အက်ဖ်အေရှုံးပွဲအပြီးမှာ ချဲလ်ဆီးနဲ့အာကြီးပရိသတ်တွေရဲ့အလှောင်ခံနေရတဲ့မော်ရင်ဟို

photo-reuters

photo-gettyimages

နော်ဝစ်ချ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီး စပါးအသင်း အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက်မှာတော့ နည်းပြမော်ရင်ဟိုဟာ ပရီးမီးယားလိဂ်က ပြိုင်ဘက်ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ဆိုရှယ်မီဒီယာထက်မှာ ခံနေရပါတယ်။ အဲဒီရှုံးပွဲကြောင့် ဒီရာသီစပါးရဲ့ဆုဖလားမျှော်လင့်ချက်ဟာ လက်တွေ့အရ မရှိတော့သလောက်ဖြစ်သွားပါပြီ။

photo-gettyimages

မော်ရင်ဟိုရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်ကစားနေရတယ်ဆိုပေမယ့် လစ်ဇစ်နဲ့ပထမအကျော့အိမ်ကွင်းပွဲမှာ ၁-၀ နဲ့ ရှုံးနိမ့်ထားတာဖြစ်လို့ ဂျာမန်မြေက ဒုတိယအကျော့မှာ ပြန်လာနိုင်မှသာ ကွာတားဖိုင်နယ်တက်နိုင်မှာပါ။ ဒါ့အပြင် စပါးဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၇ နေရာရောက်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် ရုန်းကန်နေရပါတယ်။ အဓိကကစားသမားတွေဖြစ်ကြတဲ့ ဟယ်ရီကိန်းနဲ့ဆွန်ဟောင်မင်တို့ကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးထားရလို့ မော်ရင်ဟိုဟာ သူ့နည်းပြဘဝရဲ့အဆိုးဆုံးအချိန်တစ်ခုကို ဖြတ်သန်းနေရတာဆိုရင်လည်း မမှားပါဘူး။

photo-social media

ဒီလိုမျိုး မော်ရင်ဟိုရဲ့ကံဆိုးမှုတွေကို စပါးရဲ့မြောက်လန်ဒန်ဒါဘီပြိုုင်ဘက် အာဆင်နယ်က ပရိသတ်တွေတင်မဟုတ်ဘဲ အသင်းဟောင်းချဲလ်ဆီးက ပရိသတ်တွေကပါ လှောင်ပြောင်မှုတွေပြုလုပ်နေကြတာပါ။ ပရိသတ်တစ်ယောက်ကဆိုရင်”အခုမှ ရလဒ်တွေကိုကြည့်မိတယ်။ နောက်ဆုံးမှာတော့ နည်းပြတစ်ယောက်အနေနဲ့ မော်ရင်ဟိုအဆုံးသတ်သွားပြီပဲ”လို့ ရေးခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း မော်ရင်ဟိုကို ရယ်စရာဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။

[Zawgyi]

အက္ဖ္ေအရႈံးပြဲအၿပီးမွာ ခ်ဲလ္ဆီးနဲ႔အာႀကီးပရိသတ္ေတြရဲ႕အေလွာင္ခံေနရတဲ့ေမာ္ရင္ဟို

ေနာ္၀စ္ခ်္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးၿပီး စပါးအသင္း အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီးေနာက္မွာေတာ့ နည္းျပေမာ္ရင္ဟုိဟာ ပရီးမီးယားလိဂ္က ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈကို ဆုိရွယ္မီဒီယာထက္မွာ ခံေနရပါတယ္။ အဲဒီရႈံးပြဲေၾကာင့္ ဒီရာသီစပါးရဲ႕ဆုဖလားေမွ်ာ္လင့္ခ်က္ဟာ လက္ေတြ႔အရ မရွိေတာ့သေလာက္ျဖစ္သြားပါၿပီ။

ေမာ္ရင္ဟိုရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္ကစားေနရတယ္ဆိုေပမယ့္ လစ္ဇစ္နဲ႔ပထမအေက်ာ့အိမ္ကြင္းပြဲမွာ ၁-၀ နဲ႔ ရႈံးနိမ့္ထားတာျဖစ္လုိ႔ ဂ်ာမန္ေျမက ဒုတိယအေက်ာ့မွာ ျပန္လာႏိုင္မွသာ ကြာတားဖိုင္နယ္တက္ႏိုင္မွာပါ။ ဒါ့အျပင္ စပါးဟာ ပရီးမီးယားလိဂ္မွာလည္း အဆင့္ ၇ ေနရာေရာက္ေနကာ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ေတာင္ ရုန္းကန္ေနရပါတယ္။ အဓိကကစားသမားေတြျဖစ္ၾကတဲ့ ဟယ္ရီကိန္းနဲ႔ဆြန္ေဟာင္မင္တို႔ကိုလည္း ဒဏ္ရာေၾကာင့္ ဆုံးရႈံးထားရလုိ႔ ေမာ္ရင္ဟိုဟာ သူ႔နည္းျပဘ၀ရဲ႕အဆုိးဆုံးအခ်ိန္တစ္ခုကို ျဖတ္သန္းေနရတာဆိုရင္လည္း မမွားပါဘူး။

ဒီလိုမ်ိဳး ေမာ္ရင္ဟိုရဲ႕ကံဆိုးမႈေတြကို စပါးရဲ႕ေျမာက္လန္ဒန္ဒါဘီၿပိဳဳင္ဘက္ အာဆင္နယ္က ပရိသတ္ေတြတင္မဟုတ္ဘဲ အသင္းေဟာင္းခ်ဲလ္ဆီးက ပရိသတ္ေတြကပါ ေလွာင္ေျပာင္မႈေတြျပဳလုပ္ေနၾကတာပါ။ ပရိသတ္တစ္ေယာက္ကဆိုရင္”အခုမွ ရလဒ္ေတြကိုၾကည့္မိတယ္။ ေနာက္ဆုံးမွာေတာ့ နည္းျပတစ္ေယာက္အေနနဲ႔ ေမာ္ရင္ဟိုအဆုံးသတ္သြားၿပီပဲ”လို႔ ေရးခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကလည္း ေမာ္ရင္ဟိုကို ရယ္စရာျဖစ္ေနၿပီလို႔ ဆိုခဲ့ပါတယ္။