အင်တာကို အပြီးသတ်ပြောင်းလိုရင် ဆန်းချက်ဇ် လစာတစ်ဝက် လျှော့ယူရဖွယ်ရှိနေ

Photo Credit

Photo Credit

အီတလီသတင်းစာ Tuttosport ရဲ့ရေးသားဖော်ပြချက်အရ အင်တာမီလန်အသင်းတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ဆန်စီရိုအခြေစိုက်အသင်းမှာ ဆက်လက်ကစားလိုရင် လုပ်ခလစာ သိသိသာသာ လျှော့ယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ ချီလီလက်ရွေးစင် ဆန်းချက်ဇ်ဟာ ယူနိုက်တက်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ အပြင် အပိုဆုကြေးအဖြစ် အမြင့်ဆုံး တစ်ပတ်ပေါင် ၁၆၀၀၀၀ ရရှိနေပါတယ်။

Photo Credit

အင်တာမီလန်ဟာ ပြီးခဲ့တဲ့နွေရာသီက ဆန်းချက်ဇ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ရာမှာ ဆန်းချက်ဇ်ရဲ့တစ်နှစ်လုပ်ခ ပေါင် ၂၁ သန်းအနက် ပေါင် ၄.၅ သန်းသာ ပေးချေဖို့ သဘောာတူညီခဲ့ပြီး ယခုလည်း လာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူရမယ်ဆိုရင်လည်း အဲဒီထက်ပိုမိုများပြားတဲ့ လစာ ပေးချေဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။

Photo Credit

Tuttosport ရဲ့ဖော်ပြချက်အရ ဆန်းချက်ဇ်ကိုယ်တိုင်ကလည်း အင်တာကို အပြီးသတ်ပြောင်းရွှေ့ခွင့်ရဖို့ အနည်းဆုံး လက်ရှိလုပ်ခလစာထက် တစ်ဝက် လျှော့ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ဒီအတိုင်းဆိုရင် အာဆင်နယ်ကြယ်ပွင့်ဟောင်းရဲ့တစ်ပတ်လုပ်ခလစာက ပေါင် ၂၀၀၀၀၀ ဝန်းကျင်သာရှိတော့မှာဖြစ်ပြီး သူ့အနေနဲ့ ယခုအချိန်အထိ အင်တာမီလန်အသင်းအတွက် စုစုပေါင်း ၁ဂိုးသာသွင်းယူထားနိုင်သေးတယ်။

Photo Credit

Tuttosport သတင်းစာရဲ့ဖော်ပြချက်အရ အင်တာမီလန်ကလည်း နာပိုလီတိုက်စစ်မှူး မာတန်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် နွေရာသီမှာ ဆန်းချက်ဇ်အတွက် ပေါင် ၂၂သန်းအထိ အကုန်အကျခံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ဘယ်လ်ဂျီယံလက်ရွေးစင် မာတန်းစ်ကလည်း နာပိုလီအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်ရာ အီတလီမြေမှာ ဆန်းချက်ဇ် ဆက်ကစားဖို့က အခြေအနေပိုများနေပါတယ်။

Photo Credit

ဒါပေမဲ့ အင်တာမီလန်အနေနဲ့ လက်ကျန် ၂လအတွင်း ဆန်းချက်ဇ် ခြေစွမ်းပြနိုင်မှသာ သူ့ကို အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးမှာဖြစ်ပြီး အသင်းကလည်း ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဆန်းချက်ဇ်ဟာ ရာသီအစက ၄ပွဲကစားခွင့်ရရှိခဲ့ပြီးနောက် အောက်တိုဘာလအတွင်း ချီလီအသင်းအတွက် ပါဝင်ကစားစဉ် ခြေကျင်းဝတ်အဆစ်လည်သွားလို့ ၃လခွဲကြာအနားယူခဲ့ရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၇ ပတ်က ပြန်ကစားနိုင်ခဲ့ပြီး လွန်ခဲ့တဲ့လက အူဒီးနိစ်နဲ့ အေစီမီလန်တို့ကို အနိုင်ရခဲ့ရာမှာ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

