သူ့ရဲ့အမာခံပရိသတ်တစ်ဦးကို ဘဝမှာ အမြဲတမ်းအမှတ်ရစရာဖြစ်အောင် အကြီးကြီး Surprise တိုက်ခဲ့တဲ့ ဂျိူးလင်တန်

ဘောလုံးပရိသတ်တွေဆိုတာက ကိုယ် အရူးအမူးအားပေးရတဲ့ ကစားသမားတစ်ဦးနဲ့လူကိုယ်တိုင်ဆုံတွေ့ခွင့်ရဖို့အတွက်

အမြဲတမ်းမျှော်လင့်တောင့်တနေတာဖြစ်ပြီး ကိုယ်အားပေးတဲ့ ကစားသမားဆီကနေ လက်မှတ်ရေးထိုးပေးတာမျိုး၊

ဂျာစီပေးတာမျိုးစတဲ့ အမှတ်တရလက်ဆောင်တစ်ခုလောက်ရရင်ပဲ တန်ဖိုးမဖြတ်နိုင်လောက်အောင် အရမ်းဝမ်းမြောက်ဝမ်းသာဖြစ်ရတာပါ။

အခု နယူးကာဆယ်အသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ကစားသမားတစ်ဦးဖြစ်တဲ့

ဂျိုးလင်တန်ဟာ သူ့ရဲ့အမာခံပရိသတ်တစ်ဦးကို ဘဝမှ ဘယ်တော့မှမေ့လို့မရမယ့် အခိုက်အတန့်တစ်ခုကို ဖန်တီးပေးလိုက်ပါတယ်။

အဲဒါကတော့ သူ့ရဲ့ပုံကို အမှတ်တရတက်တူးထိုးထားတဲ့ နယူးကာဆယ်ပရိသတ်ဖြစ်သူ ကက်ဗင်တေလာလို့အမည်ရတဲ့

အမျိုးသားတစ်ဦးကို ဂျိုးလင်တန်က သူ့နေအိမ်ဆီ လာရောက်ဖို့ ဖိတ်ကြားခဲ့ပြီး လူကိုယ်တိုင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကက်ဗင်တေလာဟာ ငယ်ငယ်ကတည်းက နယူးကာဆယ်အသင်းကို အရူးအမူးအားပေးတဲ့ပရိသတ်တစ်ဦးဖြစ်ပြီး

သူ့ခန္ဓာကိုယ်ပေါ်မှာ နယူးကာဆယ်လိုဂို၊ ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယားတို့ရဲ့ပုံတွေကို တက်ထူးထိုးထားသလို

လက်ရှိ နယူးကာဆယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဘရူနိုဂွီမာရေ့စ်၊ ဂျိုးလင်တန်တို့ရဲ့ပုံတွေကိုလည်း တက်တူးထိုးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဟော်ဖင်ဟင်မ်အသင်းကနေ နယူးကာဆယ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့

ပြောင်းရွှေ့ခဲ့တဲ့ ဂျိုးလင်တန်ဟာ အစောပိုင်းနှစ်တွေက ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်ခံခဲ့ရပေမယ့်လည်း

နောက်ပိုင်းရာသီတွေမှာ ဝေဖန်မှုတွေကို အကောင်းဆုံးကျော်ဖြတ်ပြီးတော့ ပုံမှန်ခြေစွမ်းပြကစားနိုင်ပြီဖြစ်ပါတယ်။

ဂျိုးလင်တန်ရဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကို သဘောကျတာကြောင့် ကက်ဗင်တေလာဟာ

ပြီးခဲ့တဲ့မေလတုန်းက ဂျိုးလင်တန်ပုံကို သူ့ရဲ့ဝမ်းဗိုက်ပေါ်မှာ တက်တူးထိုးခဲ့တာပါ။

အဲဒီအဖြစ်အပျက်အပေါ် ဘရာဇီးလ်မီဒီယာတစ်ခုက သတိပြုမိခဲ့တာကနေ ကက်ဗင်တေလာနဲ့ ဂျိုးလင်တန်တို့ဆုံတွေ့ခွင့်ရအောင်

ကြားထဲကကူညီပေးခဲ့ပြီး ဂျိုးလင်တန်ဟာ ဒီအကြောင်းကို ကြားသိလိုက်ရချိန်မှာ သူ့ဆီ လာဖို့အတွက် လိပ်စာပေးပြီးတော့

