သရဲနီကစားသမားတွေဖြစ်တဲ့ အီဟာလိုနဲ့ ဝီလီယမ်တို့ရဲ့ခြေစွမ်းတွေအကြောင်း…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းမှာ အားကိုးရတဲ့ကစားသမားတွေများစွာရှိပါတယ်။ ဒီထဲကမှ အခုတင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ အီဟာလိုနဲ့ ဝီလီယမ်တို့အကြောင်းပဲဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်းတို့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင် နည်းပြဆိုးလ်ရှားဟာအန်တိုနီ မာရှယ် ကို တိုက်စစ် မြားဦး မှာ ထား ခဲ့ပြီး ဒန်နီ ရယ် ဂျိမ်းစ် နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ ကို ဝန်းရံ ပံ့ပိုး စေခဲ့ ပါတယ် ။

photo internet

ဒုတိယ ပိုင်း ပြီးဆုံး ခါနီး မှာတော့ ဇန်နဝါရီ တုန်းက ခေါ်ယူ ခဲ့တဲ့ တိုက်စစ်မှူးသစ် အီဟာလို ကို လူစားလဲ ပြီး ထည့်သွင်း ခဲ့ ပါတယ် ။ အဲဒီပွဲမှာအီဟာလို ဟာ နာကျင် အချိန်ပို အပါ အဝင် ၆ မိနစ်သာ ကစား ခဲ့ရ ပေမယ့် ယူနိုက်တက် အသင်း မှာပထမဆုံးကစားခွင့်ရရှိခဲ့တဲ့ နိုက်ဂျီးရီးယား ကစား သမား အဖြစ် မှတ်တမ်း ဝင်သွား ခဲ့ ပါတယ် ။ အီဟာလို ဟာအဲ ဒီ ၆ မိနစ် အတွင်းမှာ ဂိုး သွင်း နိုင်ခွင့် ရရှိ ခဲ့ ပေမယ့်လည်း ယူနိုက်တက် ကစား သမား ဘ၀ ပထမဆုံး သွင်းဂိုး နဲ့ လွဲချော် ခဲ့ ပါတယ် ။

photo internet

နည်းပြဆိုးလ်ရှား ကတော့ သူ့ အနေနဲ့ ယူနိုက်တက်အသင်း ဟာ အီဟာလို အပေါ် အားကိုး နေရတာ မဟုတ်ကြောင်း ကို သိသာ စေလို တာ ကြောင့်ရော၊အီဟာလိုအတွက် ဖိအား မဖြစ်စေလိုတာ ကြောင့်ပါ တိုက်စစ်မှူးသစ်ကို မသုံးခဲ့တာဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုထားပါတယ်။ “သူ့ အပေါ် အားကိုး ရတယ်လို့ မခံစားမိ စေချင် ပါဘူး ။ အသင်း က 3ဂိုးပြတ် နဲ့ နိုင်နေတဲ့ ပွဲမျိုး မှာမှ သူ့ကို လူစား ထည့်ချင် ပါတယ် ။ ချဲလ်ဆီး လို အသင်းမျိုးနဲ့ ကစားမယ့် ပွဲ မှာ ပထမဆုံး ပွဲထုတ်ပြီး သူ့ကိုဖိအား ဝင်တာမျိုး မဖြစ် စေချင် ပါဘူး။

photo internet

အီဟာလို ဟာ အသင်း နဲ့ တစ်ရက် လေ့ကျင့် ခဲ့ပြီး ပါပြီ ။ ဂိုး အချို့ လည်း သွင်းနိုင်ခဲ့ ပါတယ် ။ ထပ်ပြီး တိုးတက် လာဖို့လည်း မျှော်လင့် မိပါတယ်”ဆိုပြီးနည်းပြ ဆိုးရှား က ပြောဆိုခဲ့ ပါတယ် ။အီဟာလိုဟာ ရှေ့ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်သံသယအနေအထားကြောင့် ယူနိုက်တက်အသင်းနဲ့စုပေါင်းမလေ့ကျင့်ခဲ့ရဘဲ သီးခြားလေ့ကျင့်ခဲ့ရပါတယ်။ နောက်ထပ်ပြောပြပေးချင်တဲ့အကြောင်းအရာကတော့ လူငယ်ကစားသမားလေး ဝီလီယမ်အကြောင်းဖြစ်ပါတယ်။ ဝီလီယမ်ဟာ ယူနိုက်တက်ရဲ့အနာဂတ်ကြယ်ပွင့်တွေထဲက တစ်ပွင့်ဖြစ်တယ်ဆိုတာကို သူကစားခဲ့ပြီးတဲ့ ပွဲစဉ်တွေမှာသူ့ခြေစွမ်းကိုကြည့်ရင်သိနိုင်ပါတယ်။

