သတိရ တမ်းတနေရတော့မယ့် စနေညမှတ်တမ်းများ

Photo- Internet

မနေ့ညက ကစားသွားတဲ့ ဥရောပတစ်ဝှမ်းက လိဂ်တွေမှာ မှတ်တမ်းကောင်းတွေအများကြီးရှိခဲ့လို့ ဥရောပဘောလုံးလောက အတွက်စိတ်လှုပ်ရှားစရာ လိဂ်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။ မက်ဆီရဲ့ဆရာကျတဲ့စွမ်းဆောင်ရည်၊ ဂိုးသွင်းစွမ်းရည်ကိုထပ်မံပြသလိုက်တဲ့ လီဝန်ဒေါစကီး၊ ၆ ပွဲဆက်အနိုင်နဲ့ လမ်းပတ် အစရှိတာတွေဟာ စနေညရဲ့အသက်တွေပါဘဲ။

တည်ကန်ဘောတွေမှာ ဆရာကျနေဆဲဖြစ်တဲ့ မက်ဆီ

ဘာစီလိုနာ ၄-၁ ဆယ်တာဗီဂို ဆိုတဲ့ရလဒ်ကိုကြည့်ရင် ဘာစီလိုနာလိုအသင်းအတွက် အံအားသင့်စရာ မရှိပေမယ့် မက်ဆီရဲ့ထူးခြားတဲ့စွမ်းရည်ကိုတွေ့လိုက်ရတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာသူဟာ ပင်နယ်တီကနေ တစ်ဂိုး၊ ဖရီးကစ်နဲ့ ၂ ဂိုးသွင်းပြီး set- piece တွေမှာဘယ်လောက် ဆရာကျတဲ့အကြောင်း ပြသွားနိုင်ပါတယ်။ ဘာစီလိုနာအတွက်လည်း မက်ဆီကိုမှီခိုနေရဆဲ ဆိုတာမြင်လိုက်ရတာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဒီဟက်ထရစ်ကြောင့် မက်ဆီဟာ လာလီဂါမှာ ဟက်ထရစ်အများဆုံးစံချိန်တင်ထားတဲ့ စီရော်နယ်ဒိုရဲ့ ၃၄ ကြိမ်မှတ်တမ်းကို လိုက်မီသွားတာပါဘဲ။ ဒိုလေးက လာလီဂါ ၂၈၈ ပွဲကစားပြီး ဒီမှတ်တမ်းရခဲ့တာဖြစ်ပေမယ့် မက်ဆီကတော့ ၄၅၉ ပွဲကစားခဲ့ရပါတယ်။

Photo- Internet

အထိုင်ကျသွားပုံရတဲ့ ဇီဒန်း

ဟာဇက် ကြံခိုင်မှုမပြည့်တာ၊ ကွင်းလယ်မှာ အချိတ်အဆက်မမိတာ၊ တိုက်စစ်နေရာမကျခဲ့တာတွေဟာ ဒီရာသီပထမဆုံး ၂ လမှာ ရီးရဲလ်နဲ့ဇီဒန်းကို ဒုက္ခပေးခဲ့တဲ့အချက်တွေပါ။ ဒါပေမယ့် El Clasico ပွဲရွှေ့ရမှုဟာ ရီးရဲလ်ကိုပိုမိုကြံခိုင်လာစေပြီး လီဂါနက်စ်ကို ၅ ဂိုး၊ ဂါလာတာစာရေးကို ၆ ဂိုးပြတ်တွေနဲ့နိုင်ခဲ့ပြီး ဇီဒန်းလက်ထက်မှာ ရီးရဲလ်ဟာအထိုင်ကျလာပြီဆိုတာ ပြသခဲ့ပါတယ်။ အထူးသဖြင့် ဘင်ဇီမာဟာ ဂိုးသွင်းတာဝန်ကိုကျေပြွန်စွာထမ်းဆောင်နေပြီး မနေ့ညက အီဘာကို ၄-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းမှုနဲ့အတူ ရီးရဲလ်ရဲ့ လာလီဂါ ဂိုးသွင်းအများဆုံးသူစာရင်းမှာ ၁၅၇ ဂိုးနဲ့ အဆင့် ၆ ရောက်လာခဲ့ပါတယ်။

