သူ့ကြောင့် ဘောလုံးသမားဖြစ်လာတယ်ဆိုတာ စီရော်နယ်ဒိုကိုတွေ့ပြီးပြောပြချင်တဲ့ ဟာလန်း

photo-ronaldo

photo-gettyimages

လက်ရှိမှာ ဂိုးတွေမြူးနေတဲ့ ဒေါ့မန်ကြယ်ပွင့်သစ်လေးဟာလန်းက စီရော်နယ်ဒိုကို လေးစားအားကျရင်းနဲ့ သူကြီးပြင်းလာတာဖြစ်ကြောင်းနဲ့ အဲဒါဟာ သူ ဘောလုံးသမားတစ်ယောက်ဖြစ်လာခြင်းရဲ့အကြောင်းအရင်းလည်း  ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဟာလန်းက တစ်နေ့မှာ စီရော်နယ်ဒိုနဲ့ ဆုံတွေ့ချင်ကြောင်းလည်း ဆိုခဲ့ပါတယ်။

photo-gettyimages

အခုအချိန်မှာတော့ ဟာလန်းကိုယ်တိုင်ရော သူ့ရဲ့Idol ဖြစ်တဲ့ စီရော်နယ်ဒိုပါ အကောင်းဆုံးဂိုးသွင်းခြေစွမ်းရရှိနေကြတာပါ။ ဟာလန်းဟာ ဒီရာသီကစားခဲ့ရတဲ့ ၂၉ ပွဲမှာ ၃၉ ဂိုးတောင် သွင်းနိုင်ခဲ့ပြီး အဲဒီထဲမှာ ဒေါ့မန်ကို ပြောင်းပြီးမှ ပထမဆုံး ၇ ပွဲမှာ သွင်းခဲ့တဲ့ ၁၁ ဂိုးလည်း ပါဝင်ပါတယ်။ ၁၉ နှစ်အရွယ် အဲဒီနော်ဝေသားလေးဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ စီရော်နယ်ဒိုအပေါ် သူ့ရဲ့လေးစားမှုကို ဖွင့်ဟပြောပြခဲ့တာပါ။

photo-social media

”ကျွန်တော် သူနဲ့ ဆုံတွေ့ချင်ပါတယ်။ ပြီးတော့ သူ့ကြောင့် ကျွန်တော် ဘောလုံးသမားတစ်ယောက်ဖြစ်လာတယ်ဆိုတာကို ပြောပြချင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ သူဟာ အမြဲတမ်း role model တစ်ယောက်ပါပဲ”လို့ ဟာလန်းက ပီအက်စ်ဂျီနဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။ သူလေးစားအတုယူရတဲ့ စီရော်နယ်ဒိုဟာလည်း ဒီရာသီမှာ ၂၉ ပွဲမှာ ၂၄ ဂိုးသွင်းထားတာပါ။ ၂၀၀၂ မှာ စပို့တင်းအတွက် စီရော်နယ်ဒိုစတင်ပွဲဦးထွက်တော့ ဟာလန်းဟာ ၂ နှစ်သားသာ ရှိသေးတာပါ။

[Zawgyi]

သူ႔ေၾကာင့္ ေဘာလုံးသမားျဖစ္လာတယ္ဆုိတာ စီေရာ္နယ္ဒိုကိုေတြ႔ၿပီးေျပာျပခ်င္တဲ့ ဟာလန္း

လက္ရွိမွာ ဂိုးေတြျမဴးေနတဲ့ ေဒါ့မန္ၾကယ္ပြင့္သစ္ေလးဟာလန္းက စီေရာ္နယ္ဒိုကို ေလးစားအားက်ရင္းနဲ႔ သူႀကီးျပင္းလာတာျဖစ္ေၾကာင္းနဲ႔ အဲဒါဟာ သူ ေဘာလုံးသမားတစ္ေယာက္ျဖစ္လာျခင္းရဲ႕အေၾကာင္းအရင္းလည္း  ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ ဟာလန္းက တစ္ေန႔မွာ စီေရာ္နယ္ဒုိနဲ႔ ဆုံေတြ႕ခ်င္ေၾကာင္းလည္း ဆုိခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ဟာလန္းကိုယ္တိုင္ေရာ သူ႔ရဲ႕Idol ျဖစ္တဲ့ စီေရာ္နယ္ဒိုပါ အေကာင္းဆုံးဂိုးသြင္းေျခစြမ္းရရွိေနၾကတာပါ။ ဟာလန္းဟာ ဒီရာသီကစားခဲ့ရတဲ့ ၂၉ ပြဲမွာ ၃၉ ဂိုးေတာင္ သြင္းႏိုင္ခဲ့ၿပီး အဲဒီထဲမွာ ေဒါ့မန္ကို ေျပာင္းၿပီးမွ ပထမဆုံး ၇ ပြဲမွာ သြင္းခဲ့တဲ့ ၁၁ ဂုိးလည္း ပါ၀င္ပါတယ္။ ၁၉ ႏွစ္အရြယ္ အဲဒီေနာ္ေ၀သားေလးဟာ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ ပီအက္စ္ဂ်ီကို အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ စီေရာ္နယ္ဒိုအေပၚ သူ႔ရဲ႕ေလးစားမႈကို ဖြင့္ဟေျပာျပခဲ့တာပါ။

”ကၽြန္ေတာ္ သူနဲ႔ ဆုံေတြ႕ခ်င္ပါတယ္။ ၿပီးေတာ့ သူ႔ေၾကာင့္ ကၽြန္ေတာ္ ေဘာလုံးသမားတစ္ေယာက္ျဖစ္လာတယ္ဆုိတာကို ေျပာျပခ်င္ပါတယ္။ ကၽြန္ေတာ့္အတြက္ကေတာ့ သူဟာ အၿမဲတမ္း role model တစ္ေယာက္ပါပဲ”လို႔ ဟာလန္းက ပီအက္္စ္ဂ်ီနဲ႔ပြဲအၿပီးမွာ ေျပာခဲ့တာပါ။ သူေလးစားအတုယူရတဲ့ စီေရာ္နယ္ဒိုဟာလည္း ဒီရာသီမွာ ၂၉ ပြဲမွာ ၂၄ ဂိုးသြင္းထားတာပါ။ ၂၀၀၂ မွာ စပို႔တင္းအတြက္ စီေရာ္နယ္ဒိုစတင္ပြဲဦးထြက္ေတာ့ ဟာလန္းဟာ ၂ ႏွစ္သားသာ ရွိေသးတာပါ။