photo internet

ဝီလီယမ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ပွဲအထိကစားပေးထားခဲ့ပြီးဖြစ်ကာ မိနစ်နဲ့ဆိုရင်(၆၈၆)မိနစ်ကစားထားခဲ့ပြီးဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာလည်း ဝီလီယမ်ဟာ အကောင်းဆုံးခြေစွမ်းတွေကိုပြသထားနိုင်ခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားဟာသူ့ရဲ့ရေရှည်စီမံကိန်းကြောင့် လူငယ်ခြေတက်တွေကို အဓိကထားနေရာပေးတတ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်မှာဆိုရင် လူငယ်ခြေတက်လေးတွေဖြစ်တဲ့ ဝီလီယမ်၊ ဂရင်းဝုဒ်၊ရှက်ရ်ဖို့တို့ဟာ အရေးပါတဲ့နေရာတစ်ခုကိုရောက်နေ တာဖြစ်ပါတယ်။ ဝီလီယမ်ရဲ့အနေအထားကို ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့အကယ်ဒမီထွက်ကစားသမားလေး ဖီးလ်ဖိုဒန်နဲ့နှိုင်းယှဉ် ကြည့်ရအောင်ပါ။ ဖီးလ်ဖိုဒန်ဟာကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ဒီရာသီမှာ မန်စီးတီးအတွက် (၁၂)ပွဲပါဝင်ကစားပေးထားခဲ့ပါတယ်။

photo internet

ဒါပေမယ့် ဖီးလ်ဖိုဒန်တစ်ယောက် အဓိက ကစားသမားအဖြစ်ပါဝင်ကစားခွင့်ရခဲ့တဲ့ အချိန်ကတော့ မိနစ်နဲ့တွက်မယ်ဆိုရင် (၂၅၉)မိနစ်သာရှိထားတာဖြစ်ပါတယ်။ အချိန်အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ ဖိုဒန်ဟာ(၁၂)ပွဲမှာ မိနစ်ပေါင်း( ၆၃၄)မိနစ်သာကစားထားရတာကြောင့် ဝီလီယမ်ထက် (၅၅)မိနစ်လျော့နည်းနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ဝီလီယမ်က ယူနိုက်တက်ရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်နေပြီး၊ ဖိုဒန်ကတော့ အချိန်အများစုကိုအရန်ခုံမှာသာဖြုန်းနေရတာဖြစ်ပါတယ်။

photo internet

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ကြာသပတေး နေ့ မှာ ယူရိုပါ လိဂ် ၃၂ သင်းဆင့် ရှုံးထွက် ပထမ အကျော့ ပွဲစဉ် အဖြစ် ဘယ်လ်ဂျီယံ ကို ခရီးနှင်ကာ ကလပ် ဘရုဂေး နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပြီး၊ တနင်္ဂနွေနေ့ မှာတော့ ယူနိုက်တက် တို့ ဝက်ဖိုဒ့် အသင်း ကို အိမ်ကွင်းမှာ လက်ခံ ကစား ရမှာပဲ ဖြစ်ပါတယ် ။အဲဒီပွဲတွေမှာ အီဟာလိုနဲ့ ဝီလီယမ်တို့ရဲ့အနေအထားဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

သရဲနီကစားသမားေတြျဖစ္တဲ့ အီဟာလုိနဲ႔ ၀ီလီယမ္တို႔ရဲ႕ေျခစြမ္းေတြအေၾကာင္း…..

