အခုတစ်ပတ်ကစားမယ့် ဆီဗီလာနဲ့ဘာစီလိုနာတို့ရဲ့လာလီဂါပွဲစဉ် ရွှေ့ဆိုင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုတစ်ပတ်စနေနေ့မှာ ဆီဗီလာနဲ့ဘာစီလိုနာအသင်းတို့ကစားမယ့် လာလီဂါပွဲစဉ်(၄)ကို နှစ်ဖက်အသင်းက သူတို့ရဲ့အဓိကတောင်အမေရိက,ကစားသမားသမားတွေပါဝင်နိုင်မှာမဟုတ်လို့ ပွဲကစားမယ့်ရက်ရွှေ့ဆိုင်းဖို့တောင်းဆိုခဲ့ပြီး စပိန်နိုင်ငံရဲ့အားကစားရေးရာထိပ်တန်းကောင်စီ(CSD)ကလည်း သဘောတူညီခဲ့ပါတယ်။

ဆီဗီလာအသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ဂွန်ဇာလိုမွန်တီယဲလ်၊ ပါပူဂိုးမက်ဇ်၊ မားကို့စ်အကူညာတို့ဟာ အခုသောကြာနေ့ကျရင် ဘိုလစ်ဗီးယားနဲ့ကစားမယ့် ၂၀၂၂ ခြေစစ်ပွဲမှာ နိုင်ငံအသင်းအတွက်ပါဝင်ကစားရမှာဖြစ်လို့

ဘာစီလိုနာနဲ့ပွဲမတိုင်ခင် ကလပ်အသင်းနဲ့အချိန်မီပူးပေါင်းနိုင်မှာမဟုတ်ဘဲ ဘာစီလိုနာအသင်းရဲ့ဥရုဂွေးနောက်ခံလူရိုနယ်လ်အာရူဟိုဟာလည်း နိုင်ငံအသင်းနဲ့အတူပါဝင်ကစားဖို့ရှိနေတာကြောင့် ဆီဗီလာနဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။

ဒီနှစ်သင်းဟာ လာမယ့်တစ်ပတ်အင်္ဂါနေ့ကျရင် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွေကစားရမှာဖြစ်လို့ CSD က ဆီဗီလာနဲ့ဘာစီလိုနာတို့ကို အခွင့်အရေးပေးတဲ့အနေနဲ့ ဒီတစ်ပတ်ကစားမယ့်လာလီဂါပွဲကို ရက်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ ဆီဗီလာနဲ့ဘာစီလိုနာတို့လို အခွင့်အရေးကို မသုံးမချတတ်ခဲ့တဲ့ အက်သလက်တီကို၊ ရီးယဲလ်တို့ကတော့ နစ်နာခဲ့ရပြီး မက်ဒရစ်မြို့ခံနှစ်သင်းဟာ သတ်မှတ်ထားတဲ့အတိုင်း

တနင်္ဂနွေနေ့ကျရင် လာလီဂါပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်သလို လာမယ့်ဗုဒ္ဓဟူးနေ့ကျရင်လည်း ချန်ပီယံပွဲစဉ်တွေအသီးသီး ကစားရမှာဖြစ်ပါတယ်။

ရီးယဲလ်အသင်းမှာလည်း တောင်အမေရိက,ကစားသမားတွေဖြစ်တဲ့ ဗယ်လ်ဗာဒီ(ဥရုဂွေး)၊ မီလီတာအို၊ ကတ်စ်မဲရိုး၊ ဗင်နီစီယက်စ်(အားလုံးဘရာဇီးလ်)တို့ဟာ သောကြာနေ့ကျရင်

သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အသင်းတွေအတွက် ပွဲကစားဖို့ရှိနေပြီး အဲဒီပွဲပြီးတာနဲ့ မက်ဒရစ်မြို့ကို ပြန်လာပြီးတော့ တနင်္ဂနွေမှာကစားမယ့် ဆယ်လ်တာဗီဂိုနဲ့ပွဲအတွက် လေ့ကျင့်ခန်းဆင်ရမှာပါ။

စပိန်နိုင်ငံမှာ ကိုဗစ်နဲ့ပတ်သက်တဲ့စည်းကမ်းတွေကို ဖြေလျှော့ထားတာကြောင့် ဗြိတိန်မှာလို တောင်အမေရိက,ကစားသမားတွေအနေနဲ့ (၁၀)ရက်ကြာတဲ့အထိ Quarantine ဝင်စရာမလိုပါဘူး။

ဒီတစ်ပတ်ကစားမယ့် လာလီဂါပွဲတွေထဲမှာ ဆီဗီလာ-ဘာစီလိုနာပွဲအပြင် ဗီလာရီးယဲလ်နဲ့အလာဗတ်စ်တို့ကစားမယ့်ပွဲကိုလည်း ကစားသမားတွေမစုံလင်မှုကြောင့် ရွှေ့ဆိုင်းခဲ့ပြီး အဲဒီပွဲတွေပြန်ကစားမယ့်ရက်ကို လာလီဂါအဖွဲ့ချုပ်က ပြန်လည်သတ်မှတ်သွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အခုတစ္ပတ္ကစားမယ့္ ဆီဗီလာနဲ႔ဘာစီလိုနာတို႔ရဲ႕လာလီဂါပြဲစဥ္ ေ႐ႊ႕ဆိုင္း

