ဟာသာဘာလင်ကိုရာသီကုန်တဲ့အထိ တာဝန်ယူမယ့် ကလင်းစမန်း

Photo-Internet
Photo-Internet

ဂျာမနီဂန္ထဝင်တစ်ဦးဖြစ်တဲ့  ဂျာဂင်ကလင်းစမန်းဟာ ဟာသာဘာလင်နည်းပြအဖြစ်ခန့်အပ်ခံရပြီးနောက် နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီလို့ သိရပါတယ်။ သူဟာ ဘာလင်မြို့ခံအသင်းကို ရာသီကုန်တဲ့အထိ တာဝန်ယူကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

ဟာသာဘာလင်ဟာ ဘွန်ဒက်စ်လီဂါ ၁၂ ပွဲကစားပြီးချိန်မှာ အဆင့် ၁၅ ကိုရောက်ရှိပြီးတဲ့နောက် ကလပ်ဘက်ကနည်းပြ အန်တီကိုဗစ်ချ်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ကိုဗစ်ချ်ဟာ ကလပ်ရဲ့အားကစားဒါရိုက်တာ မိုက်ကယ်ပရိဇ်နဲ့ ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီချက်အရ လမ်းခွဲလိုက်တာလည်း ဖြစ်ပါတယ်။

Photo-Internet

စပါးနဲ့ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူ းဟောင်းဖြစ်တဲ့ ကလင်းစမန်းဟာ အခုလအစောပိုင်းက ဟာသာဘာလင်ဘုတ်အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး နည်းပြလစ်လပ်နေတဲ့အချိန်မှာ တာဝန်ယူဖို့သဘောတူလိုက်တာဖြစ်ပါတယ်။ သူဟာ ဂျာမနီလက်ရွေးစင်အသင်း နည်းပြဟောင်းလည်းဖြစ်ပါတယ်။

Photo-Internet

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ကလင်းစမန်းက”ကျွန်တော်က တစ်ခုခုကိုတာဝန်ယူပြီဆိုရင် သေချာအောင်လုပ်ပါတယ်။ ဟာသာဘာလင်နည်းပြ ဖြစ်ရတာဟာ စိတ်လှုပ်ရှားစရာကောင်းပြီး ကျွန်တော်တို့အားလုံးရှေ့ကိုအတူတကွတက်လှမ်းဖို့ မျှော်လင့်ပါတယ်။ ဒီအလုပ်အတွက် မယုံကြည်နိုင်လောက်အောင်လည်း စိတ်ဓါတ်ပြင်းပြနေပါတယ်” လို့ပြောသွားပါတယ်။

Photo-Internet

ကလင်းစမန်းဟာ ဘိုင်ယန်မြူ းနစ်နဲ့ အမေရိကန်လက်ရွေးစင်အသင်းတွေကိုလည်း တာဝန်ယူခဲ့ဘူးသူဖြစ်ပြီး ဟာသာဘာလင်နည်းပြ အဖြစ်သူ့ရဲ့ပွဲဦးထွက်က ဒေါ့မန်နဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။ သူဟာဂျာမနီအသင်းကို ၂၀၀၆ ကမ္ဘာ့ဖလားမှာ တတိယ ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Photo-Internet

Zawgyi

ဟာသာဘာလင္ကိုရာသီကုန္တဲ႔အထိ တာ၀န္ယူမယ္႔ ကလင္းစမန္း

ဂ်ာမနီဂႏၳ၀င္တစ္ဦးျဖစ္တဲ႔  ဂ်ာဂင္ကလင္းစမန္းဟာ ဟာသာဘာလင္နည္းျပအျဖစ္ခန္႔အပ္ခံရၿပီးေနာက္ နည္းျပေလာကထဲကို ျပန္လည္၀င္ေရာက္လာခဲ့ၿပီလို႔ သိရပါတယ္။ သူဟာ ဘာလင္ၿမိဳ႕ခံအသင္းကို ရာသီကုန္တဲ႔အထိ တာ၀န္ယူႀကီးၾကပ္သြားမွာ ျဖစ္ပါတယ္။

ဟာသာဘာလင္ဟာ ဘြန္ဒက္စ္လီဂါ ၁၂ ပြဲကစားၿပီးခ်ိန္မွာ အဆင့္ ၁၅ ကိုေရာက္ရွိၿပီးတဲ႔ေနာက္ ကလပ္ဘက္ကနည္းျပ အန္တီကိုဗစ္ခ်္နဲ႔လမ္းခြဲဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ ကိုဗစ္ခ်္ဟာ ကလပ္ရဲ႕အားကစားဒါရိုက္တာ မိုက္ကယ္ပရိဇ္နဲ႔ ေဆြးေႏြးၿပီး ႏွစ္ဖက္သေဘာတူညီခ်က္အရ လမ္းခြဲလိုက္တာလည္း ျဖစ္ပါတယ္။

စပါးနဲ႔ ဂ်ာမနီလက္ေရြးစင္ တိုက္စစ္မွဴ းေဟာင္းျဖစ္တဲ႔ ကလင္းစမန္းဟာ အခုလအေစာပိုင္းက ဟာသာဘာလင္ဘုတ္အဖြဲ႔၀င္ျဖစ္လာခဲ့ၿပီး နည္းျပလစ္လပ္ေနတဲ႔အခ်ိန္မွာ တာ၀န္ယူဖို႔သေဘာတူလိုက္တာျဖစ္ပါတယ္။ သူဟာ ဂ်ာမနီလက္ေရြးစင္အသင္း နည္းျပေဟာင္းလည္းျဖစ္ပါတယ္။

အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္တဲ႔ ကလင္းစမန္းက”က်ြန္ေတာ္က တစ္ခုခုကိုတာ၀န္ယူၿပီဆိုရင္ ေသခ်ာေအာင္လုပ္ပါတယ္။ ဟာသာဘာလင္နည္းျပ ျဖစ္ရတာဟာ စိတ္လႈပ္ရွားစရာေကာင္းၿပီး က်ြန္ေတာ္တို႔အားလုံးေရွ႕ကိုအတူတကြတက္လွမ္းဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီအလုပ္အတြက္ မယုံၾကည္ႏိုင္ေလာက္ေအာင္လည္း စိတ္ဓါတ္ျပင္းျပေနပါတယ္” လို႔ေျပာသြားပါတယ္။

ကလင္းစမန္းဟာ ဘိုင္ယန္ျမဴ းနစ္နဲ႔ အေမရိကန္လက္ေရြးစင္အသင္းေတြကိုလည္း တာ၀န္ယူခဲ့ဘူးသူျဖစ္ၿပီး ဟာသာဘာလင္နည္းျပ အျဖစ္သူ႔ရဲ႕ပြဲဦးထြက္က ေဒါ့မန္နဲ႔ျဖစ္တယ္လို႔လည္း သိရပါတယ္။ သူဟာဂ်ာမနီအသင္းကို ၂၀၀၆ ကမၻာ႔ဖလားမွာ တတိယ ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။