ယူႏိုက္တက္အသင္းမွာ အားကိုးရတဲ့ကစားသမားေတြမ်ားစြာရိွပါတယ္။ ဒီထဲကမွ အခုတင္ဆက္ေပးခ်င္တဲ့အေၾကာင္းအရာကေတာ့ အီဟာလုိနဲ႔ ၀ီလီယမ္တို႔အေၾကာင္းပဲျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီး အသင္းတို႔ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာဆိုရင္ နည္းျပဆိုးလ္ရွားဟာ
အန္တိုနီ မာရွယ္ ကို တိုက္စစ္ ျမားဦး မွာ ထား ခဲ့ၿပီး ဒန္နီ ရယ္ ဂ်ိမ္းစ္ နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ တို႔ ကို ဝန္းရံ ပံ့ပိုး ေစခဲ့ ပါတယ္ ။ ဒုတိယ ပိုင္း ၿပီးဆုံး ခါနီး မွာေတာ့ ဇန္နဝါရီ တုန္းက ေခၚယူ ခဲ့တဲ့ တိုက္စစ္မွဴးသစ္ အီဟာလို ကို လူစားလဲ ၿပီး ထည့္သြင္း ခဲ့ ပါတယ္ ။ အဲဒီပြဲမွာအီဟာလို ဟာ နာက်င္ အခ်ိန္ပို အပါ အဝင္ ၆ မိနစ္သာ ကစား ခဲ့ရ ေပမယ့္ ယူႏိုက္တက္ အသင္း မွာပထမဆုံးကစားခြင့္ရရိွခဲ့တဲ့ ႏိုက္ဂ်ီးရီးယား ကစား သမား အျဖစ္ မွတ္တမ္း ဝင္သြား ခဲ့ ပါတယ္ ။ အီဟာလို ဟာအဲ ဒီ ၆ မိနစ္ အတြင္းမွာ ဂိုး သြင္း ႏိုင္ခြင့္ ရရွိ ခဲ့ ေပမယ့္လည္း ယူႏိုက္တက္ ကစား သမား ဘ၀ ပထမဆုံး သြင္းဂိုး နဲ႔ လြဲေခ်ာ္ ခဲ့ ပါတယ္ ။
နည္းျပဆိုးလ္ရွား ကေတာ့ သူ႔ အေနနဲ႔ ယူႏိုက္တက္အသင္း ဟာ အီဟာလို အေပၚ အားကိုး ေနရတာ မဟုတ္ေၾကာင္း ကို သိသာ ေစလို တာ ေၾကာင့္ေရာ၊အီဟာလိုအတြက္ ဖိအား မျဖစ္ေစလိုတာ ေၾကာင့္ပါ တိုက္စစ္မွဴးသစ္ကို မသုံးခဲ့တာျဖစ္ေၾကာင္း မွတ္ခ်က္ျပဳေျပာဆိုထားပါတယ္။ “သူ႔ အေပၚ အားကိုး ရတယ္လို႔ မခံစားမိ ေစခ်င္ ပါဘူး ။ အသင္း က 3ဂိုးျပတ္ နဲ႔ ႏိုင္ေနတဲ့ ပြဲမ်ိဳး မွာမွ သူ႔ကို လူစား ထည့္ခ်င္ ပါတယ္ ။ ခ်ဲလ္ဆီး လို အသင္းမ်ိဳးနဲ႔ ကစားမယ့္ ပြဲ မွာ ပထမဆုံး ပြဲထုတ္ၿပီး သူ႔ကိုဖိအား ဝင္တာမ်ိဳး မျဖစ္ ေစခ်င္ ပါဘူး။
အီဟာလို ဟာ အသင္း နဲ႔ တစ္ရက္ ေလ့က်င့္ ခဲ့ၿပီး ပါၿပီ ။ ဂိုး အခ်ိဳ႕ လည္း သြင္းႏိုင္ခဲ့ ပါတယ္ ။ ထပ္ၿပီး တိုးတက္ လာဖို႔လည္း ေမွ်ာ္လင့္ မိပါတယ္”ဆိုၿပီးနည္းျပ ဆိုးရွား က ေျပာဆိုခဲ့ ပါတယ္ ။အီဟာလိုဟာ ေရွ႕ပုိင္းမွာ ကိုရိုနာဗိုင္းရပ္စ္သံသယအေနအထားေၾကာင့္ ယူႏိုက္တက္အသင္းနဲ႔စုေပါင္းမေလ့က်င့္ခဲ့ရဘဲ သီးျခားေလ့က်င့္ခဲ့ရပါတယ္။ ေနာက္ထပ္ေျပာျပေပးခ်င္တဲ့အေၾကာင္းအရာကေတာ့ လူငယ္ကစားသမားေလး ၀ီလီယမ္အေၾကာင္းျဖစ္ပါတယ္။ ၀ီလီယမ္ဟာ ယူႏိုက္တက္ရဲ႕အနာဂတ္ၾကယ္ပြင့္ေတြထဲက တစ္ပြင့္ျဖစ္တယ္ဆိုတာကို သူကစားခ့ဲျပီးတ့ဲ ပြဲစဥ္ေတြမွာသူ႔ေျခစြမ္းကိုၾကည့္ရင္သိႏိုင္ပါတယ္။