အခုတစ္ပတ္စေနေန႔မွာ ဆီဗီလာနဲ႔ဘာစီလိုနာအသင္းတို႔ကစားမယ့္ လာလီဂါပြဲစဥ္(၄)ကို ႏွစ္ဖက္အသင္းက သူတို႔ရဲ႕အဓိကေတာင္အေမရိက,ကစားသမားသမားေတြပါဝင္ႏိုင္မွာမဟုတ္လို႔ ပြဲကစားမယ့္ရက္ေ႐ႊ႕ဆိုင္းဖို႔ေတာင္းဆိုခဲ့ၿပီး စပိန္ႏိုင္ငံရဲ႕အားကစားေရးရာထိပ္တန္းေကာင္စီ(CSD)ကလည္း သေဘာတူညီခဲ့ပါတယ္။ ဆီဗီလာအသင္းရဲ႕ အာဂ်င္တီးနားလက္ေ႐ြးစင္ကစားသမားေတြျဖစ္တဲ့ ဂြန္ဇာလိုမြန္တီယဲလ္၊ ပါပူဂိုးမက္ဇ္၊ မားကို႔စ္အကူညာတို႔ဟာ အခုေသာၾကာေန႔က်ရင္ ဘိုလစ္ဗီးယားနဲ႔ကစားမယ့္ ၂၀၂၂ ေျခစစ္ပြဲမွာ ႏိုင္ငံအသင္းအတြက္ပါဝင္ကစားရမွာျဖစ္လို႔ ဘာစီလိုနာနဲ႔ပြဲမတိုင္ခင္ ကလပ္အသင္းနဲ႔အခ်ိန္မီပူးေပါင္းႏိုင္မွာမဟုတ္ဘဲ ဘာစီလိုနာအသင္းရဲ႕ဥ႐ုေဂြးေနာက္ခံလူ႐ိုနယ္လ္အာ႐ူဟိုဟာလည္း ႏိုင္ငံအသင္းနဲ႔အတူပါဝင္ကစားဖို႔ရွိေနတာေၾကာင့္ ဆီဗီလာနဲ႔ပြဲမွာ ပါဝင္ႏိုင္မွာမဟုတ္ပါဘူး။ ဒီႏွစ္သင္းဟာ လာမယ့္တစ္ပတ္အဂၤါေန႔က်ရင္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲေတြကစားရမွာျဖစ္လို႔ CSD က ဆီဗီလာနဲ႔ဘာစီလိုနာတို႔ကို အခြင့္အေရးေပးတဲ့အေနနဲ႔ ဒီတစ္ပတ္ကစားမယ့္လာလီဂါပြဲကို ရက္ေ႐ႊ႕ဆိုင္းဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ဒါေပမဲ့ ဆီဗီလာနဲ႔ဘာစီလိုနာတို႔လို အခြင့္အေရးကို မသုံးမခ်တတ္ခဲ့တဲ့ အက္သလက္တီကို၊ ရီးယဲလ္တို႔ကေတာ့ နစ္နာခဲ့ရၿပီး မက္ဒရစ္ၿမိဳ႕ခံႏွစ္သင္းဟာ သတ္မွတ္ထားတဲ့အတိုင္း တနဂၤေႏြေန႔က်ရင္ လာလီဂါပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္သလို လာမယ့္ဗုဒၶဟူးေန႔က်ရင္လည္း ခ်န္ပီယံပြဲစဥ္ေတြအသီးသီး ကစားရမွာျဖစ္ပါတယ္။ ရီးယဲလ္အသင္းမွာလည္း ေတာင္အေမရိက,ကစားသမားေတြျဖစ္တဲ့ ဗယ္လ္ဗာဒီ(ဥ႐ုေဂြး)၊ မီလီတာအို၊ ကတ္စ္မဲ႐ိုး၊ ဗင္နီစီယက္စ္(အားလုံးဘရာဇီးလ္)တို႔ဟာ ေသာၾကာေန႔က်ရင္ သက္ဆိုင္ရာႏိုင္ငံလက္ေ႐ြးစင္အသင္းေတြအတြက္ ပြဲကစားဖို႔ရွိေနၿပီး အဲဒီပြဲၿပီးတာနဲ႔ မက္ဒရစ္ၿမိဳ႕ကို ျပန္လာၿပီးေတာ့ တနဂၤေႏြမွာကစားမယ့္ ဆယ္လ္တာဗီဂိုနဲ႔ပြဲအတြက္ ေလ့က်င့္ခန္းဆင္ရမွာပါ။ စပိန္ႏိုင္ငံမွာ ကိုဗစ္နဲ႔ပတ္သက္တဲ့စည္းကမ္းေတြကို ေျဖေလွ်ာ့ထားတာေၾကာင့္ ၿဗိတိန္မွာလို ေတာင္အေမရိက,ကစားသမားေတြအေနနဲ႔ (၁၀)ရက္ၾကာတဲ့အထိ Quarantine ဝင္စရာမလိုပါဘူး။ ဒီတစ္ပတ္ကစားမယ့္ လာလီဂါပြဲေတြထဲမွာ ဆီဗီလာ-ဘာစီလိုနာပြဲအျပင္ ဗီလာရီးယဲလ္နဲ႔အလာဗတ္စ္တို႔ကစားမယ့္ပြဲကိုလည္း ကစားသမားေတြမစုံလင္မႈေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ၿပီး အဲဒီပြဲေတြျပန္ကစားမယ့္ရက္ကို လာလီဂါအဖြဲ႕ခ်ဳပ္က ျပန္လည္သတ္မွတ္သြားမွာျဖစ္ပါတယ္။