Photo- Internet

ရပ်တန့်လို့မရတော့တဲ့ လီဝန်ဒေါစကီး

ဂျာမန်ထိပ်သီးနှစ်သင်းရဲ့ ၁၀၁ ကြိမ်မြောက်တွေ့ဆုံမှုမှာ ဘိုင်ယန်မြူ းနစ်က ဒေါ့မန်ကို ၄ ဂိုးပြတ်နဲ့နိုင်ခဲ့တယ်။ ပွဲကိုအဆုံးအဖြစ်ဖြစ်စေခဲ့သူက ထုံးစံအတိုင်း ဒီရာသီမှာခြေစွမ်းပြနေတဲ့ တိုက်စစ်မှူ း လီဝန်ဒေါစကီးပါဘဲ။ သူဟာဒီပွဲမှာ ၂ ဂိုးသွင်းယူပြီးနောက် ဒီရာသီမှာ ဘိုင်ယန်အတွက်ပြိုင်ပွဲအရပ်ရပ် ၁၇ ပွဲကစားပြီး ၂၁ ဂိုးသွင်းထားလို့ အံအားသင့်စရာအရေအတွက်ဖြစ်ခဲ့တယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါ ပထမဆုံး ၁၁ ပွဲမှာ ဂိုးသွင်းအများဆုံးစံချိန်တင်ထားတဲ့ ဂတ်မူလာ ရဲ့ ၅၁ နှစ်ကြာစံချိန်ကိုလည်းသူကျော်ဖြတ်ခဲ့တယ်။ မူလာက ၁၅ ဂိုးသွင်းယူခဲ့တာကို လီဝန်ဒေါစကီးက ၁၆ ဂိုးတဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ ဒီပိုလန်သားဟာ ကမ္ဘာ့အကောင်းဆုံး ကျောနံပါတ် ၉ ဆိုတာငြင်းလို့မရဘူး။

Photo- Internet

၆ ပွဲဆက်အနိုင်နဲ့ ချဲလ်ဆီးအတွက် Right One ဖြစ်တဲ့ လမ်းပတ်

မော်ရင်ဟိုတုန်းက Special One ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ရင် လမ်းပတ်ကတော့ ချဲလ်ဆီးအတွက် မှန်ကန်သင့်တော်တဲ့ရွေးချယ်မှု Right One ဖြစ်တယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ နွေရာသီက ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရတဲ့ပြစ်ဒဏ်ဟာ လမ်းပတ်ကို ချဲလ်ဆီးနည်းပြဖြစ်လာစေခဲ့သလို အသင်းရဲ့လူငယ်တွေ ပိုမိုထင်ပေါ်ဖို့လည်း လမ်းစဖြစ်ခဲ့တာပါ။ သူဟာအသင်းအတွက် Right One ဖြစ်တယ်ဆိုတာကို ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်နိုင်ပြီး ၂၀၁၆-၁၇ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ၆ ပွဲဆက်အနိုင်ရတယ်ဆိုတဲ့ မှတ်တမ်းကောင်းကို လမ်းပတ်ကရယူပေးခဲ့ပါတယ်။ ချဲလ်ဆီးဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့နိုင်ခဲ့ပါတယ်။ အရင်ပွဲတွေကတော့ ဝက်ဖို့ဒ် ၁-၂ ၊ ဘန်လေ ၂-၄၊ ၁-၀ နယူးကာဆယ်၊ ဆောက်သမ်တန် ၁-၄ ၊ ၂-၀ ဘရိုက်တန်တို့ဘဲဖြစ်ပါတယ်။