အင္တာကို အၿပီးသတ္ေျပာင္းလုိရင္ ဆန္းခ်က္ဇ္ လစာတစ္၀က္ ေလွ်ာ့ယူရဖြယ္ရွိေန

အီတလီသတင္းစာ Tuttosport ရဲ႕ေရးသားေဖာ္ျပခ်က္အရ အင္တာမီလန္အသင္းတုိက္စစ္မွဴး ဆန္းခ်က္ဇ္ဟာ ဆန္စီ႐ိုအေျခစိုက္အသင္းမွာ ဆက္လက္ကစားလုိရင္ လုပ္ခလစာ သိသိသာသာ ေလွ်ာ့ယူရဖြယ္ရိွေနေၾကာင္း သိရပါတယ္။ ခ်ီလီလက္ေရြးစင္ ဆန္းခ်က္ဇ္ဟာ ယူႏုိက္တက္နဲ႔ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္အရ တစ္ပတ္လုပ္ခ ေပါင္ ၄၀၀၀၀၀ အျပင္ အပိုဆုေၾကးအျဖစ္ အျမင့္ဆုံး တစ္ပတ္ေပါင္ ၁၆၀၀၀၀ ရရွိေနပါတယ္။
အင္တာမီလန္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဆန္းခ်က္ဇ္ကို တစ္ရာသီအငွားနဲ႔ ေခၚယူခဲ့ရာမွာ ဆန္းခ်က္ဇ္ရဲ႕တစ္ႏွစ္လုပ္ခ ေပါင္ ၂၁ သန္းအနက္ ေပါင္ ၄.၅ သန္းသာ ေပးေခ်ဖို႔ သေဘာာတူညီခဲ့ၿပီး ယခုလည္း လာမယ့္ေႏြရာသီမွာ အၿပီးသတ္ေခၚယူရမယ္ဆုိရင္လည္း အဲဒီထက္ပိုမိုမ်ားျပားတဲ့ လစာ ေပးေခ်ဖို႔ ဆႏၵမရွိေၾကာင္း သိရပါတယ္။
Tuttosport ရဲ႕ေဖာ္ျပခ်က္အရ ဆန္းခ်က္ဇ္ကိုယ္တုိင္ကလည္း အင္တာကို အၿပီးသတ္ေျပာင္းေရႊ႕ခြင့္ရဖို႔ အနည္းဆုံး လက္ရွိလုပ္ခလစာထက္ တစ္၀က္ ေလွ်ာ့ယူဖို႔ ဆႏၵရွိေနတယ္လုိ႔ သိရပါတယ္။
ဒီအတုိင္းဆုိရင္ အာဆင္နယ္ၾကယ္ပြင့္ေဟာင္းရဲ႕တစ္ပတ္လုပ္ခလစာက ေပါင္ ၂၀၀၀၀၀ ၀န္းက်င္သာရွိေတာ့မွာျဖစ္ၿပီး သူ႕အေနနဲ႔ ယခုအခ်ိန္အထိ အင္တာမီလန္အသင္းအတြက္ စုစုေပါင္း ၁ဂိုးသာသြင္းယူထားႏုိင္ေသးတယ္။
Tuttosport သတင္းစာရဲ႕ေဖာ္ျပခ်က္အရ အင္တာမီလန္ကလည္း နာပိုလီတုိက္စစ္မွဴး မာတန္းစ္ကို ေခၚယူဖို႔ စိတ္၀င္စားခဲ့ေပမယ့္ ေႏြရာသီမွာ ဆန္းခ်က္ဇ္အတြက္ ေပါင္ ၂၂သန္းအထိ အကုန္အက်ခံဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။
ဘယ္လ္ဂ်ီယံလက္ေရြးစင္ မာတန္းစ္ကလည္း နာပိုလီအသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ နီးစပ္ေနၿပီျဖစ္ရာ အီတလီေျမမွာ ဆန္းခ်က္ဇ္ ဆက္ကစားဖို႔က အေျခအေနပိုမ်ားေနပါတယ္။
ဒါေပမဲ့ အင္တာမီလန္အေနနဲ႔ လက္က်န္ ၂လအတြင္း ဆန္းခ်က္ဇ္ ေျခစြမ္းျပႏိုင္မွသာ သူ႕ကို အၿပီးသတ္ေခၚယူဖို႔ ေဆြးေႏြးမွာျဖစ္ၿပီး အသင္းကလည္း ဖလားသုံးလုံးလမ္းေၾကာင္းေပၚမွာ ရွိေနပါတယ္။
ဆန္းခ်က္ဇ္ဟာ ရာသီအစက ၄ပြဲကစားခြင့္ရရွိခဲ့ၿပီးေနာက္ ေအာက္တိုဘာလအတြင္း ခ်ီလီအသင္းအတြက္ ပါ၀င္ကစားစဥ္ ေျခက်င္း၀တ္အဆစ္လည္သြားလုိ႔ ၃လခြဲၾကာအနားယူခဲ့ရပါတယ္။ သူဟာ လြန္ခဲ့တဲ့ ၇ ပတ္က ျပန္ကစားႏုိင္ခဲ့ၿပီး လြန္ခဲ့တဲ့လက အူဒီးနိစ္နဲ႔ ေအစီမီလန္တုိ႔ကို အႏိုင္ရခဲ့ရာမွာ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။