လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့တဲ့ ဘာပေ ဒေါ့မွန်နဲ့ပွဲအတွက် စိုးရိမ်နေရ

Photo Credit

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘာပေဟာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို ထပ်မံလွဲချော်ခဲ့ရာ ဒေါ့မွန်နဲ့ကစားရမယ့်ချန်ပီယံလိဂ်အရေးကြီးပွဲမတိုင်ခင် လည်ချောင်းနာကျင်မှုဝေဒနာ ခံစားနေရပါတယ်။

Photo Credit

အသက် ၂၁ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ဘာပေဟာ နေမကောင်းတာကြောင့် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို လွဲချော်ခဲ့ရပြီး Goal သတင်းဌာနရဲ့ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-အကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit

ဘာပေဟာ လွန်ခဲ့တဲ့ ၃ပတ်က ဂျာမန်မြေမှာ ဒေါ့မွန်အသင်းကို ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တုန်းက မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပြီး နေမာ သွင်းယူခဲ့တဲ့အဖိုးတန်ချေပဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ကာ ဒေါ့မွန်အတွက် ဟာလန်းက တစ်ဦးတည်း၂ဂိုးစလုံးသွင်းယူခဲ့ပါတယ်။

Photo Credit

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ကြားရက်အတွင်း ရှုံးထွက်ဖလားမှာ လီယွန်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ဒေါ့မွန်နဲ့ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ်ရရှိထားပြီး စနေနေ့မှာ စထရာဘော့နဲ့ကစားဖို့ စီစဉ်ထားမှုက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

Photo Credit

ပီအက်စ်ဂျီနည်းပြ တူချယ်အတွက် ဘာပေကလွဲပြီး ကျန်ကစားသမားတွေ ဒဏ်ရာကင်းစင်နေပြီး တနင်္လာနေ့က ပုဂ္ဂိုလ်ရေးကိစ္စကြောင့် လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီလည်း ယနေ့ပြုလုပ်တဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အသင်းဖော်တွေနဲ့အတူ ပြန်လည်ပါဝင်ခဲ့ပါတယ်။

Photo Credit

အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားကလည်း ဖေဖော်ဝါရီလ ၂၃ရက်နေ့က ဘော်ဒိုးအသင်းကို ၄-၃ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် အခုတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဒေါ့မွန်နဲ့ပွဲပြီးရင် တနင်္ဂနွေနေ့မှာ နိုက်စ်အသင်းနဲ့ အိမ်ကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ေလ့က်င့္ခန္းမဆင္းႏိုင္ခဲ့တဲ့ ဘာေပ ေဒါ့မြန္နဲ႔ပဲြအတြက္ စုိးရိမ္ေနရ

ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴး ဘာေပဟာ အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြကို ထပ္မံလဲြေခ်ာ္ခဲ့ရာ ေဒါ့မြန္နဲ႔ကစားရမယ့္ခ်န္ပီယံလိဂ္အေရးႀကီးပြဲမတိုင္ခင္ လည္ေခ်ာင္းနာက်င္မႈေ၀ဒနာ ခံစားေနရပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္ရွိ ျပင္သစ္လက္ေရြးစင္ ဘာေပဟာ ေနမေကာင္းတာေၾကာင့္ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြကို လြဲေခ်ာ္ခဲ့ရၿပီး Goal သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဗုဒၶဟူးေန႔မွာ ကစားရမယ့္ ေဒါ့မြန္နဲ႔ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ဒု-အေက်ာ့ပြဲစဥ္မွာ ပါ၀င္ႏိုင္ဖို႔ မေသမခ်ာျဖစ္ေနတယ္လုိ႔ သိရပါတယ္။
ဘာေပဟာ လြန္ခဲ့တဲ့ ၃ပတ္က ဂ်ာမန္ေျမမွာ ေဒါ့မြန္အသင္းကို ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တုန္းက မိနစ္ ၉၀ ျပည့္ပါ၀င္ကစားခဲ့ၿပီး ေနမာ သြင္းယူခဲ့တဲ့အဖိုးတန္ေခ်ပဂိုးအတြက္ ဖန္တီးေပးႏုိင္ခဲ့ကာ ေဒါ့မြန္အတြက္ ဟာလန္းက တစ္ဦးတည္း၂ဂိုးစလုံးသြင္းယူခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ ၿပီးခဲ့တဲ့ၾကားရက္အတြင္း ႐ံႈးထြက္ဖလားမွာ လီယြန္ကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ေဒါ့မြန္နဲ႔ပဲြအတြက္ ျပင္ဆင္ခ်ိန္ တစ္ပတ္ရရွိထားၿပီး စေနေန႔မွာ စထရာေဘာ့နဲ႔ကစားဖုိ႔ စီစဥ္ထားမႈက ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေရႊ႕ဆုိင္းခဲ့ရပါတယ္။
ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္အတြက္ ဘာေပကလြဲၿပီး က်န္ကစားသမားေတြ ဒဏ္ရာကင္းစင္ေနၿပီး တနလၤာေန႔က ပုဂၢိဳလ္ေရးကိစၥေၾကာင့္ ေလ့က်င့္ခန္းမဆင္းႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး ကာဗာနီလည္း ယေန႔ျပဳလုပ္တဲ့ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အသင္းေဖာ္ေတြနဲ႔အတူ ျပန္လည္ပါ၀င္ခဲ့ပါတယ္။
အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗားကလည္း ေဖေဖာ္၀ါရီလ ၂၃ရက္ေန႔က ေဘာ္ဒိုးအသင္းကို ၄-၃ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူခဲ့ရေပမယ့္ အခုေတာ့ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းႏုိင္ၿပီျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ ေဒါ့မြန္နဲ႔ပြဲၿပီးရင္ တနဂၤေႏြေန႔မွာ ႏိုက္စ္အသင္းနဲ႔ အိမ္ကြင္းပြဲကစားရမွာျဖစ္ပါတယ္။