ဟာလန်းရဲ့ရည်မှန်းချက်က ပရီးမီးယားလိဂ်မှာ ကစားခွင့်ရရှိရေးဖြစ်

Photo Credit

Photo Credit

လက်ရှိအချိန်မှာ အသင်းကြီးအများစုရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဆဲလ်ဘတ်တိုက်စစ်မှူးဟာလန်းအနေနဲ့ တစ်ချိန်ချိန် ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ ရည်မှန်းထားတယ်လို့ သူ့ရဲ့ဖခင်ဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Photo Credit

အသက် ၁၉နှစ်အရွယ်ရှိ ဟာလန်းကို စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အပြင် လာလီဂါအင်အားကြီးကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာအသင်းတို့ကပါ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေပြီး သူဟာ ချန်ပီယံလိဂ်၄ပွဲမှာ ၇ဂိုးအထိသွင်းယူကာ ခြေစွမ်းပြနေပါတယ်။

Photo Credit

လိဒ်ယူနိုက်တက်နဲ့ စီးတီးနောက်ခံလူဟောင်း အဲလ်အင့်ချ်ဟာလန်းက ”သူက လိဒ်ယူနိုက်တက်ရဲ့ဖန်တစ်ယောက်ဖြစ်သလို စီးတီးနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ရဲ့ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ သူက ကျွန်တော့်ခြေရာလိုက်နင်းနေတာမှန်ပေမယ့် အားပေးသူတစ်ယောက်နဲ့ အလုပ်လုပ်တာကတော့ ကွဲပြားခြားနားပါတယ်”

Photo Credit

”လက်ရှိအချိန်မှာတော့ သူဟာ ကျွန်တော်တို့ထင်မှတ်ထားတာထက် ပိုအောင်မြင်နေပြီး ကျွန်တော့်စိတ်ထင် သူလည်း ပရီးမီးယားလိဂ်မှာကစားခွင့်ရဖို့ ရည်မှန်းထားပုံရပါတယ်။ အခုချက်ချင်းဖြစ်လာမလား နောက်မှဖြစ်လာမလားဆိုတာကိုတော့ ကျွန်တော်လည်းမသိပါဘူး”လို့ ပြောပါတယ်။

Photo Credit

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ဆဲလ်ဘတ်အသင်းဟာ နော်ဝေအသင်းကြီးအတွက် ၂ပွဲကစားပေးထားပြီးဖြစ်တဲ့ တိုက်စစ်မှူးဟာလန်းအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Photo Credit

ဒါပေမဲ့ အဲလ်အင့်ချ်ကတော့ ဆဲလ်ဘတ်အနေနဲ့ အဲဒီလောက်များပြားတဲ့ပြောင်းရွှေ့ကြေးတောင်းဆိုလိမ့်မယ်လို့ မထင်မိကြောင်း ဆိုပါတယ်။ ”ပုံပြင်တွေကတော့ အမြဲတမ်းရှိပါတယ်။ သူဟာ ဆဲလ်ဘတ်အသင်းသားတစ်ဦးအဖြစ်ရှိနေပါတယ်”

Photo Credit

”ဆဲလ်ဘတ်က အံ့အားသင့်စရာကောင်းတဲ့ကလပ်ဖြစ်ပြီး ချန်ပီယံလိဂ်လည်း ကစားခွင့်ရနေပါတယ်။ ဒီတော့ လက်ရှိပုံစံအတိုင်းဆိုရင်တော့ ဘာမှအလောတကြီးလုပ်စရာမလိုပါဘူး။ ဒါပေမဲ့ ဆဲလ်ဘတ်ဟာ အလယ်အလတ်အဆင့်ကနေ တက်လှမ်းဖို့ ကြိုးစားနေတဲ့ကလပ်ဖြစ်ပြီး အနာဂတ်မှာ ကစားသမားကောင်းတွေ ခေါ်ယူချင်ရင် ဒီလိုရူးမိုက်တဲ့တန်ဖိုးသတ်မှတ်မှုတွေသွားလုပ်လို့မရပါဘူး။ မဟုတ်ရင် ဆဲလ်ဘတ်အသင်းဆီ ဘယ်သူမှလာချင်မှာမဟုတ်တော့ပါဘူး”လို့ ဖခင်ဖြစ်သူက ဆက်ပြောပါတယ်။

