ ဂိုးေတြသြင္းတယ္၊ ခံစစ္အမွားေၾကာင့္ ဂိုးျပန္ေပးၿပီး ရႈံးတယ္ဆိုတဲ့အေနအထားမ်ိဳးလို႔ ေျပာရမယ္။ တကယ္လို႔ လူစုံတက္စုံ ျပန္ပါလာရင္ေတာ့ အရင္လို မာေက်ာတဲ့ လီဗာပူးလ္ကို ျပန္ျမင္ရမွာပါ။ ဒါေၾကာင့္ ယူႏိုက္တက္ဂႏၴဝင္ႀကီး ႐ြိဳင္ကိန္း ခန႔္မွန္းခဲ့သလို လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ဖလားျပန္ရဖို႔ ေနာက္ထပ္အႏွစ္(၃၀)ေလာက္ ထပ္ေစာင့္ရမယ့္အေနအထားမ်ိဳး မရွိဘူးလို႔လည္း ေျပာရမွာျဖစ္ပါေတာ့တယ္…