အင်္ဂလိပ်ဘောလုံးလောကကို ပြန်ရောက်လာပြီးနောက်ပိုင်း ပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ ရွန်နီ

photo-the sun

photo-Action Images

မန်ယူတိုက်စစ်မှုးဟောင်းရွန်နီဟာ အင်္ဂလိပ်ဘောလုံးလောကကိုပြန်ရောက်လာပြီးနောက်ပိုင်း ပထဆုံးအကြိမ်အဖြစ် အင်္ဂါညက ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံရှစ်အမှတ်ပေးဇယားအောက်ဆုံးက လူတန်တောင်းကို သူ့ဒါဘီအသင်းရှုံးနိမ့်ခြင်းကနေတော့ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူဖြစ်တဲ့ရွန်နီဟာ မေဂျာလိဂ်ကလပ်ဒီစီယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက် အခုဇန်နဝါရီလအစမှာပဲ ဒါဘီနဲ့အတူ အင်္ဂလိပ်ဘောလုံးလောကကို ပြန်ရောက်လာခဲ့တာပါ။

photo-EMPICS Sport

လူတန်တောင်းနဲ့ပွဲက သွင်းဂိုးဟာ အင်္ဂလန်မှာ ရက်ပေါင်း ၇၇၁ ရက်အတွင်း သူသွင်းနိုင်ခဲ့တဲ့ ပထမဆုံးဂိုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် သူနောက်ဆုံးဂိုးသွင်းခဲ့တာက ၂၀၁၇ ဒီဇင်ဘာမှာ အဲဗာတန်အတွက် ဖြစ်ပါတယ်။ ဒီပထမဆုံးဂိုးမတိုင်ခင် အရင်ပွဲတွေကတည်းက ရွန်နီဟာ ဒါဘီအတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါသေးတယ်။

photo-Action Images

လူတန်တောင်းနဲ့မနေ့ညပွဲမှာလည်း ရွန်နီဟာ ၆၃ မိနစ်အရောက်မှာ အဖွင့်ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ သူဂိုးသွင်းပြီး ၁၀ မိနစ်အတွင်းမှာပဲ လူတန်တောင်းက ၂ ဂိုးဆက်တိုက်ပြန်သွင်းသွားလို့ ရွန်နီရဲ့အဖွင့်ဂိုးဟာ အလဟသဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာ သူ့ရဲ့ဒါဘီအသင်းဟာ အမှတ်ပေးဇယားအောက်ခြေက အသင်းကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

[Zawgyi]

အဂၤလိပ္ေဘာလုံးေလာကကို ျပန္ေရာက္လာၿပီးေနာက္ပိုင္း ပထမဆုံးဂိုးသြင္းႏိုင္ခဲ့တဲ့ ရြန္နီ

မန္ယူတုိက္စစ္မႈးေဟာင္းရြန္နီဟာ အဂၤလိပ္ေဘာလုံးေလာကကိုျပန္ေရာက္လာၿပီးေနာက္ပိုင္း ပထဆုံးအႀကိမ္အျဖစ္ အဂၤါညက ပြဲစဥ္မွာ ဂိုးသြငး္ယူႏိုင္ခဲ့ပါတယ္။ ဒါေပမ့ဲ ခ်န္ပီယံရွစ္အမွတ္ေပးဇယားေအာက္ဆုံးက လူတန္ေတာင္းကို သူ႔ဒါဘီအသင္းရႈံးနိမ့္ျခငး္ကေနေတာ့ တားဆီးႏိုင္ျခင္း မရွိခဲ့ပါဘူး။ အဂၤလန္အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူျဖစ္တဲ့ရြန္နီဟာ ေမဂ်ာလိဂ္ကလပ္ဒီစီယူႏိုက္တက္ကေန ထြက္ခြာခဲ့ၿပီးေနာက္ အခုဇန္န၀ါရီလအစမွာပဲ ဒါဘီနဲ႔အတူ အဂၤလိပ္ေဘာလုံးေလာကကို ျပန္ေရာက္လာခဲ့တာပါ။

လူတန္ေတာင္းနဲ႔႔ပြဲက သြင္းဂိုးဟာ အဂၤလန္မွာ ရက္ေပါင္း ၇၇၁ ရက္အတြင္း သူသြင္းႏိုင္ခဲ့တဲ့ ပထမဆုံးဂိုလည္း ျဖစ္ခဲ့ပါတယ္။ အဲဒီမတိုင္ခင္ သူေနာက္ဆံုးဂိုးသြင္းခ့ဲတာက ၂၀၁၇ ဒီဇင္ဘာမွာ အဲဗာတန္အတြက္ ျဖစ္ပါတယ္။ ဒီပထမဆုံးဂုိးမတိုင္ခင္ အရင္ပြဲေတြကတည္းက ရြန္နီဟာ ဒါဘီအတြက္ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ပါေသးတယ္။

လူတန္ေတာင္းနဲ႔မေန႔ညပြဲမွာလည္း ရြန္နီဟာ ၆၃ မိနစ္အေရာက္မွာ အဖြင့္ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါေပမဲ့ သူဂိုးသြင္းၿပီး ၁၀ မိနစ္အတြင္းမွာပဲ လူတန္ေတာင္းက ၂ ဂိုးဆက္တိုက္ျပန္သြင္းသြားလို႔ ရြန္နီရဲ႕အဖြင့္ဂိုးဟာ အလဟသျဖစ္ခဲ့ရပါတယ္။ ေနာက္ဆုံးမွာ သူ႔ရဲ႕ဒါဘီအသင္းဟာ အမွတ္ေပးဇယားေအာက္ေျခက အသင္းကို ၃-၂ ဂိုးနဲ႔ ရႈံးနိမ့္သြားခဲ့ရပါတယ္။