ဝုဒ်ဝက် OUT ဆိုတဲ့ အသံတွေထက် ရစ်ချက် OUT ဆိုတဲ့ အသံတွေ ပိုကျယ်လာနိုင်လား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိ ယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက် ဟာ မကြာမီအချိန်အတွင်းမှာ ယူနိုက်တက်ကနေထွက်ခွာတော့မယ်လို့သိရပါတယ်။

တရားဝင်ကြေညာမှုကိုတော့ လာမယ့်လအစောပိုင်း ဒါမှမဟုတ် အခုနှစ်မကုန်ခင်အချိန်မှာကြေညာသွားဖွယ်ရှိပါတယ်။

ဝုဒ်ဝက်ရဲ့နေရာကို လက်ဆင့်ကမ်းဆက်ခံမယ့်ပုဂ္ဂိုလ်ကတော့ လက်ရှိယူနိုက်တက်ကိုစပွန်ဆာကောင်းကောင်းရှာပေးနေတဲ့ စီးပွားရေးဒါရိုက်တာ ရစ်ချက်အာနိုး ပဲ ဖြစ်ပါတယ်။

ဝုဒ်ဝက်နဲ့ ဂလေဇာ မိသားစုဟာ ယူနိုက်တက် အသင်းကို တိုးတက်အောင်မလုပ်ပေးနိုင်လို့ ဆိုပြီး သရဲနီပရိသတ်တွေရဲ့ ဆန္ဒပြတာကိုခံရပြီးနောက် ဝုဒ်ဝက်က နောက်ဆုံးမှာ တင်းခံလို့ မရဘဲ နှုတ်ထွက်စာတင်ခဲ့တာပါ။

တစ်ခါတလေ ကျားထက် ဆင်က ပိုဆိုးနေနိုင်ပါတယ်။

ရစ်ချက်အာနိုးဟာ ၂၀၀၇၊ ၂၀၀၈ ရာသီ ရှေ့ပိုင်းကတည်းက အသင်းနဲ့ ချိတ်ဆက်ခဲ့တာဖြစ်ပြီး၊ အသင်းနဲ့ ဂလေဇာ မိသားစုရဲ့ ငွေကြေးဆိုင်ရာ အမြစ်ကြီးလို့လည်းဆိုနိုင်ပါတယ်။

အားကစားနဲ့ ဆိုင်တဲ့ စီးပွားရေးလောကမှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ ရစ်ချက်အာနိုးဟာ မျက်စိထဲမှာတော့ ဈေးတွက်တွက်ရေးကိုသာ အာရုံစိုက်ပါတယ်။

ခက်တာက ဘောလုံးအသင်းအတွက် နေရာတကာ စီးပွားရေးမျက်စိနဲ့ကြည့်လို့ မရပါဘူး။

အသင်းရလဒ် အောင်မြင်ရေးကို ပိုက်ဆံအိတ် ဖောင်းတာ၊ပိန်တာနဲ့ ချိန်ကိုက်နေရင် ဖလားဆွတ်ခူးရေးက နီးမလိုလိုနဲ့ ဝေးသွားနိုင်ပါတယ်။

အခုလက်ရှိမှာတော့ ဆိုးလ်ရှားနဲ့ ဝုဒ်ဝက်တို့ ခင်းထားတဲ့လမ်းက ပရိသတ်တွေ ကျေနပ်နေတဲ့ အနေအထားမှာရှိပါတယ်။

အနီရောင်မြေကနေ အောင်မြင်မှုတွေရခဲ့တဲ့ စီရော်နယ်ဒို ပြန်လာနိုင်ခဲ့သလို၊ မနှစ်ကတည်းက စောင့်ခဲ့ရတဲ့ ဆန်ချိုကိုလည်း ခေါ်နိုင်ခဲ့ကာ၊ ဗာရန်းကိုလည်း အားဖြည့်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေက အခုရာသီမှာ ယူနိုက်တက်ရဲ့ ခြေလှမ်းတွေကို အမျှော်လင့်ကြီး မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် အမောင်ရစ်ချက် ရောက်လာချိန် ပေတီးခေါက်မှုရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေက ကြည့်မကောင်းဘူးဆိုရင်တော့ သရဲနီ ပရိသတ်တွေက ထုံးစံအတိုင်း ဆိုင်းဘုတ်ကိုင်ဆန္ဒပြကြပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၀ုဒ္၀က္ OUT ဆိုတဲ့ အသံ​ေတြထက္ ရစ္ခ်က္ OUT ဆိုတဲ့ အသံ​ေတြ ပိုက်ယ္လာႏိုင္လား?

