သရဲနီ လင်ဂတ်ရဲ့အနာဂတ်လားရာ…..

photo internet
photo internet

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပြီးဆုံးသွားပေမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်နဲ့ ပတ်သက်ပြီးသတင်းတွေကြားနေရပြန်ပါတယ်။ ယူနိုက်တက်အသင်းမှာ ကွင်းလယ်ကစားသမား လင်ဂတ်ရဲ့အနာဂတ်ဟာလည်း ပေါ့ဘာလိုဖြစ်နေပါတယ်။ ပေါ့ဘာဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ကာလကတည်းက ယူနိုက်တက်ကနေပြောင်းချင်ပေမယ့် ခုချိန်ထိအသင်းမှာပဲဆက်ရှိနေရပါတယ်။ ပေ့ါဘာရဲ့အေးဂျင့်ဖြစ်သူနဲ့လက်တွဲခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမား လင်ဂတ်ဟာလည်း လာမယ့်နွေရာသီမှာယူနိုက်တက်ကနေထွက်ခွာဖို့ ရှိနေတယ်လို့ သတင်းတွေကြားနေရပါတယ်။ လင်ဂတ်ကိုခေါ်ယူဖို့အတွက်စပိန်ကလပ်အက်သလက်တီကို မက်ဒရစ်နဲ့ အီတလီကလပ် ရိုးမားတို့က စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

photo internet

မိခင်ရဲ့ကျန်းမာရေးအခြေအနေဆိုးရွားမှုနဲ့မိသားစုပြဿနာတွေကြောင့် လင်ဂတ် ရဲ့ကွင်းတွင်းခြေစွမ်း ဟာကျဆင်းလာခဲ့ပြီး တစ်နှစ်အတွင်းသွင်းဂိုးမရရှိတဲ့အနေအထားနီးပါးအထိပါရောက်ရှိခဲ့ပါသေးတယ်။ ယူနိုက်တက်မှာခြေစွမ်းမပြနိုင်တာကာလအတော်ကြာပြီဖြစ်တာကြောင့် အသင်းပရိသတ်တွေရဲ့ အမြင်မကြည်လင်မှုကိုခံနေရတဲ့ လင်ဂတ်ရဲ့ အနာဂတ်ဟာ အခုဆိုရင် ဖာနန်ဒက်စ်ပါ ရောက်လာခဲ့ပြီဖြစ်တာကြောင့် တော်တော်လေးကို မရေမရာတဲ့ အခြေအနေတွေဖြစ်ပေါ်လာခဲ့ပြီပဲဖြစ်ပါ တယ်။လင်ဂတ် နဲ့ ယူနိက်တက်ကြားမှာ ဆက်ဆံရေးအေးခဲနေပြီး ဆိုးလ်ရှားလို နည်းပြနဲ့တောင်မှ အစေးမကပ်တဲ့ အနေအထားတွေရှိပါတယ်။ အကယ်ဒမီထွက်ကစားသမားဖြစ်ပေမယ့်လည်း လင်ဂတ်ရဲ့စိတ်ဓာတ်ပိုင်း၊အပြုအမူနဲ့ခြေစွမ်းတွေက အသင်းရဲ့ စံနှုန်းတွေနဲ့ကွဲလွဲနေပါတယ်။ နံပါတ်၁၀နေရာမှာကစားသူဖြစ်ပေမယ့် မြင့်မားတဲ့အရည်အသွေးနဲ့ စူးရှတဲ့အမြင်မရှိသလို တိကျတဲ့ဖန်တီးပေးပို့မှုတွေလည်းမပြုလုပ်နိုင်ပါဘူး။

