ဟာလန်းကို ခေါ်ယူဖို့စောင့်ကြည့်နေကြောင်း ဆိုးရှား ဝန်ခံပြောကြား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်နား ဆိုးရှားက သူ့အနေနဲ့ အာလင်း ဟာလန်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဒေါ့မွန် ကြယ်ပွင့်ကို ကမ်းလှမ်းခြင်းမပြုဖို့ ဆုံးဖြတ်ထားခြင်းမရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ဟာလန်းက လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အလားအလာအရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ဆဲလ်ဘတ်အသင်းကနေ ဒေါ့မွန်အသင်းထံပြောင်းရွေ့လာပြီးနောက် ပွဲ ( ၄၀ ) ကစားထားရာမှာ ( ၃၈ ) ဂိုးထိ သွင်းယူထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းတူ လီဗာပူး ၊ ရီးရဲမက်ဒရစ် နှင့် ဘာစီလိုနာ အသင်းတွေကလည်း လိဒ်ဖွား နော်ဝေလက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေပြုလုပ်နေပါတယ်။ ဆိုးရှားက နော်ဝေကလပ် မိုလ်ဒ်အသင်းမှာ ဟာလန်းကို နည်းပြခဲ့ဖူးတာကြောင့် ကစားသမားရဲ့ အရည်အချင်းကို ကောင်းစွာသိရှိထားသူဖြစ်ပါတယ်။

ဆိုးရှားက နော်ဝေရုပ်သံ VG နဲ့ တွေ့ဆုံရာမှာ “ အာလင်းက ခမ်းနားတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ အာလင်းကို စောင့်ကြည့်နေပါတယ်။ ယခင်ကလည်း ကျွန်တော် ဒါကို အမြဲပြောလေ့ရှိပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။ “ သူနဲ့ ( ၂ ) နှစ်နီးပါး လက်တွဲခဲ့ရတဲ့ အခိုက်အတန့်က အံ့သြဖို့ကောင်းပါတယ်။ ဟာလန်းဟာ နော်ဝေလက်ရွေးစင်မှာရော သူ့ရဲ့ ကလပ်အသင်းမှာပါ ခမ်းနားတဲ့ ကစားသမားဘဝ ပိုင်ဆိုင်မှာ သေချာပါတယ်။”

“သူက လက်ရှိ ဒေါ့မွန်မှာ ခြေစွမ်းပြ ကစားနေပြီး ဘယ်အသင်းမှာ အခြေချ ကစားမယ်ဆိုတာ စောင့်ကြည့်ရပါမယ်။ နော်ဝေနိုင်ငံသားတစ်ယောက်အနေနဲ့ရော တွဲဖက်အလုပ်လုပ်ကိုင်ဖူးသူတစ်ယောက်အနေနဲ့ပါ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ဝမ်းသာမိပါတယ်။”

“ကျွန်တော်တို့က အသင်းကောင်းတစ်သင်းဖြစ်ဖို့ ကြိုးစားနေသလို သူကလည်း ပိုကောင်းတဲ့ ကစားသမား ဖြစ်လာဖို့ ပြင်ဆင်နေပါတယ်။ သူ့အတွက် အကောင်းဆုံး ဖြစ်လာဖို့ ဆုတောင်းပေးပါတယ်။ ဘယ်လို ရွေးချယ်မှုမျိုးပြုလုပ်မယ်ဆိုတာက သူ့အပေါ်ပဲ မူတည်ပါတယ်။”

နော်ဝေလက်ရွေးစင်အနေနဲ့ ( ၂၀၂၄ )ခုနှစ် စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် ပြောင်းရွေ့ကြေး ယူရို ( ၇၅ ) သန်းနဲ့ ခေါ်ယူနိုင်မယ့် စာချုပ်ပါအချက်က ( ၂၀၂၂ ) မှာ စတင်အသက်ဝင်လိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Zawgyi

