အချစ်ရေ ကိုယ့်ကြောင့် လီဗာပူးရှူံးရ – ကလော့ပ်ရဲ့ ဝန်ခံချက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကံဆိုးမိုးမှောင်ကျတဲ့ အခါ ချစ်သူလက်မဆွဲရဘဲ အိမ်ကွင်းမှာရှူံးရတဲ့ လီဗာပူးဟာ ဖိအားတွေအောက်ရောက်နေရပါတယ်။ အခုအချိန်မှာတော့ လီဗာပူးနည်းပြ ကလော့ပ် ဟာ အသင်းသားတွေကို ဂိုးပေါက်ဆိုတာဘာကြီးပါဆိုတာ ရှာဖွေပြသဖို့ တစ်ညအိပ် နှစ်ရက်ခရီးထွက်ရမလိုဖြစ်နေပါတယ်။ အိမ်ကွင်းမှာ ဘန်လေကို အရေးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြကလော့ပ် စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။
အဲဒီ ရှုံးပွဲနဲ့ ပတ်သက်ပြီး “ရှုံးဖို့မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ပွဲတစ်ပွဲကို ကျွန်တော်တို့ ရှူံးနိမ့်ခဲ့ပါတယ်။အဲဒီလိုအရေးနိမ့်ခဲ့တာက ကျွန်တော့်ရဲ့ အပြစ်တွေပါပဲ။လက်ရှိမှာတော့ အမှတ်ပေးဖလားအတွက် ကျွန်တော်တို့ မစဉ်းစားနိုင်သေးပါဘူး။ ကျွန်တော့် တာဝန်က ကောင်လေးတွေ ခံစားချက်ကောင်းကောင်း ရှိနေစေဖို့၊ ယုံကြည်ချက် အပြည့် ရှိနေစေဖို့နဲ့ သူတို့ ဆုံးဖြတ်ချက် အမှန်တွေ ချနိုင်ဖို့ အတွက် လုပ်ပေးရမှာပါ။”
“ကျွန်တော့်ရဲ့ လမ်းညွှန်မှုတွေ၊ နည်းစနစ်တွေဟာ ဒီညမှာ အလုပ်မဖြစ်ခဲ့ဘူး ထင်ပါတယ်။ ဘာလို့လဲဆို ရင်တစ်ဖက်အသင်းကအရမ်းကောင်းပြီး၊ ဖိအားဆက်တိုက်ပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဘောလုံးပိုင်ဆိုင်မှုတွေ အများကြီးတောင် ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့ပါတယ်။”
“ဒါပေမယ့် နောက်ဆုံး မိနစ်မှာတော့ ကျွန်တော်တို့လွဲမှားတာတွေရှိခဲ့ပါတယ်။ အဲဒါကပြဿနာပါပဲ။ နေရာမှန်မှာ ဘောလုံးရနေဖို့ ကိစ္စတွေကို ကျွန်တော် ပြောခဲ့ပြီးသားပါ။ ပြဿနာက တစ်ယောက်ယောက်က ကောင်းကောင်း မကစားရင် ခင်ဗျား အနေနဲ့ မကြာခဏဆိုသလိုကြိုးစားပြင်ဆင်နေရတာပါပဲ။” “ကျွန်တော်တို့ အနေနဲ့ တစ်ကြိမ်ပြီး တစ်ကြိမ် ပိုကြိုးစားပြီးတော့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ရပါမယ်။ အခုပွဲစဉ်မှာ အလုပ်မဖြစ်ခဲ့ဘူး ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော့် အနေနဲ့ ပြောစရာ ဘာမှ မရှိတော့ပါဘူး။” လို့ နည်းပြ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်ဟာ အဲဒီပွဲမှာ ဂိုးမရခဲ့လို့ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်တာ ၇ နာရီနဲ့ ၁၈ မိနစ်အထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။လီဗာပူး အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ရှုံးပွဲမကြုံတွေ့ခဲ့ရတာဟာ လွန်ခဲ့တဲ့ ၃ နှစ် နဲ့ ၂၇၃ ရက်အကြာက ဖြစ်ပြီး၊ လီဗာပူး အသင်းရဲ့ အိမ်ကွင်းမှာ နောက်ဆုံး အနိုင်ရရှိခဲ့တဲ့ အသင်းကတော့ ခရစ္စတယ် ပဲလေ့စ်အသင်းပဲ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi