သူ့သဘောအတိုင်းဆို လက်ရွေးစင်နဲ့ချန်ပီယံလိဂ်ပွဲတွေပဲကစားချင်တယ်လို့ စီရော်နယ်ဒိုဖွင့်ဟ

photo-gettyimages

photo-marca

စီရော်နယ်ဒိုက သူ့သဘောအတိုင်းဆို ပေါ်တူဂီအသင်းပွဲတွေနဲ့ ချန်ပီယံလိဂ်ပွဲတွေလို အရေးပါတဲ့ပွဲတွေကိုသာ ကစားလိုကြောင်း ဖွင့်ဟပြေကြားလိုက်ပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ ကစားသမားဘဝရဲ့နှောင်းပိုင်းကာလထဲကို စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ကလပ်အသင်းဂျူဗင်တပ်ကလည်း သူ့ရဲ့အသက်အရွယ်အရ စီရော်နယ်ဒိုကို သိပ်ပြီးအရေးမပါဘူးလို့ထင်ရတဲ့ပွဲတွေမှာ အသုံးမပြုတော့ဘဲ အနားပေးခဲ့တာတွေ ရှိခဲ့ပါတယ်။

photo-PA

သူကိုယ်တိုင်ကလည်း ဂျူဗင်တပ်ရဲ့ပွဲစဉ်တိုင်းကို မကစားချင်တော့ဘူးဆိုတာကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့အင်တာဗျူးမှာ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ အရေးပါတဲ့ပွဲတွေကသာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်မှာလို့ ဆိုခဲ့ပေမယ့် ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်နေလို့ နေ့စဉ်နေ့တိုင်း အကောင်းဆုံးဖြစ်နေရမယ်ဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။ ဒီပုံအတိုင်းဆို လက်ကျန်ကစားသမားဘဝမှာ ဂျူဗင်တပ်နဲ့ချန်ပီယံလိဂ်ဗိုလ်စွဲရေးနဲ့ ပေါ်တူဂီနဲ့အတူ ယူရို ၂၀၂၀  ဒါမှမဟုတ် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရေးတို့ကသာ အသက် ၃၄ နှစ်အရွယ်စီရော်နယ်ဒိုအတွက် အဓိကပစ်မှတ်တွေဖြစ်မှာပါ။

photo-france football

”ကျွန်တော့်သဘောအတိုင်းဆိုရင် အရေးပါတဲ့ပွဲတွေပဲ ကစားချင်တော့တယ်။ လက်ရွေးစင်ပွဲတွေနဲ့ ချန်ပီယံလိဂ်ပွဲတွေလိုပေါ့။ အဲဒီလိုပွဲမျိုးတွေကသာ ကျွန်တော့်ကို တက်ကြွစေတာပါ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဆန်ရပါမယ်။ ကိုယ့်ကိုလစာပေးနေတဲ့ကလပ်နဲ့ ကိုယ့်မိသားစုကို လေးစားရမှာပါ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း အကောင်းဆုံးဖြစ်နေရမှာပါ”လို့ စီရော်နယ်ဒိုက ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို ပြောကြားခဲ့တာပါ။

[Zawgyi]

သူ႔သေဘာအတိုင္းဆို လက္ေရြးစင္နဲ႔ခ်န္ပီယံလိဂ္ပြဲေတြပဲကစားခ်င္တယ္လို႔ စီေရာ္နယ္ဒိုဖြင့္ဟ

စီေရာ္နယ္ဒိုက သူ႔သေဘာအတိုင္းဆို ေပၚတူဂီအသင္းပြဲေတြနဲ႔ ခ်န္ပီယံလိဂ္ပြဲေတြလို အေရးပါတဲ့ပြဲေတြကိုသာ ကစားလိုေၾကာင္း ဖြင့္ဟေျပၾကားလိုက္ပါတယ္။ အဲဒီေပၚတူဂီစူပါစတားဟာ ကစားသမားဘ၀ရဲ႕ေႏွာင္းပိုငး္ကာလထဲကို စတင္၀င္ေရာက္ေနၿပီျဖစ္ပါတယ္။ ကလပ္အသင္းဂ်ဴဗင္တပ္ကလည္း သူ႔ရဲ႕အသက္အရြယ္အရ စီေရာ္နယ္ဒိုကို သိပ္ၿပီးအေရးမပါဘူးလို႔ထင္ရတဲ့ပြဲေတြမွာ အသုံးမျပဳေတာ့ဘဲ အနားေပးခဲ့တာေတြ ရွိခဲ့ပါတယ္။

သူကိုယ္တုိင္ကလည္း ဂ်ဴဗင္တပ္ရဲ႕ပြဲစဥ္တုိင္းကို မကစားခ်င္ေတာ့ဘူးဆိုတာကို ျပင္သစ္ေဘာလုံးမဂၢဇင္းနဲ႔အင္တာဗ်ဴးမွာ ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။ အေရးပါတဲ့ပြဲေတြကသာ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာကို ျမွင့္တင္ေပးႏိုင္မွာလို႔ ဆိုခဲ့ေပမယ့္ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ျဖစ္ေနလို႔ ေန႔စဥ္ေန႔တုိင္း အေကာင္းဆုံးျဖစ္ေနရမယ္ဆုိတာကိုေတာ့ ၀န္ခံခဲ့ပါတယ္။ ဒီပုံအတုိင္းဆို လက္က်န္ကစားသမားဘ၀မွာ ဂ်ဴဗင္တပ္နဲ႔ခ်န္ပီယံလိဂ္ဗုိလ္စြဲေရးနဲ႔ ေပၚတူဂီနဲ႔အတူ ယူရို ၂၀၂၀  ဒါမွမဟုတ္ ၂၀၂၂ ကမာၻ႔ဖလားမွာ ဗုိလ္စြဲေရးတုိ႔ကသာ အသက္ ၃၄ ႏွစ္အရြယ္စီေရာ္နယ္ဒိုအတြက္ အဓိကပစ္မွတ္ေတြျဖစ္မွာပါ။

”ကၽြန္ေတာ့္သေဘာအတိုင္းဆိုရင္ အေရးပါတဲ့ပြဲေတြပဲ ကစားခ်င္ေတာ့တယ္။ လက္ေရြးစင္ပြဲေတြနဲ႔ ခ်န္ပီယံလိဂ္ပြဲေတြလုိေပါ့။ အဲဒီလိုပြဲမ်ိဳးေတြကသာ ကၽြန္ေတာ့္ကို တက္ၾကြေစတာပါ။ ဒါေပမဲ့ ပေရာ္ဖက္ရွင္နယ္ဆန္ရပါမယ္။ ကိုယ့္ကိုလစာေပးေနတဲ့ကလပ္နဲ႔ ကိုယ့္မိသားစုကို ေလးစားရမွာပါ။ ဒါေၾကာင့္ ေန႔စဥ္ေန႔တိုင္း အေကာင္းဆုံးျဖစ္ေနရမွာပါ”လုိ႔ စီေရာ္နယ္ဒိုက ျပင္သစ္ေဘာလုံးမဂၢဇင္းကို ေျပာၾကားခဲ့တာပါ။