သူ့စိတ်ကြိုက် ၅ ယောက်အသင်းမှာ စီရော်နယ်ဒိုကိုချန်ခဲ့တာ ဘာကြောင့်ဆိုတာ ဂျရတ်ရှင်းပြ

photo-daily mail

photo-PA Images

သမိုင်းတစ်လျှောက် သူ့စိတ်ကြိုက်အကောင်းဆုံး ၅ ယောက်အသင်းမှာ စီရော်နယ်ဒိုကို ချန်လှပ်ခဲ့တာဟာ အဲဒီပေါ်တူဂီသားရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ဘက်ကိုယိမ်းတဲ့ကစားပုံကြောင့်ဖြစ်ကြောင်း လီဗာပူးအသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်က ဝန်ခံပြောကြားလိုက်ပါတယ်။ စီရော်နယ်ဒိုဟာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုကို  ၅ ကြိမ်တိုင်ရရှိခဲ့တာပါ။ ဒါပေမဲ့ ဂျရတ်ကတော့ သူ့ရဲ့အကောင်းဆုံးအသင်းမှာ အဲဒီဂျူဗင်တပ်ကြယ်ပွင့်ကို မထည့်သွင်းခဲ့ပါဘူး။

photo-daily mail

လီဗာပူးအသင်းဖော်ဟောင်းကာရေဂါနဲ့ပြုလုပ်ခဲ့တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ဂျရတ်က သူဘာကြောင့်ရွေးတယ်ဆိုတာနဲ့ပတ်သက်လို့ ရှင်းပြခဲ့သလို အသင်းလိုက်ပိုအားပြုတဲ့ကစားသမားတွေကိုသာ လိုချင်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ဂျရတ်ဟာ သူ့ရဲ့စိတ်ကြိုက် ၅ ယောက်အသင်းမှာ လက်ရှိကစားနေသူတွေထဲက မက်ဆီနဲ့ ဝါရင့်ဂိုးသမားဘူဖွန်၊ ကစားသမားဟောင်းတွေထဲက ရော်နယ်ဒင်ဟို၊ဇီဒန်းနဲ့ အေစီဂန္ထဝင်နောက်ခံလူဟောင်းမာလ်ဒီနီတို့ကို ရွေးခဲ့တာပါ။

photo-PA Images

”ဘယ်သူထက်မဆို တစ်ဆင့်ပိုမြင့်တဲ့ ကစားသမားတွေရှိကြပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ပေါ့။ ဒါပေမဲ့ စီရော်နယ်ဒိုက ကျွန်တော့်အသင်းမှာ မပါပါဘူး။ ကျွန်တော်က အသင်းအတွက် ပိုလုပ်ပေးချင်တဲ့ ကစားသမားကိုပဲ လိုချင်ပါတယ်။ သူဟာ အနိုင်ရအောင် လုပ်ပေးမယ့်သူမျိုးပါ။ ဒါပေမဲ့ တစ်ကိုယ်တော်ထက် အသင်းလိုက်ကစားသမားကိုပဲ ကျွန်တော် ပိုကြိုက်ပါတယ်။ ဘူဖွန်ကိုရွေးခဲ့တာဟာ ကျွန်တော်ရင်ဆိုင်ခဲ့ဖူးသမျှထဲ အကောင်းဆုံးဂိုးသမားဖြစ်နေလို့ပါ။ မာလ်ဒီနီကျတော့ ကျွန်တော့်ရဲ့ဟီးရိုးတစ်ယောက်ဖြစ်ခဲ့သလို တစ်သင်းတည်းမှာပဲကစားခဲ့ပြီး ဥရောပဆုဖလားတွေအများကြီးရခဲ့သူပါ။ ကျွန်တော်ရင်ဆိုင်ခဲ့ဖူးသမျှ အကောင်းကစားသမား ၃  ယောက်နဲ့ တိုက်စစ်ကို သွားချင်ပါတယ်။ ဇီဒန်းဟာ ပြိုင်ဘက်ကင်းဖြစ်ခဲ့ပြီး သူ့ခြေထောက်ထဲမှာ ဘောလုံးက အမြဲကပ်နေတာပါ။ ရော်နယ်ဒင်ဟိုဟာလည်း ၂ နှစ်၊ ၃ နှစ်လောက် သူ့ကမ္ဘာဖြစ်အောင် လုပ်ခဲ့ပါတယ်”လို့ လက်ရှိရိန်းဂျားနည်းပြဂျရတ်က ပြောခဲ့တာပါ။

[Zawgyi]

သူ႔စိတ္ႀကိဳက္ ၅ ေယာက္အသင္းမွာ စီေရာ္နယ္ဒုိကိုခ်န္ခဲ့တာ ဘာေၾကာင့္ဆုိတာ ဂ်ရတ္ရွင္းျပ

