သေတဲ့အချိန်အထိ အာဆင်နယ်ကို နည်းပြသွားချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ ဟင်နရီ

photo-gettyimages

photo-gettyimages

တိုက်စစ်မှုးဟောင်းသီယာရီဟင်နရီက အသင်းဟောင်းအာဆင်နယ်ကို အမြဲတမ်းနည်းပြသွားချင်တယ်လို့ ဝန်ခံလိုက်ပါတယ်။ အဲဒီပြင်သစ်တိုက်စစ်မှုးဟောင်းဟာ အာဆင်နယ်မှာ ၁၉၉၉ ကနေ ၂၀၀၇ အထိကစားသွားခဲ့ပြီး အဲဒီကာလအတွင်း ၃၇၆ ပွဲမှာ ၂၂၈ ဂိုးသွင်းနိုင်ခဲ့ကာ ၂၀၁၂ မှာ အငှားပြန်မလာခင် ပရီးမီးယားလိဂ်မှာ ၂ ကြိမ်ဗိုလ်စွဲအောင် အာဆင်နယ်ကို ကူညီပေးခဲ့ပါတယ်။ အာဆင်နယ်နဲ့ သူ့ရဲ့ပထမတစ်ကြိမ်ကာလရှည်ကြာဖြတ်သန်းမှုမှာ ဟင်နရီဟာ နောက်ထပ်အဓိကဆုဖလား ၄ ခုလည်း ရရှိခဲ့ပြီး အာဆင်နယ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူလည်း ဖြစ်လာခဲ့ပါတယ်။

photo-gettyimages

သူဟာ အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ ရုပ်တုတစ်ခုနဲ့ ဂုဏ်ပြုခံရလောက်အောင် အာဆင်နယ်ရဲ့များစွာအလေးနက်အနက်ထားခြင်းခံရသူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၄၂ နှစ်အရွယ် ဟင်နရီရဲ့ နည်းပြဘဝကတော့ အခုချိန်ထိ အောင်မြင်ခြင်း မရှိသေးပါဘူး။ သူဟာ မိုနာကိုနဲ့ နည်းပြဘဝစတင်ခဲ့ပေမယ့် အဲဒီက ပွဲ ၂၀ မှာ ၄ ပွဲသာအနိုင်ရမှုနဲ့အတူ ၃ လအကြာမှာ ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ အခုတော့ ကနေဒါကလပ်မွန်ထရီရယ်အင်းပတ်ကို တာဝန်ယူနေပြီး မေဂျာလိဂ်ရာသီသစ်အတွက် ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ အခွင့်အရေးသာရမယ်ဆိုရင် အာဆင်နယ်ကို တာဝန်ယူချင်တယ်လို့ ဟင်နရီက ဝန်ခံခဲ့ပါတယ်။

photo-gettyimages

”အာဆင်နယ်ကို ကိုင်တွယ်ဖို့ အိပ်မက်မက်ထားပါတယ်။ ဒါပေမဲ့ တကယ်ကို ကျွန်တော်သေတဲ့အချိန်အထိ အာဆင်နယ်ကို ကိုင်တွယ်သွားချင်ပါတယ်”လို့ ဟင်နရီက ပြင်သစ်ရုပ်သံတစ်ခုကို ပြောကြားခဲ့တာပါ။

[Zawgyi]

ေသတဲ့အခ်ိန္အထိ အာဆင္နယ္ကို နည္းျပသြားခ်င္တယ္လို႔ ဖြင့္္ဟလိုက္တဲ့ ဟင္နရီ

တိုက္စစ္မႈးေဟာင္းသီယာရီဟင္နရီက အသင္းေဟာင္းအာဆင္နယ္ကို အၿမဲတမ္းနည္းျပသြားခ်င္တယ္လုိ႔ ၀န္ခံလိုက္ပါတယ္။ အဲဒီျပင္သစ္တိုက္စစ္မႈးေဟာင္းဟာ အာဆင္နယ္မွာ ၁၉၉၉ ကေန ၂၀၀၇ အထိကစားသြားခဲ့ၿပီး အဲဒီကာလအတြင္း ၃၇၆ ပြဲမွာ ၂၂၈ ဂိုးသြင္းႏိုင္ခဲ့ကာ ၂၀၁၂ မွာ အငွားျပန္မလာခင္ ပရီးမီးယားလိဂ္မွာ ၂ ႀကိမ္ဗုိလ္စြဲေအာင္ အာဆင္နယ္ကို ကူညီေပးခဲ့ပါတယ္။ အာဆင္နယ္နဲ႔ သူ႔ရဲ႕ပထမတစ္ႀကိမ္ကာလရွည္ၾကာျဖတ္သန္းမႈမွာ ဟင္နရီဟာ ေနာက္ထပ္အဓိကဆုဖလား ၄ ခုလည္း ရရွိခဲ့ၿပီး အာဆင္နယ္သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူလည္း ျဖစ္လာခဲ့ပါတယ္။

သူဟာ အမ္းမရိတ္စ္ကြင္းအျပင္ဘက္မွာ ရုပ္တုတစ္ခုနဲ႔ ဂုဏ္ျပဳခံရေလာက္ေအာင္ အာဆင္နယ္ရဲ႕မ်ားစြာအေလးနက္အနက္ထားျခင္းခံရသူ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ၄၂ ႏွစ္အရြယ္ ဟင္နရီရဲ႕ နည္းျပဘ၀ကေတာ့ အခုခ်ိန္ထိ ေအာင္ျမင္ျခင္း မရွိေသးပါဘူး။ သူဟာ မိုနာကိုနဲ႔ နည္းျပဘ၀စတင္ခဲ့ေပမယ့္ အဲဒီက ပြဲ ၂၀ မွာ ၄ ပြဲသာအႏိုင္ရမႈနဲ႔အတူ ၃ လအၾကာမွာ ထုတ္ပယ္ျခင္းခံလိုက္ရပါတယ္။ အခုေတာ့ ကေနဒါကလပ္မြန္ထရီရယ္အင္းပတ္ကို တာ၀န္ယူေနၿပီး ေမဂ်ာလိဂ္ရာသီသစ္အတြက္ ျပင္ဆင္ေနပါတယ္။ ဒါေပမဲ့ အခြင့္အေရးသာရမယ္ဆိုရင္ အာဆင္နယ္ကို တာ၀န္ယူခ်င္တယ္လို႔ ဟင္နရီက ၀န္ခံခဲ့ပါတယ္။

”အာဆင္နယ္ကို ကိုင္တြယ္ဖုိ႔ အိပ္မက္မက္ထားပါတယ္။ ဒါေပမဲ့ တကယ္ကို ကၽြန္ေတာ္ေသတဲ့အခ်ိန္အထိ အာဆင္နယ္ကို ကိုင္တြယ္သြားခ်င္ပါတယ္”လုိ႔ ဟင္နရီက ျပင္သစ္ရုပ္သံတစ္ခုကို ေျပာၾကားခဲ့တာပါ။