အခါးသီးဆုံးပြိုင်ဘက် စပါးကို ချန်ပီယံရှစ်ဆီ မော်ရင်ညို ဆွဲခေါ်သွားလိမ့်မယ်လို့ ချဲလ်ဆီးပရိသတ်တွေ ယုံကြည်

Photo Credit

Photo Credit

ချဲလ်ဆီးအသင်းပရိသတ်တွေဟာ အခါးသီးဆုံးပြိုင်ဘက်စပါးအသင်းကို သူတို့ရဲ့နည်းပြဟောင်း ဟိုဆေးမော်ရင်ညို ချန်ပီယံရှစ်ဆီ ဆွဲခေါ်သွားမယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်နည်းပြဟောင်းလည်းဖြစ်တဲ့ မော်ရင်ညိုဟာ စပါးအသင်းနည်းပြအဖြစ် ၃နှစ်ခွဲစာချုပ်နဲ့ ပိုချက်တီနိုရဲ့နေရာမှာ အစားဝင်ရောက်လာတာဖြစ်ပါတယ်။

Photo Credit

”ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အောင်မြင်မှုအရှိဆုံးနည်းပြတစ်ဦးရှိနေပါပြီ။ သူဟာ အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး ကြီးကျယ်တဲ့နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ မော်ရင်ညိုဟာ သူတာဝန်ယူခဲ့တဲ့အသင်းတိုင်းကို အောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပါတယ်”လို့ စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းက ပြောပါတယ်။

Photo Credit

မော်ရင်ညိုဟာ ယူနိုက်တက်ကို တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် နာမည်လည်း ကျသွားခဲ့ပါတယ်။ သူဟာ ယူနိုက်တက်နည်းပြဘဝပထမဆုံးရာသီမှာ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေရယူပေးနိုင်ခဲ့ပေမယ့် တတိယမြောက်ရာသီမှာတော့ ရလဒ်ဆိုးတွေ၊ ကွင်းတွင်းကွင်းပြင်ပြဿနာတွေနဲ့အတူ ရာထူးကနေပါ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit

အခုလည်း ချဲလ်ဆီးပရိသတ်တွေက စပါးအသင်းမှာလည်း အဲဒီလိုထပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ”မော်ရင်ညိုဟာ ယူနိုက်တက်မှာ ဖျက်ဆီးသူအလုပ်လုပ်ခဲ့ပြီး အခုတော့ ယူနိုက်တက်လည်း ဇယားအလယ်အလတ်မှာ ရပ်တည်နေရပါတယ်။ အခုတော့ စပါးကို ချန်ပီယံရှစ်ဆီ ပို့ဆောင်ပေးဖို့ အချိန်ကျပါပြီ။ ဒါက ဘောလုံးအမွေအနှစ်ပါ”လု့ိ ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Photo Credit

နောက်တစ်ဦးကလည်း ”ဘာလို့များ မော်ရင်ညိုက စပါးအတွက် သူ့ရဲ့ကိုယ်ရေးရာဇဝင်ကို အဖျက်ဆီးခံရတာလဲ”လု့ိ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားကတော့ မော်ရင်ညိုကို ခန့်အပ်လိုက်တာက စပါးအသင်းရဲ့မှန်ကန်တဲ့လုပ်ရပ်ဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။

Photo Credit

Zawgyi

အခါးသီးဆုံးၿပိဳင္ဘက္ စပါးကို ခ်န္ပီယံရွစ္ဆီ ေမာ္ရင္ညိဳ ဆြဲေခၚသြားလိမ့္မယ္လုိ႔ ခ်ဲလ္ဆီးပရိသတ္ေတြ ယုံၾကည္

ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ အခါးသီးဆုံးၿပိဳင္ဘက္စပါးအသင္းကို သူတုိ႔ရဲ႕နည္းျပေဟာင္း ဟိုေဆးေမာ္ရင္ညိဳ ခ်န္ပီယံရွစ္ဆီ ဆြဲေခၚသြားမယ္လုိ႔ ယုံၾကည္ေနပါတယ္။ ယူႏိုက္တက္နည္းျပေဟာင္းလည္းျဖစ္တဲ့ ေမာ္ရင္ညိဳဟာ စပါးအသင္းနည္းျပအျဖစ္ ၃ႏွစ္ခြဲစာခ်ဳပ္နဲ႔ ပိုခ်က္တီႏိုရဲ႕ေနရာမွာ အစား၀င္ေရာက္လာတာျဖစ္ပါတယ္။
”ကၽြန္ေတာ္တို႔အသင္းဟာ ကမၻာ့ေဘာလုံးေလာကရဲ႕ေအာင္ျမင္မႈအရွိဆုံးနည္းျပတစ္ဦးရွိေနပါၿပီ။ သူဟာ အေတြ႕အႀကံဳရင့္က်က္သူျဖစ္ၿပီး ႀကီးက်ယ္တဲ့နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ သူတာ၀န္ယူခဲ့တဲ့အသင္းတုိင္းကို ေအာင္ျမင္မႈေတြရယူေပးႏုိင္ခဲ့ပါတယ္”လုိ႔ စပါးအသင္းဥကၠ႒ ဒန္နီရယ္လီဗုိင္းက ေျပာပါတယ္။
ေမာ္ရင္ညိဳဟာ ယူႏုိက္တက္ကို တာ၀န္ယူကိုင္တြယ္ခဲ့ၿပီးေနာက္ နာမည္လည္း က်သြားခ့ဲပါတယ္။ သူဟာ ယူႏုိက္တက္နည္းျပဘ၀ပထမဆုံးရာသီမွာ ယူ႐ိုပါလိဂ္နဲ႔ လိဂ္ဖလားေတြရယူေပးႏိုင္ခဲ့ေပမယ့္ တတိယေျမာက္ရာသီမွာေတာ့ ရလဒ္ဆုိးေတြ၊ ကြင္းတြင္းကြင္းျပင္ျပႆနာေတြနဲ႔အတူ ရာထူးကေနပါ ထုတ္ပယ္ခံခဲ့ရပါတယ္။
အခုလည္း ခ်ဲလ္ဆီးပရိသတ္ေတြက စပါးအသင္းမွာလည္း အဲဒီလိုထပ္ျဖစ္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ ”ေမာ္ရင္ညိဳဟာ ယူႏိုက္တက္မွာ ဖ်က္ဆီးသူအလုပ္လုပ္ခဲ့ၿပီး အခုေတာ့ ယူႏုိက္တက္လည္း ဇယားအလယ္အလတ္မွာ ရပ္တည္ေနရပါတယ္။ အခုေတာ့ စပါးကို ခ်န္ပီယံရွစ္ဆီ ပုိ႔ေဆာင္ေပးဖို႔ အခ်ိန္က်ပါၿပီ။ ဒါက ေဘာလုံးအေမြအႏွစ္ပါ”လု႔ိ ပရိသတ္တစ္ဦးက တြစ္တာမွာ ေရးသားခဲ့ပါတယ္။
ေနာက္တစ္ဦးကလည္း ”ဘာလုိ႔မ်ား ေမာ္ရင္ညိဳက စပါးအတြက္ သူ႕ရဲ႕ကိုယ္ေရးရာဇ၀င္ကို အဖ်က္ဆီးခံရတာလဲ”လု႔ိ ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္ဂႏၳ၀င္တုိက္စစ္မွဴး အလန္ရွီးယားကေတာ့ ေမာ္ရင္ညိဳကို ခန္႔အပ္လုိက္တာက စပါးအသင္းရဲ႕မွန္ကန္တဲ့လုပ္ရပ္ျဖစ္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။