သူ့ရဲ့အိပ်မက်အသင်းရီးရဲလ်ဆီ အမ်ဘာပီရောက်လာလိမ့်မယ်လို့ ဇီဒန်းပြောပြီ

PC ; Internet

ပြင်သစ်လူငယ်တိုက်စစ်မှူးအမ်ဘာပီဟာ သူ့ရဲ့အိပ်မက်အသင်းဖြစ်တဲ့ ရီးရဲလ်ကိုပြောင်းရွှေ့လာလိမ့်မယ်လို့ နည်းပြဇီဒန်းက စကားဦးသန်းလိုက်ပါတယ်။မိုနာကိုဒုဥက္ကဋ္ဌဟောင်း ဗာဆီယက်ဗ်က အမ်ဘာပီဟာ ရီးရဲလ်ကိုပြောင်းရွှေ့ဖို့စောလွန်းနေသေးတာကြောင့် ပီအက်စ်ဂျီကိုရွေးချယ်ခဲ့တာလို့ သိပ်မကြာခင်ကပြောဆိုခဲ့တဲ့နောက် ဇီဒန်းကထပ်မံဖွင့်ဟလိုက်တာပါ။

PC ; Getty

ပြင်သစ်ကြယ်ပွင့်လေးဟာ ရာသီအစောပိုင်းတုန်းက တံကောက်ကြောဒဏ်ရာရခဲ့ပေမယ့် ပီအက်စ်ဂျီအတွက် ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။“ ကစားသမားဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုတော့ မသိပါဘူး။ အခုအချိန်မှာ ပီအက်စ်ဂျီအတွက်ကစားနေပြီး အပြောင်းအလဲဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ ရီးရဲလ်မှာကစားခွင့်ရရေးက သူ့ရဲ့အိပ်မက်ပါလို့ အမြဲတမ်းပြောလေ့ရှိတာကို ကျွန်တော်သိပြီးသားပါ” လို့ ဇီဒန်းက ပြောဆိုလိုက်ကြောင်း Daily Mail ကရေးသားလိုက်ပါတယ်။

PC ; Internet

အမ်ဘာပီဟာ ၂၀၁၇ တုန်းက ပီအက်စ်ဂျီကိုပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး မိုနာကိုအသင်းဒု-ဥက္ကဠဟောင်း ဗာဆီယက်ဗ်က “ သူဘာလို့ ရီးရဲလ်နဲ့စာချုပ်မချုပ်ခဲ့တာလဲ။ သူကကျွန်တော့်ကိုပြောခဲ့တယ်။ ဗာဒင် အခုအချိန်က စောလွန်းသေးတယ်လို့ထင်တယ်။ ကျွန်တော် ကပါရီသားဖြစ်သလို ကျွန်တော့်ရဲ့နိုင်ငံကနေ အခုလိုပုံစံမျိုးနဲ့ထွက်မသွားချင်ပါဘူး။ ဒီနိုင်ငံမှာ ထိပ်တန်းကစားသမားဖြစ်ချင်ပါသေးတယ်။ ကျွန်တော်စဉ်းစားမိတာက ရီးရဲလ်စောင့်နေပါလိမ့်မယ်” လို့ အစောပိုင်းမှာပြောဆိုခဲ့တာပါ။

(zawgyi)

ျပင္သစ္လူငယ္တိုက္စစ္မွဴးအမ္ဘာပီဟာ သူ႔ရဲ႕အိပ္မက္အသင္းျဖစ္တဲ့ ရီးရဲလ္ကိုေျပာင္းေရႊ႔လာလိမ့္မယ္လို႔ နည္းျပဇီဒန္းက စကားဦးသန္းလိုက္ပါတယ္။မိုနာကိုဒုဥကၠ႒ေဟာင္း ဗာဆီယက္ဗ္က အမ္ဘာပီဟာ ရီးရဲလ္ကိုေျပာင္းေရႊ႔ဖို႔ေစာလြန္းေနေသးတာေၾကာင့္ ပီအက္စ္ဂ်ီကိုေရြးခ်ယ္ခဲ့တာလို႔ သိပ္မၾကာခင္ကေျပာဆိုခဲ့တဲ့ေနာက္ ဇီဒန္းကထပ္မံဖြင့္ဟလိုက္တာပါ။ျပင္သစ္ၾကယ္ပြင့္ေလးဟာ ရာသီအေစာပိုင္းတုန္းက တံေကာက္ေၾကာဒဏ္ရာရခဲ့ေပမယ့္ ပီအက္စ္ဂ်ီအတြက္ ဆက္လက္ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။“ ကစားသမားဘက္က ဘယ္လိုဆံုးျဖတ္မလဲဆိုတာကိုေတာ့ မသိပါဘူး။ အခုအခ်ိန္မွာ ပီအက္စ္ဂ်ီအတြက္ကစားေနျပီး အေျပာင္းအလဲျဖစ္လာမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ေစာင့္ၾကည့္ရမွာပါ။ ရီးရဲလ္မွာကစားခြင့္ရေရးက သူ႔ရဲ႔အိပ္မက္ပါလို႔ အျမဲတမ္းေျပာေလ့ရွိတာကို ကၽြန္ေတာ္သိျပီးသားပါ” လို႔ ဇီဒန္းက ေျပာဆိုလိုက္ေၾကာင္း Daily Mail ကေရးသားလိုက္ပါတယ္။အမ္ဘာပီဟာ ၂၀၁၇ တုန္းက ပီအက္စ္ဂ်ီကိုေျပာင္းေရႊ႔ဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး မိုနာကိုအသင္းဒု-ဥကၠဠေဟာင္း ဗာဆီယက္ဗ္က “ သူဘာလို႔ ရီးရဲလ္နဲ႔စာခ်ဳပ္မခ်ဳပ္ခဲ့တာလဲ။ သူကကၽြန္ေတာ့္ကိုေျပာခဲ့တယ္။ ဗာဒင္ အခုအခ်ိန္က ေစာလြန္းေသးတယ္လို႔ထင္တယ္။ ကၽြန္ေတာ္ ကပါရီသားျဖစ္သလို ကၽြန္ေတာ့္ရဲ႔ႏိုင္ငံကေန အခုလိုပံုစံမ်ိဳးနဲ႔ထြက္မသြားခ်င္ပါဘူး။ ဒီႏိုင္ငံမွာ ထိပ္တန္းကစားသမားျဖစ္ခ်င္ပါေသးတယ္။ ကၽြန္ေတာ္စဥ္းစားမိတာက ရီးရဲလ္ေစာင့္ေနပါလိမ့္မယ္” လို႔ အေစာပိုင္းမွာေျပာဆိုခဲ့တာပါ။