သူ့ကို ကယ်တင်ပေးနေတဲ့ ရော်နယ်ဒိုကို မိုက်ကယ်ဂျော်ဒန်နဲ့ နှိုင်းတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ အတ္တလန်တာနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ

အသင်းအတွက် ချေပဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုကို နာမည်ကျော် ဂန္တဝင် ဘတ်စကတ်ဘော ကစားသမား မိုက်ကယ်ဂျော်ဒန်နဲ့ နှိုင်းယှဉ်ကာ ချီးကျူးသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရလဒ် မတည်ငြိမ်မှု၊ နောက်တန်းအားနည်းမှု၊ ပေးဂိုးများနေမှု စတဲ့ အနေအထားတွေ ရှိနေချိန်မှာ ရော်နယ်ဒိုသာ ရှိမနေခဲ့ရင် အသင်းအနေနဲ့ အခုထက်ပိုပြီး အခြေအနေဆိုးသွားနိုင်ပါတယ်။

အတ္တလန်တာနဲ့ ပွဲဟာလည်း နိုင်သင့်တဲ့ ပွဲဖြစ်ပေမယ့် ကံကောင်းလို့သာ မရှူံးခဲ့တာပါ။

အတ္တလန်တာ အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၂မိနစ်မှာ အီလီချစ် ၊ ပွဲကစားချိန် ၅၆မိနစ်မှာ ဇာပါတာတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး

ယူနိုက်တက် အတွက် ချေပဂိုး ၂ဂိုးစလုံးကို ပွဲကစားချိန် ၄၅+၁မိနစ်နဲ့ ၉၀+၂မိနစ်တွေမှာ ရော်နယ်ဒို တစ်ယောက်ထဲက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုးလ်ရှားက”ကျွန်တော်တို့အတွက် ရော်နယ်ဒိုဟာ Chicago Bulls အတွက် Michael Jordan ရှိနေခဲ့တဲ့ပုံစံလိုပါပဲ။

ဒီကစားသမားတွေရဲ့စွမ်းဆောင်ရည်တွေလုပ်အားနှုန်းတွေ စရိုက်အသွင်ပြင်တွေအပေါ် ဘယ်သူမှမေးခွန်းထုတ်လို့ရမှာမဟုတ်ပါဘူး။

သူတို့ကဘယ်သောအခါမှအရှုံးမပေးဘဲ ဆက်လျှောက်နေတဲ့ကစားသမားတွေပါ ကျွန်တော်တို့ဒီနေ့ပွဲမှာ ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီးသူတို့လည်းဒီပြောင်းလဲမှုတွေထဲမှာအလုပ်ဖြစ်ခဲ့ပါတယ်” လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔ကို ကယ္တင္​ေပး​ေနတဲ့ ​ေရာ္နယ္ဒိုကို မိုက္ကယ္​ေဂ်ာ္ဒန္နဲ႔ ႏႈိင္းတဲ့ ဆိုးလ္ရွား

ယူႏိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွား ကေတာ့ အတၱလန္တာနဲ႔ တစ္ဖက္ ႏွစ္ဂိုးစီ သ​ေရက်ခဲ့တဲ့ပြဲမွာ အသင္းအတြက္ ေခ်ပဂိုး ၂ဂိုးစလုံးကို သြင္းယူေပးခဲ့တဲ့ အဓိက တိုက္စစ္မႉး ​ေရာ္နယ္ဒိုကို နာမည္ေက်ာ္ ဂႏၲဝင္ ဘတ္စကတ္ေဘာ ကစားသမား မိုက္ကယ္ေဂ်ာ္ဒန္နဲ႔ ႏႈိင္းယွဥ္ကာ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ရလဒ္ မတည္ၿငိမ္မႈ၊ ​ေနာက္တန္းအားနည္းမႈ၊ ေပးဂိုးမ်ားေနမႈ စတဲ့ အ​ေနအထား​ေတြ ရွိ​ေနခ်ိန္မွာ ​ေရာ္နယ္ဒိုသာ ရွိမေနခဲ့ရင္ အသင္းအ​ေနနဲ႔ အခုထက္ပိုၿပီး အ​ေျခအ​ေနဆိုးသြားႏိုင္ပါတယ္။ အတၱလန္တာနဲ႔ ပြဲဟာလည္း ႏိုင္သင့္တဲ့ ပြဲျဖစ္​ေပမယ့္ ကံ​ေကာင္းလို႔သာ မရႉံးခဲ့တာပါ။

အတၱလန္တာ အတြက္ သြင္းဂိုးေတြကို ပြဲကစားခ်ိန္ ၁၂မိနစ္မွာ အီလီခ်စ္ ၊ ပြဲကစားခ်ိန္ ၅၆မိနစ္မွာ ဇာပါတာတို႔က သြင္းယူေပးခဲ့တာ ျဖစ္ၿပီး ယူႏိုက္တက္ အတြက္ ေခ်ပဂိုး ၂ဂိုးစလုံးကို ပြဲကစားခ်ိန္ ၄၅+၁မိနစ္နဲ႔ ၉၀+၂မိနစ္ေတြမွာ ​ေရာ္နယ္ဒို တစ္​ေယာက္ထဲက သြင္းယူေပးခဲ့တာလည္း ျဖစ္ပါတယ္။

ဆိုးလ္ရွားက”ကြၽန္ေတာ္တို႔အတြက္ ​ေရာ္နယ္ဒိုဟာ Chicago Bulls အတြက္ Michael Jordan ရွိေနခဲ့တဲ့ပုံစံလိုပါပဲ ဒီကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ေတြလုပ္အားႏႈန္းေတြ စ႐ိုက္အသြင္ျပင္ေတြအေပၚ ဘယ္သူမွေမးခြန္းထုတ္လို႔ရမွာမဟုတ္ပါဘူး သူတို႔ကဘယ္ေသာအခါမွအရႈံးမေပးဘဲ ဆက္ေလွ်ာက္ေနတဲ့ကစားသမားေတြပါ ကြၽန္ေတာ္တို႔ဒီေန႔ပြဲမွာ ေျပာင္းလဲမႈအခ်ိဳ႕ျပဳလုပ္ခဲ့ၿပီးသူတို႔လည္းဒီေျပာင္းလဲမႈေတြထဲမွာအလုပ္ျဖစ္ခဲ့ပါတယ္” လို႔ ​ေျပာဆိုပါတယ္။