Photo- Internet

ဒီမှတ်တမ်းအပြင် အသက် ၂၂ နှစ်သာရှိသေးတဲ့ အေဘရာဟမ် ဟာချဲလ်ဆီးရဲ့အဓိကျတိုက်စစ်မှူ းဆိုတာပြသပြီး အဖွင့်ဂိုးသွင်းယူခဲ့ကာ ဒီရာသီပရီးမီးယားလိဂ်မှာ ၁၀ ဂိုးမြောက်ကိုရယူခဲ့ပါတယ်။ ဒါ့အပြင် လမ်းပတ်ဟာ ပဲလေ့စ်က အန္တရာယ်အပေးနိုင်ဆုံးသူဖြစ်တဲ့ ဇာဟာ ကိုထိန်းဖို့အတွက် ဝါရင့် အက်စ်ပီလီကူတာရဲ့နေရာမှာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရီချီဂျိမ်းစ်ကို ရွေးခဲ့တာကလည်း မှန်ကန်ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ဇာဟာကို မလှုပ်နိုင်အောင်ထိန်းချုပ်နိုင်ခဲ့လို့ လမ်းပတ်ရဲ့နည်းစနစ်ပိုင်းဆုံးဖြတ်ချက် ပြောင်မြောက်ခဲ့တာကို တွေ့မြင်စေခဲ့တယ်။

Photo- Internet

အာဆင်နယ်ကိုခြောက်လှန့်နေဆဲဖြစ်တဲ့ ဗာဒီ

၂၀၁၆ မှာလက်စတာအသင်း ချန်ပီယံဖြစ်ပြီးနောက် တိုက်စစ်မှူ း ဗာဒီကို အာဆင်နယ်ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒီဖြစ်ရပ်ဟာ အရင်နည်းပြ ဝင်းဂါးကိုခြောက်လှန့်နေခဲ့သလို လက်ရှိနည်းပြ အမ်မရီကိုလည်း ဖိအားတွေတိုးစေခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ မနေ့ညက အာဆင်နယ်ကို ၂-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာအဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ အာဆင်နယ်နဲ့သူရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၉ ဂိုးမြောက်ဖြစ်ခဲ့တာပါ။ အမ်မရီရဲ့ပရီးမီးယားလိဂ်ပွဲ ၅၀ ပြည့်မှာ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်ဖြစ်ခဲ့သလို ဒီရှုံးပွဲကြောင့် ထုတ်ပယ်ခံရဖို့ ဖိအားတွေလည်းတိုးပွားလာခဲ့ပါတယ်။ လက်စတာအတွက် ဂျိမ်းစ်မက်ဒီဆန်က နောက်တစ်ဂိုးသွင်းပေးပြီးနောက် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ပထမဆုံးအကြိမ် အိမ်ကွင်း ၃ ပွဲဆက်နိုင်တဲ့မှတ်တမ်းကို သေချာသွားစေခဲ့ပါတယ်။

Photo- Internet

Zawgyi

သတိရ တမ္းတေနရေတာ႔မယ္႔ စေနညမွတ္တမ္းမ်ား

မေန႔ညက ကစားသြားတဲ႔ ဥေရာပတစ္၀ွမ္းက လိဂ္ေတြမွာ မွတ္တမ္းေကာင္းေတြအမ်ားႀကီးရွိခဲ့လို႔ ဥေရာပေဘာလုံးေလာက အတြက္စိတ္လႈပ္ရွားစရာ လိဂ္တစ္ခုျဖစ္တယ္လို႔ ဆိုၾကပါတယ္။ မက္ဆီရဲ႕ဆရာက်တဲ႔စြမ္းေဆာင္ရည္၊ ဂိုးသြင္းစြမ္းရည္ကိုထပ္မံျပသလိုက္တဲ႔ လီ၀န္ေဒါစကီး၊ ၆ ပြဲဆက္အႏိုင္နဲ႔ လမ္းပတ္ အစရွိတာေတြဟာ စေနညရဲ႕အသက္ေတြပါဘဲ။

တည္ကန္ေဘာေတြမွာ ဆရာက်ေနဆဲျဖစ္တဲ႔ မက္ဆီ

ဘာစီလိုနာ ၄-၁ ဆယ္တာဗီဂို ဆိုတဲ႔ရလဒ္ကိုၾကည့္ရင္ ဘာစီလိုနာလိုအသင္းအတြက္ အံအားသင့္စရာ မရွိေပမယ္႔ မက္ဆီရဲ႕ထူးျခားတဲ႔စြမ္းရည္ကိုေတြ႔လိုက္ရတဲ႔ပြဲျဖစ္ခဲ့ပါတယ္။ ဒီပြဲမွာသူဟာ ပင္နယ္တီကေန တစ္ဂိုး၊ ဖရီးကစ္နဲ႔ ၂ ဂိုးသြင္းၿပီး set- piece ေတြမွာဘယ္ေလာက္ ဆရာက်တဲ႔အေၾကာင္း ျပသြားႏိုင္ပါတယ္။ ဘာစီလိုနာအတြက္လည္း မက္ဆီကိုမွီခိုေနရဆဲ ဆိုတာျမင္လိုက္ရတာျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ႔ ဒီဟက္ထရစ္ေၾကာင့္ မက္ဆီဟာ လာလီဂါမွာ ဟက္ထရစ္အမ်ားဆုံးစံခ်ိန္တင္ထားတဲ႔ စီေရာ္နယ္ဒိုရဲ႕ ၃၄ ႀကိမ္မွတ္တမ္းကို လိုက္မီသြားတာပါဘဲ။ ဒိုေလးက လာလီဂါ ၂၈၈ ပြဲကစားၿပီး ဒီမွတ္တမ္းရခဲ့တာျဖစ္ေပမယ္႔ မက္ဆီကေတာ႔ ၄၅၉ ပြဲကစားခဲ့ရပါတယ္။

အထိုင္က်သြားပုံရတဲ႔ ဇီဒန္း

ဟာဇက္ ႀကံခိုင္မႈမျပည့္တာ၊ ကြင္းလယ္မွာ အခ်ိတ္အဆက္မမိတာ၊ တိုက္စစ္ေနရာမက်ခဲ့တာေတြဟာ ဒီရာသီပထမဆုံး ၂ လမွာ ရီးရဲလ္နဲ႔ဇီဒန္းကို ဒုကၡေပးခဲ့တဲ႔အခ်က္ေတြပါ။ ဒါေပမယ္႔ El Clasico ပြဲေရႊ႕ရမႈဟာ ရီးရဲလ္ကိုပိုမိုႀကံခိုင္လာေစၿပီး လီဂါနက္စ္ကို ၅ ဂိုး၊ ဂါလာတာစာေရးကို ၆ ဂိုးျပတ္ေတြနဲ႔ႏိုင္ခဲ့ၿပီး ဇီဒန္းလက္ထက္မွာ ရီးရဲလ္ဟာအထုိင္က်လာၿပီဆိုတာ ျပသခဲ့ပါတယ္။ အထူးသျဖင့္ ဘင္ဇီမာဟာ ဂိုးသြင္းတာ၀န္ကိုေက်ျပြန္စြာထမး္ေဆာင္ေနၿပီး မေန႔ညက အီဘာကို ၄-၀ နဲ႔ႏိုင္ခဲ့တဲ႔ပြဲမွာ ၂ ဂိုးသြင္းမႈနဲ႔အတူ ရီးရဲလ္ရဲ႕ လာလီဂါ ဂိုးသြင္းအမ်ားဆုံးသူစာရင္းမွာ ၁၅၇ ဂိုးနဲ႔ အဆင့္ ၆ ေရာက္လာခဲ့ပါတယ္။