၀ီလီိယမ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္ပြဲစဥ္(၁၀)ပြဲအထိကစားေပးထားခ့ဲျပီးျဖစ္ကာ မိနစ္နဲ႔ဆိုရင္(၆၈၆)မိနစ္ကစားထားခ့ဲျပီးျဖစ္ပါတယ္။ ခ်ဲလ္ဆီိးနဲ႔ ပြဲစဥ္မွာလည္း ၀ီလီယမ္ဟာ အေကာင္းဆံုးေျခစြမ္းေတြကိုျပသထားႏိုင္ခ့ဲပါတယ္။ နည္းျပဆိုးလ္ရွားဟာသူ႔ရဲ႕ေရရွည္စီမံကိန္းေၾကာင့္ လူငယ္ေျခတက္ေတြကို အဓိကထားေနရာေပးတတ္ပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္မွာဆုိရင္ လူငယ္ေျခတက္ေလးေတြျဖစ္တဲ့ ၀ီလီယမ္၊ ဂရင္း၀ုဒ္၊ရွက္ရ္ဖို႔တုိ႔ဟာ အေရးပါတဲ့ေနရာတစ္ခုကိုေရာက္ေန တာျဖစ္ပါတယ္။ ၀ီလီယမ္ရဲ႕အေနအထားကို ယူႏိုက္တက္ရဲ႕ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးရဲ႕အကယ္ဒမီထြက္ကစားသမားေလး ဖီးလ္ဖိုဒန္နဲ႔ႏိႈင္းယွဥ္ ၾကည့္ရေအာင္ပါ။ ဖီးလ္ဖိုဒန္ဟာကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္ျပီးေတာ့ ဒီရာသီမွာ မန္စီးတီးအတြက္ (၁၂)ပြဲပါ၀င္ကစားေပးထားခ့ဲပါတယ္။
ဒါေပမယ့္ ဖီးလ္ဖိုဒန္တစ္ေယာက္ အဓိက ကစားသမားအျဖစ္ပါ၀င္ကစားခြင့္ရခ့ဲတ့ဲ အခ်ိန္ကေတာ့ မိနစ္နဲ႔တြက္မယ္ဆိုရင္ (၂၅၉)မိနစ္သာရွိထားတာျဖစ္ပါတယ္။ အခ်ိန္အားလံုးေပါင္းလိုက္မယ္ဆိုရင္ေတာ့ ဖိုဒန္ဟာ(၁၂)ပြဲမွာ မိနစ္ေပါင္း( ၆၃၄)မိနစ္သာကစားထားရတာေၾကာင့္ ၀ီလီယမ္ထက္ (၅၅)မိနစ္ေလ်ာ့နည္းေနခ့ဲတာျဖစ္ပါတယ္။ ဒါ့အျပင္ လက္ရွိအခ်ိန္မွာ ၀ီလီိယမ္က ယူႏိုက္တက္ရဲ႕အဓိက ကစားသမားတစ္ေယာက္ျဖစ္ေနျပီး၊ ဖိုဒန္ကေတာ့ အခ်ိန္အမ်ားစုကိုအရန္ခံုမွာသာျဖဳန္းေနရတာျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ လာမယ့္ ၾကာသပေတး ေန႔ မွာ ယူ႐ိုပါ လိဂ္ ၃၂ သင္းဆင့္ ရႈံးထြက္ ပထမ အေက်ာ့ ပြဲစဥ္ အျဖစ္ ဘယ္လ္ဂ်ီယံ ကို ခရီးႏွင္ကာ ကလပ္ ဘ႐ုေဂး နဲ႔ ယွဥ္ၿပိဳင္ ကစား ရမွာ ျဖစ္ ၿပီး၊ တနဂၤေႏြေန႔ မွာေတာ့ ယူႏိုက္တက္ တို႔ ဝက္ဖိုဒ့္ အသင္း ကို အိမ္ကြင္းမွာ လက္ခံ ကစား ရမွာပဲ ျဖစ္ပါတယ္ ။အဲဒီပြဲေတြမွာ အီဟာလိုနဲ႔ ၀ီလီယမ္တို႔ရဲ႕အေနအထားဘယ္လုိျဖစ္မလဲဆိုတာေစာင့္ၾကည့္ၾကရေအာင္ပါ။