သမုိင္းတစ္ေလွ်ာက္ သူ႔စိတ္ႀကိဳက္အေကာင္းဆုံး ၅ ေယာက္အသင္းမွာ စီေရာ္နယ္ဒိုကို ခ်န္လွပ္ခဲ့တာဟာ အဲဒီေပၚတူဂီသားရဲ႕တစ္ကိုယ္ေကာင္းဆန္တဲ့ဘက္ကုိယိမ္းတဲ့ကစားပုံေၾကာင့္ျဖစ္ေၾကာင္း လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းစတီဗင္ဂ်ရတ္က ၀န္ခံေျပာၾကားလိုက္ပါတယ္။ စီေရာ္နယ္ဒိုဟာ အႀကီးအက်ယ္ေအာင္ျမင္ခဲ့တဲ့ သူ႔ရဲ႕ကစားသမားဘ၀မွာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or ဆုကို  ၅ ႀကိမ္တိုင္ရရွိခဲ့တာပါ။ ဒါေပမဲ့ ဂ်ရတ္ကေတာ့ သူ႔ရဲ႕အေကာင္းဆုံးအသင္းမွာ အဲဒီဂ်ဴဗင္တပ္ၾကယ္ပြင့္ကို မထည့္သြင္းခဲ့ပါဘူး။

လီဗာပူးအသင္းေဖာ္ေဟာင္းကာေရဂါနဲ႔ျပဳလုပ္ခဲ့တဲ့ ရုပ္သံအစီအစဥ္တစ္ခုမွာ ဂ်ရတ္က သူဘာေၾကာင့္ေရြးတယ္ဆိုတာနဲ႔ပတ္သက္လို႔ ရွင္းျပခဲ့သလို အသင္းလုိက္ပိုအားျပဳတဲ့ကစားသမားေတြကိုသာ လုိခ်င္တယ္လုိ႔လည္း ၀န္ခံခဲ့ပါတယ္။ ဂ်ရတ္ဟာ သူ႔ရဲ႕စိတ္ႀကိဳက္ ၅ ေယာက္အသင္းမွာ လက္ရွိကစားေနသူေတြထဲက မက္ဆီနဲ႔ ၀ါရင့္ဂိုးသမားဘူဖြန္၊ ကစားသမားေဟာင္းေတြထဲက ေရာ္နယ္ဒင္ဟို၊ဇီဒန္းနဲ႔ ေအစီဂႏၳ၀င္ေနာက္ခံလူေဟာင္းမာလ္ဒီနီတို႔ကုိ ေရြးခဲ့တာပါ။

”ဘယ္သူထက္မဆုိ တစ္ဆင့္ပိုျမင့္တဲ့ ကစားသမားေတြရွိၾကပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတုိ႔ေပါ့။ ဒါေပမဲ့ စီေရာ္နယ္ဒိုက ကၽြန္ေတာ့္အသင္းမွာ မပါပါဘူး။ ကၽြန္ေတာ္က အသင္းအတြက္ ပိုလုပ္ေပးခ်င္တဲ့ ကစားသမားကိုပဲ လိုခ်င္ပါတယ္။ သူဟာ အႏိုင္ရေအာင္ လုပ္ေပးမယ့္သူမ်ိဳးပါ။ ဒါေပမဲ့ တစ္ကိုယ္ေတာ္ထက္ အသင္းလုိက္ကစားသမားကိုပဲ ကၽြန္ေတာ္ ပိုႀကိဳက္ပါတယ္။ ဘူဖြန္ကိုေရြးခဲ့တာဟာ ကၽြန္ေတာ္ရင္ဆိုင္ခဲ့ဖူးသမွ်ထဲ အေကာင္းဆုံးဂိုးသမားျဖစ္ေနလို႔ပါ။ မာလ္ဒီနီက်ေတာ့ ကၽြန္ေတာ့္ရဲ႕ဟီးရုိးတစ္ေယာက္ျဖစ္ခဲ့သလို တစ္သင္းတည္းမွာပဲကစားခဲ့ၿပီး ဥေရာပဆုဖလားေတြအမ်ားႀကီးရခဲ့သူပါ။ ကၽြန္ေတာ္ရင္ဆိုင္ခဲ့ဖူးသမွ် အေကာင္းကစားသမား ၃  ေယာက္နဲ႔ တိုက္စစ္ကို သြားခ်င္ပါတယ္။ ဇီဒန္းဟာ ၿပိဳင္ဘက္ကင္းျဖစ္ခဲ့ၿပီး သူ႔ေျခေထာက္ထဲမွာ ေဘာလံုးက အၿမဲကပ္ေနတာပါ။ ေရာ္နယ္ဒင္ဟိုဟာလည္း ၂ ႏွစ္၊ ၃ ႏွစ္ေလာက္ သူ႔ကမာၻျဖစ္ေအာင္ လုပ္ခဲ့ပါတယ္”လုိ႔ လက္ရွိရိန္းဂ်ားနည္းျပဂ်ရတ္က ေျပာခဲ့တာပါ။