ရပ္တန္႔လို႔မရေတာ႔တဲ႔ လီ၀န္ေဒါစကီး

ဂ်ာမန္ထိပ္သီးႏွစ္သင္းရဲ႕ ၁၀၁ ႀကိမ္ေျမာက္ေတြ႔ဆုံမႈမွာ ဘိုင္ယန္ျမဴ းနစ္က ေဒါ့မန္ကို ၄ ဂိုးျပတ္နဲ႔ႏိုင္ခဲ့တယ္။ ပြဲကိုအဆုံးအျဖစ္ျဖစ္ေစခဲ့သူက ထုံးစံအတိုင္း ဒီရာသီမွာေျခစြမ္းျပေနတဲ႔ တိုက္စစ္မွဴ း လီ၀န္ေဒါစကီးပါဘဲ။ သူဟာဒီပြဲမွာ ၂ ဂိုးသြင္းယူၿပီးေနာက္ ဒီရာသီမွာ ဘိုင္ယန္အတြက္ၿပိဳင္ပြဲအရပ္ရပ္ ၁၇ ပြဲကစားၿပီး ၂၁ ဂိုးသြင္းထားလို႔ အံအားသင့္စရာအေရအတြက္ျဖစ္ခဲ့တယ္။ ဒါ့အျပင္ ဘြန္ဒက္စ္လီဂါ ပထမဆုံး ၁၁ ပြဲမွာ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္တင္ထားတဲ႔ ဂတ္မူလာ ရဲ႕ ၅၁ ႏွစ္ၾကာစံခ်ိန္ကိုလည္းသူေက်ာ္ျဖတ္ခဲ့တယ္။ မူလာက ၁၅ ဂိုးသြင္းယူခဲ့တာကို လီ၀န္ေဒါစကီးက ၁၆ ဂိုးတဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္တယ္။ လက္ရွိမွာေတာ႔ ဒီပိုလန္သားဟာ ကမၻာ႔အေကာင္းဆုံး ေက်ာနံပါတ္ ၉ ဆိုတာျငင္းလို႔မရဘူး။

၆ ပြဲဆက္အႏိုင္နဲ႔ ခ်ဲလ္ဆီးအတြက္ Right One ျဖစ္တဲ႔ လမ္းပတ္

ေမာ္ရင္ဟိုတုန္းက Special One ျဖစ္ခဲ့တယ္လို႔ ဆိုခဲ့ရင္ လမ္းပတ္ကေတာ႔ ခ်ဲလ္ဆီးအတြက္ မွန္ကန္သင့္ေတာ္တဲ႔ေရြးခ်ယ္မႈ Right One ျဖစ္တယ္လို႔ ဆိုရမွာပါ။ ၿပီးခဲ့တဲ႔ ေႏြရာသီက ကစားသမားေခၚယူခြင့္ ပိတ္ပင္ခံရတဲ႔ျပစ္ဒဏ္ဟာ လမ္းပတ္ကို ခ်ဲလ္ဆီးနည္းျပျဖစ္လာေစခဲ့သလို အသင္းရဲ႕လူငယ္ေတြ ပိုမိုထင္ေပၚဖို႔လည္း လမ္းစျဖစ္ခဲ့တာပါ။ သူဟာအသင္းအတြက္ Right One ျဖစ္တယ္ဆိုတာကို ပရီးမီးယားလိဂ္မွာ ၆ ပြဲဆက္ႏိုင္ၿပီး ၂၀၁၆-၁၇ ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ ၆ ပြဲဆက္အႏိုင္ရတယ္ဆိုတဲ႔ မွတ္တမ္းေကာင္းကို လမ္းပတ္ကရယူေပးခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ မေန႔ညက ခရစၥတယ္ပဲေလ႔စ္ကို ၂-၀ နဲ႔ႏိုင္ခဲ့ပါတယ္။ အရင္ပြဲေတြကေတာ႔ ၀က္ဖို႔ဒ္ ၁-၂ ၊ ဘန္ေလ ၂-၄၊ ၁-၀ နယူးကာဆယ္၊ ေဆာက္သမ္တန္ ၁-၄ ၊ ၂-၀ ဘရိုက္တန္တို႔ဘဲျဖစ္ပါတယ္။ ဒီမွတ္တမ္းအျပင္ အသက္ ၂၂ ႏွစ္သာရွိေသးတဲ႔ ေအဘရာဟမ္ ဟာခ်ဲလ္ဆီးရဲ႕အဓိက်တိုက္စစ္မွဴ းဆိုတာျပသၿပီး အဖြင့္ဂိုးသြင္းယူခဲ့ကာ ဒီရာသီပရီးမီးယားလိဂ္မွာ ၁၀ ဂိုးေျမာက္ကိုရယူခဲ့ပါတယ္။ ဒါ့အျပင္ လမ္းပတ္ဟာ ပဲေလ႔စ္က အႏၱရာယ္အေပးႏိုင္ဆုံးသူျဖစ္တဲ႔ ဇာဟာ ကိုထိန္းဖို႔အတြက္ ၀ါရင့္ အက္စ္ပီလီကူတာရဲ႕ေနရာမွာ အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ရီခ်ီဂိ်မ္းစ္ကို ေရြးခဲ့တာကလည္း မွန္ကန္ခဲ့ပါတယ္။ ဂ်ိမ္း္စ္ဟာ ဇာဟာကို မလႈပ္ႏိုင္ေအာင္ထိန္းခ်ဳပ္ႏိုင္ခဲ့လို႔ လမ္းပတ္ရဲ႕နည္းစနစ္ပိုင္းဆုံးျဖတ္ခ်က္ ေျပာင္ေျမာက္ခဲ့တာကို ေတြ႔ျမင္ေစခဲ့တယ္။

