လီဗာပူးနဲ့ ရှရှုဘူရီပွဲစဉ်က သတိပြုမိတဲ့အချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လီဗာပူးဟာ မနေ့ညက လိဂ်ဝမ်းကလပ် ရှရူဘူရီ အသင်းရဲ့ အိမ်ကွင်းမှာ အရှက်တကွဲ ဖြစ်ပြီး ပြိုင်ပွဲကနေ ထွက်ခွာရဖို့ အတော်နီးစပ် ခဲ့ပါတယ်။ ပွဲအစကတည်းက ကစားပုံ ကောင်းမွန် ခဲ့ခြင်း မရှိတဲ့ လီဗာပူး ဟာ အဲဒီနောက်ပိုင်း ချေပဂိုး ပြန်ရဖို့ ကြိုးစား လာခဲ့တဲ့ ရှရူဘူရီ အသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး အက်ဒရီယန် လက်စွမ်းပြ ခဲ့လို့သာ သရေ မကျ ခဲ့တာပါ။ ကလော့ဟာ ပြန်ကန်ပွဲ မကစားရဖို့ အတွက် ဆာလား ၊ ဖာမီနို တို့ကို ထည့်သွင်း ကစား ခဲ့ပေမယ့်လည်း နောက်ဆုံး မှာတော့ လီဗာပူးတို့ ပြန်ကန်ပွဲ နဲ့ပဲ ကျေနပ် ခဲ့ရပါတယ်။

photo internet

ကစားသမားသစ် မီနာမီနိုဟာ ဝုဖ်နဲ့ပွဲမှာ ပရီးမီးယားလိဂ် ပွဲဦးထွက်ကို ကစား ခဲ့ရပြီးနောက် လီဗာပူး အတွက် ဒုတိယမြောက် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ မီနာမီနိုဟာ ဝုဖ်နဲ့ပွဲမှာ သူ့ရဲ့ ခြေစွမ်းကို ကျေနပ်မှု မရှိဘူးလို့ ပြောခဲ့တဲ့ အတိုင်းပဲ ဒီပွဲမှာလည်း သူ့ရဲ့စွမ်းဆောင်ရည်ကိုသူ့အနေနဲ့ ကျေနပ်အုံးမှာ မဟုတ်ပါဘူး။ မီနာမီနိုဟာ ကွင်းလယ်ထိ ကစားကာ လိုက်လံချိတ်ဆက်ဖို့ ကြိုးစား ခဲ့သလို၊ ဂိုးရဖို့အတွက်လည်း ရုန်းကန်ခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးလောကမှာ မီနာမီနိုတစ်ယောက် အထိုင်ကျဖို့ အတွက် အချိန်တော့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။

photo internet

ဒဏ်ရာကနေ ပြန်လာခဲ့ကြတဲ့ မာတစ် လော့ဗရန် ဖာဘင်ညို တို့ဟာလည်း အခုပွဲမှာ အရှိန်မရကြသေးပါဘူး။ ဖာဘင်ညို ဟာ ပထမပိုင်းမှာ ကတည်းက ဘောလုံးအပျက်များ ခဲ့ပြီး ခံစစ်ကို ဖိအားတွေ များစေ ခဲ့သလို ပထမချေပဂိုးကလည်း ၎င်းရဲ့ ဘောလုံးပျက်မှု ကနေ စတင်သွားတာ ဖြစ်ပါတယ်။ မာတစ်ရဲ့ကစားပုံ ကလည်းသွက်လက်မနေခဲ့ပါဘူး။ လော့ဗရန်ကတော့ ပထမပိုင်း ကစားပုံမဆိုးခဲ့ပေမယ့် ဒုတိယပိုင်းမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။ တစ်ဖက်အသင်းရဲ့ ဒုတိယချေပဂိုးဟာ သူ့ရဲ့ ဘောလုံးချော်ကန်မှုကြောင့်ကနေ ရရှိသွားတာပါ။

photo internet

ပြိုင်ဘက် အသင်းကို လူကျွံဘော ဖမ်းကစားဖို့ အတွက် ကလော့ဟာ သူ့ရဲ့ခံစစ်ကြောင်းကို high line ကစား စေခဲ့ပေမယ့် မာတစ်နဲ့ လော့ဗရန် တို့ နားလည်မှု အားမကောင်းခဲ့သလို နေရာလွတ်တွေလည်းများခဲ့ပါတယ်။ တစ်ပွဲလုံး ခြုံကြည့်မယ် ဆိုရင် ရှရူဘူရီဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး နာမည်ကျော် အန်ဖီးကွင်းမှာ ပြန်ကန်ရမယ့်အနေအထားကိုဖန်တီးနိုင်ခဲ့ပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