ဖိတ်ကြားခဲ့ပေမယ့် အစပိုင်းမှာ ကက်ဗင်တေလာက မယုံနိုင်ဖြစ်ခဲ့ပါတယ်။

ကက်ဗင်တေလာက “ဂျိုးလင်တန်ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။

သူက ကျွန်တော့်ကို အိမ်လိပ်စာပေးပေမယ့် စိတ်ထဲမှာတော့ မယုံမကြည်ဖြစ်ခဲ့ပါတယ်။

အဲဒါနဲ့ ကျွန်တော်နဲ့ကျွန်တော့် ရည်းစားတို့နှစ်ဦး အဲဒီအိမ်လိပ်စာအတိုင်း သွားခဲ့ပြီး လမ်းမှာ

ကျွန်တော့်ရည်းစားက ‘ဂျိုးလင်တန်တော့ မဖြစ်နိုင်ဘူးထင်တယ် . ..

ငါတို့ကိုတော့ တစ်ယောက်ယောက်က ချောက်ချလိုက်ပြီနဲ့တူတယ်’လို့တောင်ပြောနေတာပါ။

ဒါပေမဲ့ ကျွန်တော်တို့ ရောက်သွားချိန်မှာ ဂျိုးလင်တန်က တံခါးဝကနေ ခေါင်းပြူကြည့်လိုက်တော့

‘ဟာ …တကယ်ပဲ ဂျိုးလင်တန်ဖြစ်နေပါလား’ဆိုပြီး အံ့အားတကြီးဖြစ်ခဲ့ရပါတယ်။

အဲဒါနဲ့ ကျွန်တော့်ကလေးတွေနဲ့အတူ ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ဂျိုးလင်တန်က

ဘောလုံးတစ်လုံးယူလာပြီး ကျွန်တော့်ကလေးတွေနဲ့ ပျော်ပျော်ပါးပါးဆော့တော့တာပါပဲ”လို့ပြောကြားခဲ့ပါတယ်။

ကက်ဗင်တေလာဟာ ဘရူနိုဂွီမာရေ့စ်ပုံကိုလည်း တက်တူးထိုးထားတာကို ဂျိုးလင်တန်က သိနေတာကြောင့်

ဘရူနိုဂွီမာရေ့စ်ဆီ FaceTime ကနေ ဖုန်းခေါ်ပြီးတော့ ကက်ဗင်တေလာနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

အဲဒီအဖြစ်အပျက်က ကက်ဗင်တေလာတို့အတွက် ဘယ်တော့မှမေ့လို့မရမယ့် အမှတ်တရတစ်ခုဖြစ်ပြီး

အဲဒါနဲ့ပတ်သက်လို့ ကက်ဗင်တေလာက “ကျွန်တော်တို့ဟာ ဂျိုးလင်တန်၊ ဘရူနိုဂွီမာရေ့စ်တို့လို

နာမည်ကျော်ကစားသမားတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့သလို ရယ်ရယ်မောမောစကားတွေပြောခဲ့ကြပါတယ်။

ဒါက ကျွန်တော့်အတွက် မယုံနိုင်လောက်တဲ့ အမှတ်တရခုပါပဲ။

အိမ်အပြန်လမ်းမှာ ကျွန်တော့်နဲ့ ကျွန်တော့်ချစ်သူတို့က

‘ဒါမျိုး နောက်ထပ် ဘယ်တော့မှပြန်မရနိုင်တော့ဘူး’လို့တောင်ပြောခဲ့ကြပါသေးတယ်”ဆိုပြီး

ဝမ်းသားအားရနဲ့ပြောကြားခဲ့ပါတယ်။

zawgyi

သူ႔ရဲ႕အမာခံပရိသတ္တစ္ဦးကို ဘဝမွာ အၿမဲတမ္းအမွတ္ရစရာျဖစ္ေအာင္ အႀကီးႀကီး Surprise တိုက္ခဲ့တဲ့ ဂ်ိဴးလင္တန္

ေဘာလုံးပရိသတ္ေတြဆိုတာက ကိုယ္ အ႐ူးအမူးအားေပးရတဲ့ ကစားသမားတစ္ဦးနဲ႔လူကိုယ္တိုင္ဆုံေတြ႕ခြင့္ရဖို႔အတြက္