အာဆင္နယ္ကိုေျခာက္လွန္႔ေနဆဲျဖစ္တဲ႔ ဗာဒီ

၂၀၁၆ မွာလက္စတာအသင္း ခ်န္ပီယံျဖစ္ၿပီးေနာက္ တိုက္စစ္မွဴ း ဗာဒီကို အာဆင္နယ္ေခၚယူဖို႔ႀကိဳးစားခဲ့ေပမယ္႔ မရခဲ့ပါဘူး။ ဒီျဖစ္ရပ္ဟာ အရင္နည္းျပ ၀င္းဂါးကိုေျခာက္လွန္႔ေနခဲ့သလို လက္ရွိနည္းျပ အမ္မရီကိုလည္း ဖိအားေတြတိုးေစခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ႔ ဗာဒီဟာ မေန႔ညက အာဆင္နယ္ကို ၂-၀ နဲ႔ႏိုင္ခဲ့တဲ႔ပြဲမွာအဖြင့္ဂိုးသြင္းယူခဲ့ပါတယ္။ ဒီဂိုးဟာ အာဆင္နယ္နဲ႔သူရင္ဆိုင္ခဲ့တဲ႔ ပရီးမီးယားလိဂ္ ၉ ပြဲမွာ ၉ ဂိုးေျမာက္ျဖစ္ခဲ့တာပါ။ အမ္မရီရဲ႕ပရီးမီးယားလိဂ္ပြဲ ၅၀ ျပည့္မွာ စိတ္ပ်က္စရာေကာင္းတဲ႔ ရလဒ္ျဖစ္ခဲ့သလို ဒီရႈံးပြဲေၾကာင့္ ထုတ္ပယ္ခံရဖို႔ ဖိအားေတြလည္းတိုးပြားလာခဲ့ပါတယ္။ လက္စတာအတြက္ ဂ်ိမ္းစ္မက္ဒီဆန္က ေနာက္တစ္ဂိုးသြင္းေပးၿပီးေနာက္ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ကို ပထမဆုံးအႀကိမ္ အိမ္ကြင္း ၃ ပြဲဆက္ႏိုင္တဲ႔မွတ္တမ္းကို ေသခ်ာသြားေစခဲ့ပါတယ္။