Photo Credit

Zawgyi

ဟာလန္းရဲ႕ရည္မွန္းခ်က္က ပရီးမီးယားလိဂ္မွာ ကစားခြင့္ရရိွေရးျဖစ္

လက္ရွိအခ်ိန္မွာ အသင္းႀကီးအမ်ားစုရဲ႕ပစ္မွတ္ျဖစ္ေနတဲ့ ဆဲလ္ဘတ္တုိက္စစ္မွဴးဟာလန္းအေနနဲ႔ တစ္ခ်ိန္ခ်ိန္ ပရီးမီးယားလိဂ္မွာ ကစားခြင့္ရဖုိ႔ ရည္မွန္းထားတယ္လုိ႔ သူ႕ရဲ႕ဖခင္ျဖစ္သူက ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။
အသက္ ၁၉ႏွစ္အရြယ္ရွိ ဟာလန္းကို စီးရီးေအခ်န္ပီယံဂ်ဴဗင္တပ္စ္အျပင္ လာလီဂါအင္အားႀကီးကလပ္ေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ဘာစီလုိနာအသင္းတုိ႔ကပါ ေခၚယူဖုိ႔ အၿပိဳင္စိတ္၀င္စားေနၿပီး သူဟာ ခ်န္ပီယံလိဂ္၄ပြဲမွာ ၇ဂိုးအထိသြင္းယူကာ ေျခစြမ္းျပေနပါတယ္။
လိဒ္ယူႏုိက္တက္နဲ႔ စီးတီးေနာက္ခံလူေဟာင္း အဲလ္အင့္ခ်္ဟာလန္းက ”သူက လိဒ္ယူႏုိက္တက္ရဲ႕ဖန္တစ္ေယာက္ျဖစ္သလုိ စီးတီးနဲ႔ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းတို႔ရဲ႕ပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္။ သူက ကၽြန္ေတာ့္ေျခရာလုိက္နင္းေနတာမွန္ေပမယ့္ အားေပးသူတစ္ေယာက္နဲ႔ အလုပ္လုပ္တာကေတာ့ ကြဲျပားျခားနားပါတယ္”
”လက္ရွိအခ်ိန္မွာေတာ့ သူဟာ ကၽြန္ေတာ္တုိ႔ထင္မွတ္ထားတာထက္ ပိုေအာင္ျမင္ေနၿပီး ကၽြန္ေတာ့္စိတ္ထင္ သူလည္း ပရီးမီးယားလိဂ္မွာကစားခြင့္ရဖို႔ ရည္မွန္းထားပုံရပါတယ္။ အခုခ်က္ခ်င္းျဖစ္လာမလား ေနာက္မွျဖစ္လာမလားဆုိတာကိုေတာ့ ကၽြန္ေတာ္လည္းမသိပါဘူး”လုိ႔ ေျပာပါတယ္။
မၾကာေသးခင္က ထြက္ေပၚခဲ့တ့ဲသတင္းေတြအရ ဆဲလ္ဘတ္အသင္းဟာ ေနာ္ေ၀အသင္းႀကီးအတြက္ ၂ပဲြကစားေပးထားၿပီးျဖစ္တဲ့ တုိက္စစ္မွဴးဟာလန္းအတြက္ ေျပာင္းေရႊ႕ေၾကးကို ယူ႐ိုသန္း ၁၀၀ အထိ သတ္မွတ္ထားတယ္လုိ႔ သိရပါတယ္။
ဒါေပမဲ့ အဲလ္အင့္ခ်္ကေတာ့ ဆဲလ္ဘတ္အေနနဲ႔ အဲဒီေလာက္မ်ားျပားတ့ဲေျပာင္းေရႊ႕ေၾကးေတာင္းဆုိလိမ့္မယ္လုိ႔ မထင္မိေၾကာင္း ဆုိပါတယ္။ ”ပုံျပင္ေတြကေတာ့ အၿမဲတမ္းရွိပါတယ္။ သူဟာ ဆဲလ္ဘတ္အသင္းသားတစ္ဦးအျဖစ္ရွိေနပါတယ္”
”ဆဲလ္ဘတ္က အံ့အားသင့္စရာေကာင္းတဲ့ကလပ္ျဖစ္ၿပီး ခ်န္ပီယံလိဂ္လည္း ကစားခြင့္ရေနပါတယ္။ ဒီေတာ့ လက္ရွိပုံစံအတုိင္းဆုိရင္ေတာ့ ဘာမွအေလာတႀကီးလုပ္စရာမလုိပါဘူး။ ဒါေပမဲ့ ဆဲလ္ဘတ္ဟာ အလယ္အလတ္အဆင့္ကေန တက္လွမ္းဖုိ႔ ႀကိဳးစားေနတဲ့ကလပ္ျဖစ္ၿပီး အနာဂတ္မွာ ကစားသမားေကာင္းေတြ ေခၚယူခ်င္ရင္ ဒီလုိ႐ူးမိုက္တဲ့တန္ဖိုးသတ္မွတ္မႈေတြသြားလုပ္လုိ႔မရပါဘူး။ မဟုတ္ရင္ ဆဲလ္ဘတ္အသင္းဆီ ဘယ္သူမွလာခ်င္မွာမဟုတ္ေတာ့ပါဘူး”လုိ႔ ဖခင္ျဖစ္သူက ဆက္ေျပာပါတယ္။