photo internet

လင်ဂတ်အနေနဲ့သူ့ရဲ့ပုံမှန်ခြေစွမ်းပြရဖို့အတွက် အသင်းပြောင်းဖို့လိုလာမယ်ဆိုရင်တော့ ယူနိုက်တက်ကိုစွန့်ခွာသွားဖို့ အဆင်သင့်ရှိနေတယ်လို့လည်းကြားသိရပါတယ်။ လင်ဂတ်ဟာ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်တစ်ခုလုံးမှာ ပြိုင်ပွဲစုံယူနိုက်တက်အတွက်သွင်းဂိုးတစ်ဂိုးသာသွင်းယူပေးထားနိုင်ခဲ့တာပါ။ ဆိုးရွားတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားပေမယ့် လင်ဂတ်တစ်ယောက် ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင်၁၃၀၀၀၀ ထိရရှိနေပါတယ်။လက်ရှိရာသီ မှာလည်း နည်းပြဆိုးလ်ရှားအနေနဲ့ လင်ဂတ်ကို ပုံမှန်ပွဲထွက်ခွင့်တွေပေးနေပေမယ့် လင်ဂတ်တစ်ယောက်ဟာ လက်ရှိအချိန်ထိတော့ သူ့ရဲ့ခြေစွမ်းကောင်းတွေကို ပရိသတ်တွေကျေနပ်အောင်ပြသနိုင်ခြင်းမရှိသေးပါဘူး။ ယူနိုက်တက်မှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်၊ဝီလီယမ်တို့က အချို့ပွဲတွေမှာ ပရိသတ်ကျေနပ်အောင် ခြေစွမ်းတွေပြသနေတာဟာလင်ဂတ်အတွက်ဖိအားတွေဖြစ်စေပါတယ်။ ဒါ့အပြင်အခုအချိန်မှာ ယူနိုက်တက် ပရိသတ်တွေအမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ ဖာနန်ဒက်စ်တစ်ယောက်ကလည်း သရဲနီတပ်သားဖြစ်လာခဲ့ပြီး၊ ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ပေ့ါဘာ၊ရှက်ရ်ှဖို့၊တော်မီနေးတို့ကလည်းမကြာမီ မြက်ခင်းစိမ်းပေါ်ပြန်လည် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ လင်ဂတ်တစ်ယောက် အခုလိုခြေစွမ်းသာ ဆက်ရှိနေမယ်ဆိုရင် လင်ဂတ်ရဲ့အနာဂတ်ဟာပိုပြီး ဆိုးရွားလာနိုင်ပါတယ်။

photo internet

ဒါကြောင့် လင်ဂတ်တစ်ယောက် ယူနိုက်တက်ကနေထွက်ခွာခဲ့မယ်ဆိုရင်လည်း ဒါဟာသူ့အတွက်မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ဒီတိုင်းသာယူနိုက်တက်မှာပေကပ်ပြီးဆက်နေသွားမယ်ဆိုရင် လင်ဂတ်တစ်ယောက်သူ့ရဲ့သမိုင်းကြောင်းကို မှတ်တမ်းဆိုးတွေနဲ့သာဖန်တီးသလိုဖြစ်သွားပါလိမ့်မယ်။ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ လင်ဂတ်အနေနဲ့ သူ့အနာဂတ်ကို ဘယ်လိုဖန်တီးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ လင်ဂတ်တစ်ယောက်ဘောလုံးကွင်းထဲမှာရော၊မိသားစုအရေးမှာပါ သာယာပါစေလို့ဆန္ဒပြုပါတယ်။

photo internet

(Zawgyi Version)

သရဲနီ လင္ဂတ္ရဲ႕အနာဂတ္လားရာ…..

ဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္ၿပီးဆုံးသြားေပမယ့္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္နဲ႔ ပတ္သက္ၿပီးသတင္းေတြၾကားေနရျပန္ပါတယ္။ ယူႏိုက္တက္အသင္းမွာ ကြင္းလယ္ကစားသမား လင္ဂတ္ရဲ႕အနာဂတ္ဟာလည္း ေပါ့ဘာလုိျဖစ္ေနပါတယ္။ ေပါ့ဘာဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ ကာလကတည္းက ယူႏိုက္တက္ကေနေျပာင္းခ်င္ေပမယ့္ ခုခ်ိန္ထိအသင္းမွာပဲဆက္ရိွေနရပါတယ္။ ေပ့ါဘာရဲ႕ေအးဂ်င့္ျဖစ္သူနဲ႔လက္တြဲခဲ့တဲ့ ယူႏုိက္တက္ကြင္းလယ္ကစားသမား လင္ဂတ္ဟာလည္း လာမယ့္ေႏြရာသီမွာယူႏုိက္တက္ကေနထြက္ခြာဖို႔ ရွိေနတယ္လို႔ သတင္းေတြၾကားေနရပါတယ္။ လင္ဂတ္ကုိေခၚယူဖို႔အတြက္စပိန္ကလပ္အက္သလက္တီကို မက္ဒရစ္နဲ႔ အီတလီကလပ္ ရိုးမားတို႔က စိတ္၀င္စားေနတယ္လို႔သိရပါတယ္။

မိခင္ရဲ႕က်န္းမာေရးအေျခအေနဆိုး႐ြားမႈနဲ႔မိသားစုျပႆနာေတြေၾကာင့္ လင္ဂတ္ ရဲ႕ကြင္းတြင္းေျခစြမ္း ဟာက်ဆင္းလာခဲ့ၿပီး တစ္ႏွစ္အတြင္းသြင္းဂိုးမရရွိတဲ့အေနအထားနီးပါးအထိပါေရာက္ရွိခဲ့ပါေသးတယ္။ ယူႏုိက္တက္မွာေျခစြမ္းမျပႏိုင္တာကာလအေတာ္ၾကာျပီျဖစ္တာေၾကာင့္ အသင္းပရိသတ္ေတြရဲ႕ အျမင္မၾကည္လင္မႈကိုခံေနရတ့ဲ လင္ဂတ္ရဲ႕ အနာဂတ္ဟာ အခုဆိုရင္ ဖာနန္ဒက္စ္ပါ ေရာက္လာခ့ဲျပီျဖစ္တာေၾကာင့္ ေတာ္ေတာ္ေလးကို မေရမရာတ့ဲ အေျခအေနေတြျဖစ္ေပၚလာခ့ဲျပီပဲျဖစ္ပါ တယ္။လင္ဂတ္ နဲ႔ ယူနိက္တက္ၾကားမွာ ဆက္ဆံေရးေအးခဲေနၿပီး ဆိုးလ္ရွားလို နည္းျပနဲ႔ေတာင္မွ အေစးမကပ္တဲ့ အေနအထားေတြရိွပါတယ္။ အကယ္ဒမီထြက္ကစားသမားျဖစ္ေပမယ့္လည္း လင္ဂတ္ရဲ႕စိတ္ဓာတ္ပိုင္း၊အျပဳအမူနဲ႔ေျခစြမ္းေတြက အသင္းရဲ႕ စံႏႈန္းေတြနဲ႔ကြဲလြဲေနပါတယ္။ နံပါတ္၁၀ေနရာမွာကစားသူျဖစ္ေပမယ့္ ျမင့္မားတဲ့အရည္အေသြးနဲ႔ စူးရွတဲ့အျမင္မရွိသလို တိက်တဲ့ဖန္တီးေပးပို႔မႈေတြလည္းမျပဳလုပ္ႏိုင္ပါဘူး။