အၿမဲတမ္းေမွ်ာ္လင့္ေတာင့္တေနတာျဖစ္ၿပီး ကိုယ္အားေပးတဲ့ ကစားသမားဆီကေန လက္မွတ္ေရးထိုးေပးတာမ်ိဳး၊

ဂ်ာစီေပးတာမ်ိဳးစတဲ့ အမွတ္တရလက္ေဆာင္တစ္ခုေလာက္ရရင္ပဲ တန္ဖိုးမျဖတ္ႏိုင္ေလာက္ေအာင္ အရမ္းဝမ္းေျမာက္ဝမ္းသာျဖစ္ရတာပါ။

အခု နယူးကာဆယ္အသင္းရဲ႕ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္ ကစားသမားတစ္ဦးျဖစ္တဲ့

ဂ်ိဳးလင္တန္ဟာ သူ႔ရဲ႕အမာခံပရိသတ္တစ္ဦးကို ဘဝမွ ဘယ္ေတာ့မွေမ့လို႔မရမယ့္ အခိုက္အတန႔္တစ္ခုကို ဖန္တီးေပးလိုက္ပါတယ္။

အဲဒါကေတာ့ သူ႔ရဲ႕ပုံကို အမွတ္တရတက္တူးထိုးထားတဲ့ နယူးကာဆယ္ပရိသတ္ျဖစ္သူ ကက္ဗင္ေတလာလို႔အမည္ရတဲ့

အမ်ိဳးသားတစ္ဦးကို ဂ်ိဳးလင္တန္က သူ႔ေနအိမ္ဆီ လာေရာက္ဖို႔ ဖိတ္ၾကားခဲ့ၿပီး လူကိုယ္တိုင္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ကက္ဗင္ေတလာဟာ ငယ္ငယ္ကတည္းက နယူးကာဆယ္အသင္းကို အ႐ူးအမူးအားေပးတဲ့ပရိသတ္တစ္ဦးျဖစ္ၿပီး

သူ႔ခႏၶာကိုယ္ေပၚမွာ နယူးကာဆယ္လိုဂို၊ ဂႏၴဝင္တိုက္စစ္မႉးအလန္ရွီးယားတို႔ရဲ႕ပုံေတြကို တက္ထူးထိုးထားသလို

လက္ရွိ နယူးကာဆယ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ဘ႐ူႏိုဂြီမာေရ႕စ္၊ ဂ်ိဳးလင္တန္တို႔ရဲ႕ပုံေတြကိုလည္း တက္တူးထိုးခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ေဟာ္ဖင္ဟင္မ္အသင္းကေန နယူးကာဆယ္ကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၄၀)နဲ႔

ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂ်ိဳးလင္တန္ဟာ အေစာပိုင္းႏွစ္ေတြက ေျခစြမ္းမျပႏိုင္တာေၾကာင့္ ေဝဖန္ခံခဲ့ရေပမယ့္လည္း

ေနာက္ပိုင္းရာသီေတြမွာ ေဝဖန္မႈေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ၿပီးေတာ့ ပုံမွန္ေျခစြမ္းျပကစားႏိုင္ၿပီျဖစ္ပါတယ္။

ဂ်ိဳးလင္တန္ရဲ႕ အရႈံးမေပးတတ္တဲ့စိတ္ဓာတ္ကို သေဘာက်တာေၾကာင့္ ကက္ဗင္ေတလာဟာ

ၿပီးခဲ့တဲ့ေမလတုန္းက ဂ်ိဳးလင္တန္ပုံကို သူ႔ရဲ႕ဝမ္းဗိုက္ေပၚမွာ တက္တူးထိုးခဲ့တာပါ။

အဲဒီအျဖစ္အပ်က္အေပၚ ဘရာဇီးလ္မီဒီယာတစ္ခုက သတိျပဳမိခဲ့တာကေန ကက္ဗင္ေတလာနဲ႔ ဂ်ိဳးလင္တန္တို႔ဆုံေတြ႕ခြင့္ရေအာင္

