လော်ရိုး ခန့်မှန်းလိုက်တဲ့ မန်ချက်စတာဒါဘီ နဲ့ အခြား ပွဲစဉ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ထိပ်တိုက် တွေ့ဆုံနေပြီး မန်ချက်စတာ ဒါဘီပွဲဟာ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

-ယူနိုက်တက် Vs မန်စီးတီး

စနေနေ့၊ ည ၇ နာရီမှာ ကစားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် စပါးအသင်းကို အနိုင်ခဲ့တာက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲကို တကယ်ကြည့်တယ်ဆိုရင် စပါးက မျှော်လင့်ချက်မဲ့နေတာကို ခင်ဗျားတို့လည်း တွေ့ကြမှာပါ။

ကြားရက်က အတ္တလန်တာကို ၂-၂ သရေကျတဲ့ ပွဲကတော့ အိုလီရဲ့ ဘက်တော်သားတွေရဲ့ ခြေစွမ်းက အသင်း တစ်သင်း အဖြစ်နဲ့ ပိုကောင်းလာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ကြီး ၃ ကြီးလို့ ကျွန်တော် သတ်မှတ်ထားတဲ့ ရော်နယ်ဒို၊ ကာဗာနီနဲ့ ဖာနန်ဒက်စ်တို့ ပါဝင်ခဲ့တယ်။

သူတို့က ချန်ပီယံလိဂ်မှာလည်း ဂိုးတွေ သွင်းနိုင်ခဲ့တယ်။

ဒါပေမယ့်လို့ အီတလီမှာ သူတို့က ဆိုးရွားတဲ့ ဂိုးတွေလည်း ပေးခဲ့ရပြီး မန်စီးတီးကို ဂိုး မပေးရအောင် ကြိုးစားနိုင်မယ်လို့ မထင်ပါဘူး။

လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၁- ၂ မန်စီးတီးဖြစ်ပါတယ်။

-ချယ်ဆီး Vs ဘန်လေ

စနေနေ့၊ ည ၉း၃ဝ နာရီမှာ ကစားမယ့် ပွဲပါ။

နယူးကာဆယ်ကို ရင်ဆိုင်ကစားတုန်းက ချယ်ဆီးက အချိန်အနည်းငယ် ယူခဲ့ရတယ်။

ဒါပေမယ့်လို့ ပွဲကို လွှမ်းမိုးမှုနဲ့ အဆုံးသတ်ခဲ့တယ်။

ဒီပွဲကလည်း တူညီတဲ့ နည်းလမ်းအတိုင်းပဲဖြစ်လာပြီး ချယ်ဆီးက ဘန်လေကို လွှမ်းမိုးနိုင်ပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၀ ဘန်လေ ဖြစ်ပါတယ်။

-အဲဗာတန် Vs စပါး

တနင်္ဂနွေနေ့၊ ည ၈း၃ဝ နာရီမှာ ကစားမယ့်ပွဲပါ။

စပါးကစားသမားတွေက သူတို့ နည်းပြ သစ်အထင်ကြီးမှုရအောင် ကြိုးစားပြကြမှာပါ။

နည်းပြ အနေနဲ့ ကတော့ကိန်းနဲ့ ဆွန်အတွဲကို သူ အကောင်းဆုံး ရှာဖွေနိုင်မလား ကြည့်ရမှာပါ။

လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ အဲဗာတန် ၁-၂ စပါး ဖြစ်ပါတယ်။

-ဝက်စ်ဟမ်း Vs လီဗာပူး

တနင်္ဂနွေနေ့၊ ည ၁၁ နာရီမှာ ကစားမယ့်ပွဲပါ။

လီဗာပူးက ဝက်စ်ဟမ်းကို အနိုင်ရဖို့ ကြိုးစားမှာဖြစ်ပြီး အက်သလက်တီကိုပွဲမှာ သူတို့ အထင်ကြီးဖို့ ကောင်းခဲ့ပါတယ်။

အန်တိုနီယိုနဲ့ ဝက်စ်ဟမ်းအသင်းကို ထိန်းဖို့ဆိုရင် ဗန်ဒိုက်နဲ့ မာတစ် အတွဲက ကလော့ပ်အတွက် အဖြေပဲ ဖြစ်ပါလိမ့်မယ်။

လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ ဝက်စ်ဟမ်း ၁-၂ လီဗာပူး ဖြစ်ပါတယ်။

အခြားပွဲစဉ်များအတွက် လော်ရိုး ရဲ့ ခန့်မှန်းရလဒ်များကတော့

Arsenal 2-0 Watford

Southampton 2-0 Aston Villa

Brentford 2-0 Norwich

Crystal Palace 2-1 Wolves

Brighton 2-0 Newcastle

Leeds 1-2 Leicester တို့ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi







-ချယ်ဆီး Vs ဘန်လေ


-အဲဗာတန် Vs စပါး


-ဝက်စ်ဟမ်း Vs လီဗာပူး



Arsenal 2-0 Watford


Brentford 2-0 Norwich


Brighton 2-0 Newcastle