လင္ဂတ္အေနနဲ႔သူ႔ရဲ႕ပံုမွန္ေျခစြမ္းျပရဖို႔အတြက္ အသင္းေျပာင္းဖို႔လိုလာမယ္ဆိုရင္ေတာ့ ယူႏုိက္တက္ကိုစြန္႔ခြာသြားဖို႔ အဆင္သင့္ရွိေနတယ္လို႔လည္းၾကားသိရပါတယ္။ လင္ဂတ္ဟာ ျပီးခ့ဲတ့ဲ (၂၀၁၉)ခုႏွစ္တစ္ခုလံုးမွာ ျပိဳင္ပြဲစုံယူႏုိက္တက္အတြက္သြင္းဂိုးတစ္ဂိုးသာသြင္းယူေပးထားႏုိင္ခ့ဲတာပါ။ ဆိုး႐ြားတဲ့မွတ္တမ္းကိုပိုင္ဆိုင္ထားေပမယ့္ လင္ဂတ္တစ္ေယာက္ ယူႏိုက္တက္မွာ တစ္ပတ္လုပ္ခ ေပါင္၁၃၀၀၀၀ ထိရရွိေနပါတယ္။လက္ရွိရာသီမွာလည္း နည္းျပဆိုးလ္ရွားအေနနဲ႔ လင္ဂတ္ကို ပံုမွန္ပြဲထြက္ခြင့္ေတြေပးေနေပမယ့္ လင္ဂတ္တစ္ေယာက္ဟာ လက္ရွိအခ်ိန္ထိေတာ့ သူ႔ရဲ႕ေျခစြမ္းေကာင္းေတြကို ပရိသတ္ေတြေက်နပ္ေအာင္ျပသႏိုင္ျခင္းမရိွေသးပါဘူး။ ယူႏိုက္တက္မွာ လူငယ္ကစားသမားေတြျဖစ္တဲ့ ဂရင္း၀ုဒ္၊၀ီလီယမ္တို႔က အခ်ဳိ႕ပြဲေတြမွာ ပရိသတ္ေက်နပ္ေအာင္ ေျခစြမ္းေတြျပသေနတာဟာလင္ဂတ္အတြက္ဖိအားေတြျဖစ္ေစပါတယ္။ ဒါ့အျပင္အခုအခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြအေမွ်ာ္လင့္ႀကီးေမွ်ာ္လင့္ခဲ့တဲ့ ဖာနန္ဒက္စ္တစ္ေယာက္ကလည္း သရဲနီတပ္သားျဖစ္လာခဲ့ၿပီး၊ ဒဏ္ရာရကစားသမားေတြျဖစ္တဲ့ ေပ့ါဘာ၊ရွက္ရ္ွဖို႔၊ေတာ္မီေနးတုိ႕ကလည္းမၾကာမီ ျမက္ခင္းစိမ္းေပၚျပန္လည္ေရာက္ရိွလာေတာ့မွာျဖစ္ပါတယ္။ အဲဒီအခ်ိန္ကာလမွာ လင္ဂတ္တစ္ေယာက္ အခုလိုေျခစြမ္းသာဆက္ရိွေနမယ္ဆိုရင္ လင္ဂတ္ရဲ႕အနာဂတ္ဟာပိုၿပီး ဆိုးရြားလာႏိုင္ပါတယ္။

ဒါေၾကာင့္ လင္ဂတ္တစ္ေယာက္ ယူႏုိက္တက္ကေနထြက္ခြာခ့ဲမယ္ဆိုရင္လည္း ဒါဟာသူ႔အတြက္မွန္ကန္တ့ဲ ေရြးခ်ယ္မႈတစ္ခုျဖစ္လာမွာျဖစ္ပါတယ္။ ဒီတိုင္းသာယူႏုိက္တက္မွာေပကပ္ျပီးဆက္ေနသြားမယ္ဆိုရင္ လင္ဂတ္တစ္ေယာက္သူ႔ရဲ႕သမိုင္းေၾကာင္းကို မွတ္တမ္းဆိုးေတြနဲ႔သာဖန္တီးသလုိျဖစ္သြားပါလိမ့္မယ္။ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ လင္ဂတ္အေနနဲ႔ သူ႔အနာဂတ္ကို ဘယ္လုိဖန္တီးမလဲဆိုတာ ေစာင့္ၾကည့္ရပါမယ္။ လင္ဂတ္တစ္ေယာက္ေဘာလုံးကြင္းထဲမွာေရာ၊မိသားစုအေရးမွာပါ သာယာပါေစလုိ႔ဆႏၵျပဳပါတယ္။