လက္ရွိ ယူႏိုက္တက္ရဲ႕ အမႈေဆာင္ခ်ဳပ္ အက္၀ုဒ္၀က္ ဟာ မၾကာမီအခ်ိန္အတြင္းမွာ ယူႏိုက္တက္ကေနထြက္ခြာေတာ့မယ္လို႔သိရပါတယ္။ တရားဝင္ေၾကညာမႈကိုေတာ့ လာမယ့္လအေစာပိုင္း ဒါမွမဟုတ္ အခုႏွစ္မကုန္ခင္အခ်ိန္မွာေၾကညာသြားဖြယ္ရွိပါတယ္။ ၀ုဒ္၀က္ရဲ႕ေနရာကို လက္ဆင့္ကမ္းဆက္ခံမယ့္ပုဂၢိဳလ္ကေတာ့ လက္ရွိယူႏိုက္တက္ကိုစပြန္ဆာေကာင္းေကာင္းရွာေပးေနတဲ့ စီးပြားေရးဒါ႐ိုက္တာ ရစ္ခ်က္အာႏိုး ပဲ ျဖစ္ပါတယ္။

၀ုဒ္၀က္နဲ႔ ဂ​​ေလဇာ မိသားစုဟာ ယူႏိုက္တက္ အသင္းကို တိုးတက္​ေအာင္မလုပ္​ေပးႏိုင္လို႔ ဆိုၿပီး သရဲနီပရိသတ္​ေတြရဲ႕ ဆႏၵျပတာကိုခံရၿပီး​ေနာက္ ဝုဒ္၀က္က ​ေနာက္ဆုံးမွာ တင္ခံလို႔ မရဘဲ ႏႈတ္ထြက္စာတင္ခဲ့တာပါ။ တစ္ခါတ​ေလ က်ားထက္ ဆင္က ပိုဆိုး​ေနႏိုင္ပါတယ္။ ရစ္ခ်က္အာႏိုးဟာ ၂၀၀၇၊ ၂၀၀၈ ရာသီ ​​ေရွ႕ပိုင္းကတည္းက အသင္းနဲ႔ ခ်ိတ္ဆက္ခဲ့တာျဖစ္ၿပီး၊ ​အသင္းနဲ႔ ဂ​ေလဇာ မိသားစုရဲ႕ ​ေငြ​ေၾကးဆိုင္ရာ အျမစ္ႀကီးလို႔လည္းဆိုႏိုင္ပါတယ္။

အားကစားနဲ႔ ဆိုင္တဲ့ စီးပြား​ေရး​ေလာကမွာ ဆရာႀကီးတစ္ဆူျဖစ္တဲ့ ရစ္ခ်က္အာႏိုးဟာ မ်က္စိထဲမွာ​ေတာ့ ​ေစ်းတြက္တြက္​ေရးကိုသာ အာ႐ုံစိုက္ပါတယ္။ ခက္တာက ​ေဘာလုံးအသင္းအတြက္ ​ေနရာတကာ စီးပြား​ေရးမ်က္စိနဲ႔ၾကည့္လို႔ မရပါဘူး။ အသင္းရလဒ္ ​ေအာင္ျမင္​ေရးကို ပိုက္ဆံအိတ္ ​ေဖာင္းတာ၊ပိန္တာနဲ႔ ခ်ိန္ကိုက္​ေနရင္ ဖလားဆြတ္ခူး​ေရးက နီးမလိုလိုနဲ႔ ​ေ၀းသြားႏိုင္ပါတယ္။

အခုလက္ရွိမွာ​ေတာ့ ဆိုးလ္ရွားနဲ႔ ၀ုဒ္၀က္တို႔ ခင္းထားတဲ့လမ္းက ပရိသတ္​ေတြ ​ေက်နပ္​ေနတဲ့ အ​ေနအထားမွာရွိပါတယ္။ အနီ​ေရာင္​ေျမက​​ေန ​ေအာင္ျမင္မႈ​ေတြရခဲ့တဲ့ စီ​ေရာ္နယ္ဒို ျပန္လာႏိုင္ခဲ့သလို၊ မႏွစ္ကတည္းက ​ေစာင့္ခဲ့ရတဲ့ ဆန္ခ်ိဳကိုလည္း ​ေခၚႏိုင္ခဲ့ကာ၊ ဗာရန္းကိုလည္း အားျဖည့္ႏိုင္ခဲ့ပါတယ္။ ဒါ​ေၾကာင့္ ပရိသတ္​ေတြက အခုရာသီမွာ ယူႏိုက္တက္ရဲ႕ ​ေျခလွမ္း​ေတြကို အ​ေမွ်ာ္လင့္ႀကီး ​​ေမွ်ာ္လင့္​ေနၾကပါတယ္။ ဒါ​ေပမယ့္ အ​ေမာင္ရစ္ခ်က္ ​ေရာက္လာခ်ိန္ ​ေပတီး​ေခါက္မႈရဲ႕ ​ေနာက္ဆက္တြဲ ဇာတ္လမ္း​ေတြက ၾကည့္မ​ေကာင္းဘူးဆိုရင္​ေတာ့ သရဲနီ ပရိသတ္​ေတြက ထုံးစံအတိုင္း ဆိုင္းဘုတ္ကိုင္ဆႏၵျပၾကပါလိမ့္မယ္။