ဟာလန်းကို ခေါ်ယူရေးမှာ ရော်နယ်ဒိုကို ငါးစာအဖြစ်သုံးမယ့် ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ဟာ 2019-20 ဘောလုံးရာသီ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကတည်းက ဟာလန်း ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး ၊ ကစားသမား ကိုယ်တိုင်က ဒေါ့မွန် အသင်းကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟာလန်း ရဲ့ အသိုင်းအဝိုင်းက လူတွေ နဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား တို့အကြား ရှိခဲ့တဲ့ ဆက်ဆံရေးကောင်းတွေဟာ အခုချိန်ထိ ခိုင်မာနေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘဏ္ဍာရေး ဆိုင်ရာ ကန့်သတ်ချက်တွေ များနေတဲ့ အကြားက ရော်နယ်ဒို ကို ခေါ်ယူလိုက်ပေမယ့် ၊ ဒေါ့မွန် တိုက်စစ်မှုး ဟာလန်း ဟာ သူတို့ရဲ့ အဓိက ဦးစားပေး ပစ်မှတ် အဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့သတင်းတွေက ဖော်ပြပါတယ်။

ယူနိုက်တက် အတွက် ရော်နယ်ဒို ကို ခေါ်ယူလိုက်ရတဲ့ မူလ ကုန်ကျစားရိတ်ဟာ ယူရို 15 သန်း ဝန်းကျင်သာ ရှိတယ်လို့ သိရပြီး ၊ နောက်ထပ် ယူရို 8 သန်း ကိုတော့ 5 နှစ် အရစ်ကျ ပုံစံမျိုး နဲ့ ပေးချေရမှာ ဖြစ်တာကြောင့် ၊

အဲဒီ ပမာဏဟာ လာမယ့် ဘောလုံးရာသီ ကစားသမား ခေါ်ယူမယ့် အစီအစဉ်တွေ အပေါ် ထိခိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီရာသီ အကုန်မှာ ဟာလန်း ရဲ့ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး က ယူရို 75 သန်း ပဲ ဖြစ်သွားတော့မှာမို့ ၊ မန်စီးတီး ၊ ရီးရဲလ် မက်ဒရစ် ၊ ဘိုင်ယန် မြူးနစ် နဲ့ ပီအက်စ်ဂျီ အသင်းတွေကလည်း ယူနိုက်တက် နဲ့ အပြိုင် ချဉ်းကပ်လာကြဖွယ် ရှိနေပါတယ်။

အသက် ၂၁နှစ် အရွယ် ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရသလို ဒေါ့မွန်အသင်းအတွက်လည်း ၂ရာသီ အတွင်း ပြိုင်ပွဲစုံမှာ ၆၈ပွဲ ပါဝင် ကစားပေးခဲ့ရာ ၆၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဟာလန်းရဲ့ စံပြပုဂ္ဂိုလ် တစ်ဦး ဖြစ်တာကြောင့် ယူနိုက်တက် အသင်းဟာ ဟာလန်းကို ခေါ်ယူရာမှာ ရော်နယ်ဒိုကို အသုံးချဖို့ ဆုံးဖြတ်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟာလန္းကို ​ေခၚယူ​ေရးမွာ ​ေရာ္နယ္ဒိုကို ငါးစာအျဖစ္သုံးမယ့္ ယူႏိုက္တက္

ယူႏိုက္တက္ ဟာ 2019-20 ေဘာလုံးရာသီ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ကာလမွာ ကတည္းက ဟာလန္း ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးၿပီး ၊ ကစားသမား ကိုယ္တိုင္က ေဒါ့မြန္ အသင္းကို ေ႐ြးခ်ယ္သြားခဲ့တာ ျဖစ္ပါတယ္။ဒါ​ေပမယ့္ ဟာလန္း ရဲ႕ အသိုင္းအဝိုင္းက လူေတြ နဲ႔ ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွား တို႔အၾကား ရွိခဲ့တဲ့ ဆက္ဆံေရးေကာင္းေတြဟာ အခုခ်ိန္ထိ ခိုင္မာေနဆဲ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဘ႑ာေရး ဆိုင္ရာ ကန႔္သတ္ခ်က္ေတြ မ်ားေနတဲ့ အၾကားက ​ေရာ္နယ္ဒို ကို ေခၚယူလိုက္ေပမယ့္ ၊ ေဒါ့မြန္ တိုက္စစ္မႈး ဟာလန္း ဟာ သူတို႔ရဲ႕ အဓိက ဦးစားေပး ပစ္မွတ္ အျဖစ္ ဆက္ရွိေနဆဲ ျဖစ္တယ္လို႔သတင္းေတြက ေဖာ္ျပပါတယ္။

ယူႏိုက္တက္ အတြက္ ​ေရာ္နယ္ဒို ကို ေခၚယူလိုက္ရတဲ့ မူလ ကုန္က်စားရိတ္ဟာ ယူ႐ို 15 သန္း ဝန္းက်င္သာ ရွိတယ္လို႔ သိရၿပီး ၊ ေနာက္ထပ္ ယူ႐ို 8 သန္း ကိုေတာ့ 5 ႏွစ္ အရစ္က် ပုံစံမ်ိဳး နဲ႔ ေပးေခ်ရမွာ ျဖစ္တာေၾကာင့္ ၊ အဲဒီ ပမာဏဟာ လာမယ့္ ေဘာလုံးရာသီ ကစားသမား ေခၚယူမယ့္ အစီအစဥ္ေတြ အေပၚ ထိခိုက္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒီရာသီ အကုန္မွာ ဟာလန္း ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းခြင့္ ေလ်ာ္ေၾကး က ယူ႐ို 75 သန္း ပဲ ျဖစ္သြားေတာ့မွာမို႔ ၊ မန္စီးတီး ၊ ရီးရဲလ္ မက္ဒရစ္ ၊ ဘိုင္ယန္ ျမဴးနစ္ နဲ႔ ပီအက္စ္ဂ်ီ အသင္းေတြကလည္း ယူႏိုက္တက္ နဲ႔ အၿပိဳင္ ခ်ဥ္းကပ္လာၾကဖြယ္ ရွိေနပါတယ္။

အသက္ ၂၁ႏွစ္ အ႐ြယ္ ဟာလန္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဥေရာပရဲ႕ အေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ သတ္မွတ္ခံခဲ့ရသလို ေဒါ့မြန္အသင္းအတြက္လည္း ၂ရာသီ အတြင္း ၿပိဳင္ပြဲစုံမွာ ၆၈ပြဲ ပါဝင္ ကစားေပးခဲ့ရာ ၆၇ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၈ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

​ေရာ္နယ္ဒိုဟာ ဟာလန္းရဲ႕ စံျပပုဂၢိဳလ္ တစ္ဦး ျဖစ္တာေၾကာင့္ ယူႏိုက္တက္ အသင္းဟာ ဟာလန္းကို ေခၚယူရာမွာ ​ေရာ္နယ္ဒိုကို အသုံးခ်ဖို႔ ဆုံးျဖတ္လာႏိုင္ပါတယ္။