လီဗာပူးနဲ႔ ရွရႈဘူရီပြဲစဥ္က သတိျပဳမိတဲ့အခ်က္မ်ား

လီဗာပူးဟာ မေန႔ညက လိဂ္ဝမ္းကလပ္ ရွ႐ူဘူရီ အသင္းရဲ႕ အိမ္ကြင္းမွာ အရွက္တကြဲ ျဖစ္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာရဖို႔ အေတာ္နီးစပ္ ခဲ့ပါတယ္။ ပြဲအစကတည္းက ကစားပုံ ေကာင္းမြန္ ခဲ့ျခင္း မရွိတဲ့ လီဗာပူး ဟာ အဲဒီေနာက္ပိုင္း ေခ်ပဂိုး ျပန္ရဖို႔ ႀကိဳးစား လာခဲ့တဲ့ ရွ႐ူဘူရီ အသင္းကို ခက္ခက္ခဲခဲ ရင္ဆိုင္ခဲ့ရၿပီး အက္ဒရီယန္ လက္စြမ္းျပ ခဲ့လို႔သာ သေရ မက် ခဲ့တာပါ။ ကေလာ့ဟာ ျပန္ကန္ပြဲ မကစားရဖို႔ အတြက္ ဆာလား ၊ ဖာမီႏို တို႔ကို ထည့္သြင္း ကစား ခဲ့ေပမယ့္လည္း ေနာက္ဆုံး မွာေတာ့ လီဗာပူးတို႔ ျပန္ကန္ပြဲ နဲ႔ပဲ ေက်နပ္ ခဲ့ရပါတယ္။

ကစားသမားသစ္ မီနာမီႏိုဟာ ၀ုဖ္နဲ႔ပြဲမွာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ကို ကစား ခဲ့ရၿပီးေနာက္ လီဗာပူး အတြက္ ဒုတိယေျမာက္ ပြဲထြက္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။ မီနာမီႏိုဟာ ၀ုဖ္နဲ႔ပြဲမွာ သူ႔ရဲ႕ ေျခစြမ္းကို ေက်နပ္မႈ မရွိဘူးလို႔ ေျပာခဲ့တဲ့ အတိုင္းပဲ ဒီပြဲမွာလည္း သူ႔ရဲ႕စြမ္းေဆာင္ရည္ကိုသူ႔အေနနဲ႔ ေက်နပ္အုံးမွာ မဟုတ္ပါဘူး။ မီနာမီႏိုဟာ ကြင္းလယ္ထိ ကစားကာ လိုက္လံခ်ိတ္ဆက္ဖို႔ ႀကိဳးစား ခဲ့သလို၊ ဂိုးရဖို႔အတြက္လည္း ရုန္းကန္ခဲ့ပါတယ္။ အဂၤလန္ ေဘာလုံးေလာကမွာ မီနာမီႏိုတစ္ေယာက္ အထိုင္က်ဖို႔ အတြက္ အခ်ိန္ေတာ့ လိုအပ္ေနအုံးမွာျဖစ္ပါတယ္။

ဒဏ္ရာကေန ျပန္လာခဲ့ၾကတဲ့ မာတစ္ ေလာ့ဗရန္ ဖာဘင္ညိဳ တို႔ဟာလည္း အခုပြဲမွာ အရွိန္မရၾကေသးပါဘူး။ ဖာဘင္ညိဳ ဟာ ပထမပိုင္းမွာ ကတည္းက ေဘာလုံးအပ်က္မ်ား ခဲ့ၿပီး ခံစစ္ကို ဖိအားေတြ မ်ားေစ ခဲ့သလို ပထမေခ်ပဂိုးကလည္း ၎ရဲ႕ ေဘာလုံးပ်က္မႈ ကေန စတင္သြားတာ ျဖစ္ပါတယ္။ မာတစ္ရဲ႕ကစားပုံ ကလည္းသြက္လက္မေနခဲ့ပါဘူး။ ေလာ့ဗရန္ကေတာ့ ပထမပုိင္း ကစားပုံမဆိုးခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အားနည္းခ်က္ေတြရိွခဲ့ပါတယ္။ တစ္ဖက္အသင္းရဲ႕ ဒုတိယေခ်ပဂိုးဟာ သူ႔ရဲ႕ ေဘာလုံးေခ်ာ္ကန္မႈေၾကာင့္ကေန ရရိွသြားတာပါ။

ၿပိဳင္ဘက္ အသင္းကို လူကြၽံေဘာ ဖမ္းကစားဖို႔ အတြက္ ကေလာ့ဟာ သူ႔ရဲ႕ခံစစ္ေၾကာင္းကို high line ကစား ေစခဲ့ေပမယ့္ မာတစ္နဲ႔ ေလာ့ဗရန္ တို႔ နားလည္မႈ အားမေကာင္းခဲ့သလို ေနရာလြတ္ေတြလည္းမ်ားခဲ့ပါတယ္။ တစ္ပြဲလုံး ၿခံဳၾကည့္မယ္ ဆိုရင္ ရွ႐ူဘူရီဟာ ပိုေကာင္းတဲ့ အသင္း ျဖစ္ခဲ့ၿပီး နာမည္ေက်ာ္ အန္ဖီးကြင္းမွာ ျပန္ကန္ရမယ့္အေနအထားကိုဖန္တီးႏိုင္ခဲ့ပါတယ္။