ဟာလန္းကို ေခၚယူဖို႔ေစာင့္ၾကည့္ေနေၾကာင္း ဆိုးရွား ဝန္ခံေျပာၾကား

မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ အိုေလ ဂန္နား ဆိုးရွားက သူ႔အေနနဲ႔ အာလင္း ဟာလန္းရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ေဒါ့မြန္ ၾကယ္ပြင့္ကို ကမ္းလွမ္းျခင္းမျပဳဖို႔ ဆုံးျဖတ္ထားျခင္းမရွိေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။ ဟာလန္းက လက္ရွိ ကမာၻ႔ေဘာလုံးေလာကရဲ႕ အလားအလာအရွိဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရၿပီး ဆဲလ္ဘတ္အသင္းကေန ေဒါ့မြန္အသင္းထံေျပာင္းေ႐ြ႕လာၿပီးေနာက္ ပြဲ ( ၄၀ ) ကစားထားရာမွာ ( ၃၈ ) ဂိုးထိ သြင္းယူထားပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းတူ လီဗာပူး ၊ ရီးရဲမက္ဒရစ္ ႏွင့္ ဘာစီလိုနာ အသင္းေတြကလည္း လိဒ္ဖြား ေနာ္ေဝလက္ေ႐ြးစင္ကစားသမားကို ေခၚယူဖို႔ ဆက္သြယ္မႈေတြျပဳလုပ္ေနပါတယ္။ ဆိုးရွားက ေနာ္ေဝကလပ္ မိုလ္ဒ္အသင္းမွာ ဟာလန္းကို နည္းျပခဲ့ဖူးတာေၾကာင့္ ကစားသမားရဲ႕ အရည္အခ်င္းကို ေကာင္းစြာသိရွိထားသူျဖစ္ပါတယ္။

ဆိုးရွားက ေနာ္ေဝ႐ုပ္သံ VG နဲ႔ ေတြ႕ဆုံရာမွာ “ အာလင္းက ခမ္းနားတဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ပါလိမ့္မယ္။ ကြၽန္ေတာ့္အေနနဲ႔ အာလင္းကို ေစာင့္ၾကည့္ေနပါတယ္။ ယခင္ကလည္း ကြၽန္ေတာ္ ဒါကို အၿမဲေျပာေလ့ရွိပါတယ္။” ဟု ေျပာဆိုခဲ့ပါတယ္။ “ သူနဲ႔ ( ၂ ) ႏွစ္နီးပါး လက္တြဲခဲ့ရတဲ့ အခိုက္အတန႔္က အံ့ၾသဖို႔ေကာင္းပါတယ္။ ဟာလန္းဟာ ေနာ္ေဝလက္ေ႐ြးစင္မွာေရာ သူ႔ရဲ႕ ကလပ္အသင္းမွာပါ ခမ္းနားတဲ့ ကစားသမားဘဝ ပိုင္ဆိုင္မွာ ေသခ်ာပါတယ္။” “သူက လက္ရွိ ေဒါ့မြန္မွာ ေျခစြမ္းျပ ကစားေနၿပီး ဘယ္အသင္းမွာ အေျခခ် ကစားမယ္ဆိုတာ ေစာင့္ၾကည့္ရပါမယ္။ ေနာ္ေဝႏိုင္ငံသားတစ္ေယာက္အေနနဲ႔ေရာ တြဲဖက္အလုပ္လုပ္ကိုင္ဖူးသူတစ္ေယာက္အေနနဲ႔ပါ သူ႔ရဲ႕ စြမ္းေဆာင္ရည္အေပၚ ဝမ္းသာမိပါတယ္။” “ကြၽန္ေတာ္တို႔က အသင္းေကာင္းတစ္သင္းျဖစ္ဖို႔ ႀကိဳးစားေနသလို သူကလည္း ပိုေကာင္းတဲ့ ကစားသမား ျဖစ္လာဖို႔ ျပင္ဆင္ေနပါတယ္။ သူ႔အတြက္ အေကာင္းဆုံး ျဖစ္လာဖို႔ ဆုေတာင္းေပးပါတယ္။ ဘယ္လို ေ႐ြးခ်ယ္မႈမ်ိဳးျပဳလုပ္မယ္ဆိုတာက သူ႔အေပၚပဲ မူတည္ပါတယ္။”

ေနာ္ေဝလက္ေ႐ြးစင္အေနနဲ႔ ( ၂၀၂၄ )ခုႏွစ္ စာခ်ဳပ္သက္တမ္း က်န္ရွိေနေပမယ့္ ေျပာင္းေ႐ြ႕ေၾကး ယူ႐ို ( ၇၅ ) သန္းနဲ႔ ေခၚယူႏိုင္မယ့္ စာခ်ဳပ္ပါအခ်က္က ( ၂၀၂၂ ) မွာ စတင္အသက္ဝင္လိမ့္မယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။