သူနဲ့တစ်နိုင်ငံတည်းသား မန်ယူလူသစ်လေးနဲ့ပတ်သက်လို့ ထင်မြင်ချက်ပေးတဲ့ ကာဗာနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူတိုက်စစ်မှုးကာဗာနီဟာ သူနဲ့တစ်နိုင်ငံတည်းသားလည်းဖြစ်၊ မန်ယူအသင်းဖော်သစ်လည်းဖြစ်တဲ့ ပယ်လစ်စထရီနဲ့ ပတ်သက်လို့ သူ့အမြင်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ ၁၈ နှစ်သာရှိသေးတဲ့ တောင်ပံတိုက်စစ်ကစားသမားလေးပယ်လစ်စထရီဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကာဗာနီနဲ့အတူ ရောက်ရှိလာသူပါ။

မန်ယူဟာ သူ့ကို ဥရုဂွေးကလပ်ပီနာရိုလ်ကနေ ပေါင် ၁၀ သန်းနီးပါးနဲ့ခေါ်ယူခဲ့ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ ပီနာရိုလ်က ပယ်လစ်စထရီကို လာမယ့်ဇန်နဝါရီအထိ အငှားချပေးဖို့ တောင်းဆိုခဲ့ပေမယ့် မန်ယူက ပယ်ချခဲ့ပြီး ဆိုးလ်ရှားဟာ ပထမအသင်းကြီးမှာ အသုံးပြုဖို့ စီစဉ်ထားတာပါ။

ဒါ့အပြင် အဲဒီလူငယ်လေးကို အသင်းရဲ့ချန်ပီယံလိဂ်လူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ပယ်လစ်စထရီဟာ မနှစ်ကမှ ပီနာရိုလ်မှာ အသင်းကြီးပွဲထွက်ခွင့်ရတာဖြစ်လို့ ဥရုဂွေးလက်ရွေးစင်အသင်းကြီးအတွက် မကစားဖူးသေးပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာတော့ ဝါရင့်ကာဗာနီဆီကနေ ဘောလုံးနဲ့ပတ်သက်ပြီး အနီးကပ်သင်ယူခွင့်ရရှိနိုင်ပါတယ်။

”ပယ်လစ်စထရီဟာ လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူကစားပုံကို ကျွန်တော် တကယ်ကြိုက်ပါတယ်။ သူက ကျီစယ်ကစားတတ်တဲ့ တောင်အမေရိကဘောလုံးသမားပုံစစ်စစ်ပါ။ အများကြီးသင်ယူရမယ့်ငယ်ရွယ်သူတစ်ယောဖြစ်ပေမယ့် အများကြီးလည်းပေးမယ့်သူပါ။ သူဘာလုပ်နိုင်တယ်ဆိုတာကို ပီနာရိုလ်မှာ ပြသထားပြီးပါပြီ။ ဒီမှာ သင်ယူရမှာက သူ့အတွက် ကြီးကျယ်တဲ့အတွေ့အကြုံတစ်ခုဖြစ်လာမှာပါ။ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ဒီအခန်းသစ်ကို အတူတကွလျှောက်လှမ်းချင်ပါတယ်”လို့ ကာဗာနီက ပြောခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သူနဲ႔တစ္ႏုိင္ငံတည္းသား မန္ယူလူသစ္ေလးနဲ႔ပတ္သက္လုိ႔ ထင္ျမင္ခ်က္ေပးတဲ့ ကာဗာနီ

မန္ယူတိုက္စစ္မႈးကာဗာနီဟာ သူနဲ႔တစ္ႏိုင္ငံတည္းသားလည္းျဖစ္၊ မန္ယူအသင္းေဖာ္သစ္လည္းျဖစ္တဲ့ ပယ္လစ္စထရီနဲ႔ ပတ္သက္လုိ႔ သူ႔အျမင္ကို ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ ၁၈ ႏွစ္သာရွိေသးတဲ့ ေတာင္ပံတုိက္စစ္ကစားသမားေလးပယ္လစ္စထရီဟာ အေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ ကာဗာနီနဲ႔အတူ ေရာက္ရွိလာသူပါ။

မန္ယူဟာ သူ႔ကုိ ဥရုေဂြးကလပ္ပီနာရိုလ္ကေန ေပါင္ ၁၀ သန္းနီးပါးနဲ႔ေခၚယူခဲ့ၿပီး ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာပါ။ ပီနာရုိလ္က ပယ္လစ္စထရီကို လာမယ့္ဇန္န၀ါရီအထိ အငွားခ်ေပးဖို႔ ေတာင္းဆုိခဲ့ေပမယ့္ မန္ယူက ပယ္ခ်ခဲ့ၿပီး ဆုိးလ္ရွားဟာ ပထမအသင္းႀကီးမွာ အသုံးျပဳဖုိ႔ စီစဥ္ထားတာပါ။

ဒါ့အျပင္ အဲဒီလူငယ္ေလးကို အသင္းရဲ႕ခ်န္ပီယံလိဂ္လူစာရင္းမွာ ထည့္သြင္းခဲ့ပါတယ္။ ပယ္လစ္စထရီဟာ မႏွစ္ကမွ ပီနာရိုလ္မွာ အသင္းႀကီးပြဲထြက္ခြင့္ရတာျဖစ္လုိ႔ ဥရုေဂြးလက္ေရြးစင္အသင္းႀကီးအတြက္ မကစားဖူးေသးေပမယ့္ အိုးလ္ထရက္ဖုိ႔ဒ္မွာေတာ့ ၀ါရင့္ကာဗာနီဆီကေန ေဘာလုံးနဲ႔ပတ္သက္ၿပီး အနီးကပ္သင္ယူခြင့္ရရွိႏိုင္ပါတယ္။

”ပယ္လစ္စထရီဟာ လူငယ္ေလးတစ္ေယာက္ျဖစ္ၿပီး သူကစားပုံကုိ ကၽြန္ေတာ္ တကယ္ႀကိဳက္ပါတယ္။ သူက က်ီစယ္ကစားတတ္တဲ့ ေတာင္အေမရိကေဘာလုံးသမားပုံစစ္စစ္ပါ။ အမ်ားႀကီးသင္ယူရမယ့္ငယ္ရြယ္သူတစ္ေယာျဖစ္ေပမယ့္ အမ်ားႀကီးလည္းေပးမယ့္သူပါ။ သူဘာလုပ္ႏိုင္တယ္ဆုိတာကို ပီနာရိုလ္မွာ ျပသထားၿပီးပါၿပီ။ ဒီမွာ သင္ယူရမွာက သူ႔အတြက္ ႀကီးက်ယ္တဲ့အေတြ႕အႀကဳံတစ္ခုျဖစ္လာမွာပါ။ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္စလုံးအတြက္ ဒီအခန္းသစ္ကို အတူတကြေလွ်ာက္လွမ္းခ်င္ပါတယ္”လုိ႔ ကာဗာနီက ေျပာခဲ့တာပါ။