ၾကားထဲကကူညီေပးခဲ့ၿပီး ဂ်ိဳးလင္တန္ဟာ ဒီအေၾကာင္းကို ၾကားသိလိုက္ရခ်ိန္မွာ သူ႔ဆီ လာဖို႔အတြက္ လိပ္စာေပးၿပီးေတာ့

ဖိတ္ၾကားခဲ့ေပမယ့္ အစပိုင္းမွာ ကက္ဗင္ေတလာက မယုံႏိုင္ျဖစ္ခဲ့ပါတယ္။

ကက္ဗင္ေတလာက “ဂ်ိဳးလင္တန္ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ မထင္ထားခဲ့ပါဘူး။

သူက ကြၽန္ေတာ့္ကို အိမ္လိပ္စာေပးေပမယ့္ စိတ္ထဲမွာေတာ့ မယုံမၾကည္ျဖစ္ခဲ့ပါတယ္။

အဲဒါနဲ႔ ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္ ရည္းစားတို႔ႏွစ္ဦး အဲဒီအိမ္လိပ္စာအတိုင္း သြားခဲ့ၿပီး လမ္းမွာ

ကြၽန္ေတာ့္ရည္းစားက ‘ဂ်ိဳးလင္တန္ေတာ့ မျဖစ္ႏိုင္ဘူးထင္တယ္ . ..

ငါတို႔ကိုေတာ့ တစ္ေယာက္ေယာက္က ေခ်ာက္ခ်လိုက္ၿပီနဲ႔တူတယ္’လို႔ေတာင္ေျပာေနတာပါ။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ ေရာက္သြားခ်ိန္မွာ ဂ်ိဳးလင္တန္က တံခါးဝကေန ေခါင္းျပဴၾကည့္လိုက္ေတာ့

‘ဟာ …တကယ္ပဲ ဂ်ိဳးလင္တန္ျဖစ္ေနပါလား’ဆိုၿပီး အံ့အားတႀကီးျဖစ္ခဲ့ရပါတယ္။

အဲဒါနဲ႔ ကြၽန္ေတာ့္ကေလးေတြနဲ႔အတူ ကားေပၚက ဆင္းဆင္းခ်င္းမွာပဲ ဂ်ိဳးလင္တန္က

ေဘာလုံးတစ္လုံးယူလာၿပီး ကြၽန္ေတာ့္ကေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ေတာ့တာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ကက္ဗင္ေတလာဟာ ဘ႐ူႏိုဂြီမာေရ႕စ္ပုံကိုလည္း တက္တူးထိုးထားတာကို ဂ်ိဳးလင္တန္က သိေနတာေၾကာင့္

ဘ႐ူႏိုဂြီမာေရ႕စ္ဆီ FaceTime ကေန ဖုန္းေခၚၿပီးေတာ့ ကက္ဗင္ေတလာနဲ႔ မိတ္ဆက္ေပးခဲ့ပါေသးတယ္။

အဲဒီအျဖစ္အပ်က္က ကက္ဗင္ေတလာတို႔အတြက္ ဘယ္ေတာ့မွေမ့လို႔မရမယ့္ အမွတ္တရတစ္ခုျဖစ္ၿပီး

အဲဒါနဲ႔ပတ္သက္လို႔ ကက္ဗင္ေတလာက “ကြၽန္ေတာ္တို႔ဟာ ဂ်ိဳးလင္တန္၊ ဘ႐ူႏိုဂြီမာေရ႕စ္တို႔လို

နာမည္ေက်ာ္ကစားသမားေတြနဲ႔ ဆုံေတြ႕ခြင့္ရခဲ့သလို ရယ္ရယ္ေမာေမာစကားေတြေျပာခဲ့ၾကပါတယ္။

ဒါက ကြၽန္ေတာ့္အတြက္ မယုံႏိုင္ေလာက္တဲ့ အမွတ္တရခုပါပဲ။

အိမ္အျပန္လမ္းမွာ ကြၽန္ေတာ့္နဲ႔ ကြၽန္ေတာ့္ခ်စ္သူတို႔က

‘ဒါမ်ိဳး ေနာက္ထပ္ ဘယ္ေတာ့မွျပန္မရႏိုင္ေတာ့ဘူး’လို႔ေတာင္ေျပာခဲ့ၾကပါေသးတယ္”ဆိုၿပီး

ဝမ္းသားအားရနဲ႔ေျပာၾကားခဲ့ပါတယ္။